Sunday, December 16, 2018

လက္ရွိ မူဆယ္နယ္စပ္မွ တင္ပို႔ေနသည့္ ျမန္မာ့ကုန္စည္မ်ားအား တရုတ္အာဏာပိုင္မ်ားမွ တရားမ၀င္ ကုန္စည္အျဖစ္ သတ္မွတ္ဖမ္းဆီးေနမႈမ်ား ျဖစ္ေပၚေနသည္။ ဓာတ္ပံု- ၀တ္ရည္မြန္(AMIA)

ဒီဇင္ဘာ   ၅

၁၇ ႀကိမ္ေျခာက္ ျမန္မာ-တရုတ္ ကုန္သြယ္ေရး ကုန္စည္ျပပြဲႏွင့္ ၁၃ ႀကိမ္ေျမာက္ နယ္စပ္ကုန္သြယ္မႈ ပူးေပါင္း ညွိႏႈိင္းေရးေကာ္မတီ အစည္းအေ၀းကို ဒီဇင္ဘာလ ၁၂ ရက္မွ ၁၆ ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွ သတင္းရရွိသည္။

“ ႏွစ္ႏုိင္ငံ ကုန္သြယ္ေရးတိုးတက္ဖို႔ ကုန္စည္ျပပြဲေတြ လုပ္ဖို႔သလို ဒီကေန ေနာက္ထက္တစ္ဆင့္ ကုန္သြယ္ႏုိင္ ေရးလည္း ေဆာင္ရြက္ႏိုင္တာ ျဖစ္တယ္” ဟု ယင္း၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးရန္ႏုိင္ထြန္းက ေျပာ သည္။

အဆိုပါ ျပပြဲမ်ားကို ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ရွိ ဗဟိုစီးပြြားေရးဇုန္(မူဆယ္ မဂၤလာေစ်း)တြင္ က်င္းပမည္ သြားျဖစ္ၿပီး ျမန္မာ လုပ္ငန္းရွင္မ်ားအတြက္ ျပခန္းေပါင္း ၁၀၀ ခန္႔၊ တရုတ္ လုပ္ငန္းရွင္မ်ားအတြက္ ျပခန္း ၃၀၀ ေက်ာ္ တည္ေဆာက္ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံႏွင့္ တရုတ္ႏိုင္ငံတို႔အၾကား ခ်ဳပ္ဆိုခဲ့သည့္  နယ္စပ္ေဒသမ်ား စီးပြားေရးဆိုင္ရာ စီမံခန္႔ခြဲမႈ႕ႏွင့္ ပူးေပါင္း ေဆာင္ရြံက္ေရးဆိုင္ရာ သေဘာတူညီ စာခ်ဳပ္ကို ၁၉၉၇ ခုႏွစ္အရ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈ ပူးေပါင္းညွိႏႈိင္း ေရးေကာ္မတီ ေဆြးေႏြးပြဲကို ၂၀၀၁ ခုႏွစ္မွစ၍ တစ္လွည့္စီ က်င္းပခဲ့သည္။

ႏွစ္စဥ္ ကုန္သြယ္မႈတိုးတက္လာေစရန္ ႏွစ္ႏုိင္ငံကုန္စည္ျပပြဲ က်င္းပၿပီးပါက ကုန္စည္ျပပြဲသို႔ တက္ေရာက္လာ သည့္  ႏွစ္ဖက္ႏုိင္ငံမွ ထိပ္တန္းအရာရွိႀကီးမ်ားသည္  ကုန္သြယ္မႈႏွင့္ပတ္သက္ကာ ညွိႏႈိင္းအစည္းအေဝး က်င္း ပျခင္း၊ ကုန္သြယ္မႈ ပုိမုိဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ႏွစ္ဖက္ကုိယ္စားလွယ္မ်ားႏွင့္ ကုန္သြယ္မႈဆုိင္ရာ ကိစၥရပ္ မ်ားကုိ နည္းလမ္းေကာင္းမ်ားစြာျဖင့္ ပူးေပါင္းညွိႏႈိင္းေဆာင္ရြက္ေနေၾကာင္း ၎က ဆက္လက္ဆိုသည္။

လယ္ယာစိုက္ပ်ိဳးေရးက႑၊ ေရထြက္ပစၥည္းက႑၊ ရင္းႏွီးျမွဳပ္ႏွံမႈက႑၊ နယ္စပ္ျဖတ္ေက်ာ္လုပ္ငန္း မ်ား၊ ကုန္စည္ပူးေပါင္းစစ္ေဆးမႈမ်ား၊ ဘဏ္လုပ္ငန္းမ်ား စသည္က႑မ်ားကို ပိုမိုတိုးတက္ ကုန္ သြယ္မႈ ျပဳလုပ္ႏုိင္ရန္ ညွိႏိႈင္းေဆြးေႏြးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

လက္ရွိ ျမန္မာ- တရုတ္ နယ္စပ္ကုန္သြယ္မႈမ်ားတြင္ မူဆယ္၊ ခ်င္းေရႊေဟာ္၊ လြယ္ဂ်ယ္ႏွင့္ ကန္ပိုက္တီ နယ္စပ္စခန္းမ်ားမွ ကုန္သြယ္မႈျပဳလုပ္လ်က္ ရွိသည္။

 

Unicode

ဒီဇင်ဘာ ၅


၁၇ ကြိမ်ခြောက် မြန်မာ-တရုတ် ကုန်သွယ်ရေး ကုန်စည်ပြပွဲနှင့် ၁၃ ကြိမ်မြောက် နယ်စပ်ကုန်သွယ်မှု ပူးပေါင်း ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ဒီဇင်ဘာလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။


“ နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးတက်ဖို့ ကုန်စည်ပြပွဲတွေ လုပ်ဖို့သလို ဒီကနေ နောက်ထက်တစ်ဆင့် ကုန်သွယ်နိုင် ရေးလည်း ဆောင်ရွက်နိုင်တာ ဖြစ်တယ်” ဟု ယင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောသည်။


အဆိုပါ ပြပွဲများကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ရှိ ဗဟိုစီးပွွားရေးဇုန်(မူဆယ် မင်္ဂလာစျေး)တွင် ကျင်းပမည် သွားဖြစ်ပြီး မြန်မာ လုပ်ငန်းရှင်များအတွက် ပြခန်းပေါင်း ၁၀၀ ခန့်၊ တရုတ် လုပ်ငန်းရှင်များအတွက် ပြခန်း ၃၀၀ ကျော် တည်ဆောက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ချုပ်ဆိုခဲ့သည့် နယ်စပ်ဒေသများ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု့နှင့် ပူးပေါင်း ဆောင်ရွံက်ရေးဆိုင်ရာ သဘောတူညီ စာချုပ်ကို ၁၉၉၇ ခုနှစ်အရ နှစ်နိုင်ငံ ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်း ရေးကော်မတီ ဆွေးနွေးပွဲကို ၂၀၀၁ ခုနှစ်မှစ၍ တစ်လှည့်စီ ကျင်းပခဲ့သည်။


နှစ်စဉ် ကုန်သွယ်မှုတိုးတက်လာစေရန် နှစ်နိုင်ငံကုန်စည်ပြပွဲ aကျင်းပပြီးပါက ကုန်စည်ပြပွဲသို့ တက်ရောက်လာ သည့် နှစ်ဖက်နိုင်ငံမှ ထိပ်တန်းအရာရှိကြီးများသည် ကုန်သွယ်မှုနှင့်ပတ်သက်ကာ ညှိနှိုင်းအစည်းအဝေး ကျင်း ပခြင်း၊ ကုန်သွယ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဖက်ကိုယ်စားလှယ်များနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ် များကို နည်းလမ်းကောင်းများစွာဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ဆိုသည်။


လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ရေထွက်ပစ္စည်းကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ နယ်စပ်ဖြတ်ကျော်လုပ်ငန်း များ၊ ကုန်စည်ပူးပေါင်းစစ်ဆေးမှုများ၊ ဘဏ်လုပ်ငန်းများ စသည်ကဏ္ဍများကို ပိုမိုတိုးတက် ကုန် သွယ်မှု ပြုလုပ်နိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။


လက်ရှိ မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်မှုများတွင် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နှင့် ကန်ပိုက်တီ နယ်စပ်စခန်းများမှ ကုန်သွယ်မှုပြုလုပ်လျက် ရှိသည်။

Leave a comment