Sunday, December 16, 2018

ျပည္ပေစ်းကြက္တြင္ ပဲမ်ိဳးစံု ပွ်မ္းမွ် တစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၄၀၀ မွ ၅၀၀ ၾကား သာေစ်းရရွိေနသည္။ ဓာတ္ပံု- AMIA

ဒီဇင္ဘာ   ၅

၂၀၁၈-၁၉ ဘ႑ာႏွစ္ အစ (ေအာက္တိဘာလႏွင့္ ႏို၀င္ဘာလ) ႏွစ္လအတြင္း ျပည္ပသို႔ ပဲမ်ိဳးစံု တန္ခ်ိန္ ၁ဒသ မ၇ သိန္းခန္႔ တင္ပို႔မႈမွ ၀င္ေငြ အေမရိကန္ေဒၚလာ ၇၄ သန္းေက်ာ္ ရရွိထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္း ေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွ သတင္းရရွိသည္။

“ ျမန္မာ့ ပဲတင္ပို႔မႈရဲ႕ ၆၀ ရာခိုင္ႏႈန္းေက်ာ္ကို အိႏိၵယကို ပို႔တယ္။ တန္ခ်ိန္ ပိုတင္ပို႔ထားေပမယ့္ ေစ်းႏႈန္း က ေတာ့ ေလွ်ာ့နည္းရရွိထားတယ္” ဟု အဆိုပါ၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးရန္ႏုိင္ထြန္းက ေျပာသည္။

စုစုေပါင္း ကုန္သြယ္မႈမ်ားထဲတြင္ ပင္လယ္ေရေၾကာင္းမွ တန္ခ်ိန္ ၁ဒသမ၅ သိန္းေက်ာ္၊ ၀င္ေငြ အေမရိကန္ ေဒၚလာ ၆၄ သန္းေက်ာ္၊ နယ္စပ္လမ္းေၾကာင္းမ်ားမွ သုညဒသမ၁ သိန္းေက်ာ္၊ ၀င္ေငြ အေမရိကန္ေဒၚလာ ၉ သန္းေက်ာ္ တင္ပို႔ထားၿပီး ၂၀၁၇-၁၈ ဘ႑ာႏွစ္ႏွင့္ ႏိႈင္းယဥ္ပါက တန္ခ်ိန္ တစ္သိန္းေက်ာ္၊ ၀င္ေငြ အေမရိ ကန္ေဒၚလာ ၃၉ သန္းေက်ာ္ ပိုမိုရရွိထားေၾကာင္း သိရသည္။

အဆိုပါ ႏွစ္လအတြင္း ျပည္ပသို႔ မတ္ပဲ တန္ခ်ိန္ တစ္သိန္းေက်ာ္ တင္ပို႔မႈမွ ၀င္ေငြ အေမရိကန္ေဒၚလာ ၅၄ သန္းခန္႔၊ ပဲတီးစိမ္း တန္ခ်ိန္ တစ္ေသာင္းေက်ာ္၊ ၀င္ေငြ အေမရိကန္ေဒၚလာ ၉ သန္းေက်ာ္ ရရွိထားၿပီး ယခင္ႏွစ္ ကာလတူထက္ တန္ခ်ိန္ ၅,၀၀၀ ေက်ာ္၊ ၀င္ေငြ အေမရိကန္ေဒၚလာ ၃ သန္းေက်ာ္ ပိုမိုတင္ပို႔ရရွိထားေၾကာင္း သိရသည္။

အလားတူ ႏွစ္လအတြင္း ျပည္ပသို႔ ပဲစင္းငံု တန္ခ်ိန္ ၄,၀၀၀ ေက်ာ္ တင္ပို႔မႈမွ ၀င္ေငြ အေမရိကန္ေဒၚလာ တစ္ သန္းေက်ာ္ ရရွိထားၿပီး ယခင္ႏွစ္ ကာလတူထက္ တန္ခ်ိန္ သံုးေထာင္ေက်ာ္၊ ၀င္ေငြ အေမရိကန္ေဒၚလာ တစ္ သန္းခန္႔ ေလွ်ာ့က်သြားေၾကာင္း သိရသည္။

အလားတူ ႏွစ္လအတြင္း ျပည္ပသို႔ ကုလားပဲ တန္ခ်ိန္ ၂,၀၀၀ ခန္႔ တင္ပို႔မႈမွ ၀င္ေငြ အေမရိကန္ေဒၚလာ တစ္ သန္းခန္႔ ရရွိထားၿပီး ယခင္ဘ႑ာႏွစ္ ကာလတူထက္ အေမရိကန္ေဒၚလာ သုညဒသမ၀၉သန္း ေက်ာ္ ပိုမိုရရွိ ထားေၾကာင္း သိရသည္။

ယခင္ႏွစ္က ပင္လယ္ေရေၾကာင္းမွ တင္ပို႔ေနသည့္ ျပည္ပေစ်းကြက္တြင္ ပဲမ်ိဳးစံု ပွ်မ္းမွ် တစ္တန္လွ်င္ အေမရိ ကန္ေဒၚလာ ၆၀၀ မွ ၇၀၀ ခန္႔ထိ ရရွိခဲ့ ေသာ္လည္း ယခုႏွစ္တြင္ ပဲမ်ိဳးစံု ပွ်မ္းမွ် တစ္တန္လွ်င္ အေမရိကန္ ေဒၚလာ ၄၀၀ မွ ၅၀၀ ၾကား သာေစ်းရရွိေနၿပီး  လက္ရွိ မူဆယ္ နယ္စပ္ေစ်းကြက္တြင္ ပဲတီစိမ္း တစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၆၀၀ ေက်ာ္အထိ ေစ်းရရွိေနေၾကာင္း သိရသည္။

၂၀၁၅-၁၆ ဘ႑ာႏွစ္တြင္ ျပည္ပသို႔ ျမန္မာ့ပဲမ်ိဳးစံု တန္ခိ်န္ ၁၂ သိန္းေက်ာ္ တင္ပို႔မႈမွ ၀င္ေငြ အေမရိကန္ေဒၚ လာ သန္း ၁,၂၀၀ ေက်ာ္၊ ၂၀၁၆-၁၇ ဘ႑ာႏွစ္တြင္ တန္ခ်ိန္ ၁၄ သိန္းေက်ာ္ တင္ပို႔မႈမွ ၀င္ေငြ အေမရိကန္ေဒၚလာ သန္း ၁,၃၀၀ ေက်ာ္၊ ၂၀၁၇-၁၈ ဘ႑ာႏွစ္တြင္ တန္ခ်ိန္ ၁၃ သိန္းေက်ာ္ တင္ပို႔မႈမွ ၀င္ေငြ အေမရိကန္ေဒၚလာသန္း ၈၇၇ သန္းေက်ာ္ ၊ ၂၀၁၈ ခုႏွစ္(ဧၿပီမွ စက္တင္ဘာလအထိ) တန္ခ်ိန္ ရွစ္သိန္းေက်ာ္ တင္ပို႔မႈမွ ၀င္ေငြ အေမရိကန္ေဒၚလာ သန္း ၄၀၀ နီးပါး ရရွိခဲ့သည္။

 

Unicode

ဒီဇင်ဘာ ၅


၂၀၁၈-၁၉ ဘဏ္ဍာနှစ် အစ (အောက်တိဘာလနှင့် နိုဝင်ဘာလ) နှစ်လအတွင်း ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၁ဒသ မရ သိန်းခန့် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ ရ၄ သန်းကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။


“ မြန်မာ့ ပဲတင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို အိန္ဒိယကို ပို့တယ်။ တန်ချိန် ပိုတင်ပို့ထားပေမယ့် စျေးနှုန်း က တော့ လျှော့နည်းရရှိထားတယ်” ဟု အဆိုပါ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောသည်။


စုစုပေါင်း ကုန်သွယ်မှုများထဲတွင် ပင်လယ်ရေကြောင်းမှ တန်ချိန် ၁ဒသမ၅ သိန်းကျော်၊ ၀င်ငွေ အမေရိကန် ဒေါ်လာ ၆၄ သန်းကျော်၊ နယ်စပ်လမ်းကြောင်းများမှ သုညဒသမ၁ သိန်းကျော်၊ ၀င်ငွေ အမေရိကန်ဒေါ်လာ ၉ သန်းကျော် တင်ပို့ထားပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်နှင့် နှိုင်းယဉ်ပါက တန်ချိန် တစ်သိန်းကျော်၊ ၀င်ငွေ အမေရိ ကန်ဒေါ်လာ ၃၉ သန်းကျော် ပိုမိုရရှိထားကြောင်း သိရသည်။


အဆိုပါ နှစ်လအတွင်း ပြည်ပသို့ မတ်ပဲ တန်ချိန် တစ်သိန်းကျော် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ ၅၄ သန်းခန့်၊ ပဲတီးစိမ်း တန်ချိန် တစ်သောင်းကျော်၊ ၀င်ငွေ အမေရိကန်ဒေါ်လာ ၉ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် တန်ချိန် ၅,၀၀၀ ကျော်၊ ၀င်ငွေ အမေရိကန်ဒေါ်လာ ၃ သန်းကျော် ပိုမိုတင်ပို့ရရှိထားကြောင်း သိရသည်။


အလားတူ နှစ်လအတွင်း ပြည်ပသို့ ပဲစင်းငုံ တန်ချိန် ၄,၀၀၀ ကျော် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ တစ် သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် တန်ချိန် သုံးထောင်ကျော်၊ ၀င်ငွေ အမေရိကန်ဒေါ်လာ တစ် သန်းခန့် လျှော့ကျသွားကြောင်း သိရသည်။


အလားတူ နှစ်လအတွင်း ပြည်ပသို့ ကုလားပဲ တန်ချိန် ၂,၀၀၀ ခန့် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ တစ် သန်းခန့် ရရှိထားပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သုညဒသမဝ၉သန်း ကျော် ပိုမိုရရှိ ထားကြောင်း သိရသည်။


ယခင်နှစ်က ပင်လယ်ရေကြောင်းမှ တင်ပို့နေသည့် ပြည်ပစျေးကွက်တွင် ပဲမျိုးစုံ ပျှမ်းမျှ တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၆၀၀ မှ ရ၀၀ ခန့်ထိ ရရှိခဲ့ သော်လည်း ယခုနှစ်တွင် ပဲမျိုးစုံ ပျှမ်းမျှ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၀၀ မှ ၅၀၀ ကြား သာစျေးရရှိနေပြီး လက်ရှိ မူဆယ် နယ်စပ်စျေးကွက်တွင် ပဲတီစိမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ ကျော်အထိ စျေးရရှိနေကြောင်း သိရသည်။


၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ မြန်မာ့ပဲမျိုးစုံ တန်ချိန် ၁၂ သိန်းကျော် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ် လာ သန်း ၁,၂၀၀ ကျော်၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၄ သိန်းကျော် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၁,၃၀၀ ကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃ သိန်းကျော် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာသန်း ၈၇၇ သန်းကျော် ၊ ၂၀၁၈ ခုနှစ်(ဧပြီမှ စက်တင်ဘာလအထိ) တန်ချိန် ရှစ်သိန်းကျော် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး ရရှိခဲ့သည်။

 

Leave a comment