Sunday, December 16, 2018

အဆိုပါ ေက်းရြာမ်ားတြင္ ခြာနာလွ်ာနာ ေရာဂါ ျဖစ္ပြားမႈ မ်ားေနသည့္အတြက္ ဦးစားေပး ထိုးႏွ့ံေပးျခင္း ျဖစ္သည္။ ဓာတ္ပံု- မွိဳင္းေ၀(AMIA)

မႏၱေလး၊  ဒီဇင္ဘာ  ၅

လာမည့္ ဒီဇင္​ဘာလ ပထမအပတ္မွ စတင္ကာ  မႏ​ၲ​ေလးတိုင္​း​ ေဒသႀကီးအတြင္​းရွိ ​ေက်း႐ြာ​ေပါင္​း ၈၀၀ ​ေက်ာ္​၌ ေမြးျမဴထားသည့္ ႏြားမ်ားအား ခြာနာလွ်ာနာ​ေရာဂါ ကာကြယ္​​ေဆးကုိ အခမဲ့ ထိုးႏွံေပးသြားမည္​ျဖစ္​​ေၾကာင္​း ​ေမြးျမဴေရးႏွင္​့ ကုသ​ေရးဦးစီးဌာန မႏၲ​ေလးတိုင္​း​ေဒသႀကီး တိုင္​းဦးစီးမွဴး ​ေဒါက္​တာ​ေမာင္​​ေမာင္​ထံမွ သတင္းရရွိ သည္​။ 

" အခမဲ့​ ေဆးထိုး​ေပးတာက​ို​ေတာ့ ႏိုင္​ငံတကာ တိရိစၦာန္​က်န္​းမာ​ေရး အဖြဲ႕အစည္​းက​ေန ​ေထာက္​ပံ့​ေပးထား တာပါ၊ ​ဒီဇင္​ဘာ ပထမပတ္​က​ေန စမယ္​။ ႐ြာ ၈၀၀ ​ေက်ာ္​က ရိွသမွ် ႏြားအကုန္​ ထိုး​ေပးမွာ။ ဒီ႐ြာ ၈၀၀ ​ေက်ာ္​မွာ ​ေရာဂါ အျဖစ္​မ်ားႏိုင္​တဲ့အတြက္​ ႐ြာ​ေတြကုိ ဦးစား​ေပးထိုး​ေပးတာပါ" ဟု ​ေဒါက္​တာ​ေမာင္​​ေမာင္​က ​ေျပာသည္​။ 

တိုင္​းေဒသႀကီးအတြင္​းရွိ ႐ြာ​ေပါင္​း ၈၀၀ ​ေက်ာ္​တြင္​ ရွိသည္​့ ႏြားမ်ားကို ခြာနာလွ်ာနာ​ေရာဂါ ကာကြယ္​​ေဆး အခမဲ့ ထိုး​ေပးျခင္​းကုိ ၿမိဳ႕နယ္​ဦးစီးမွဴးမ်ားမွ ကြင္းဆင္းေဆာင္ရြက္ေပးသြားမည္​ျဖစ္​​ေၾကာင္​း သိရသည္​။ 

မႏၲ​ေလးတိုင္​း​ေဒသႀကီးအတြင္​းရွိ ၿမိဳ႕နယ္​ ၁၃ ခုမွ ေက်း႐ြာ​ေပါင္​း ၈၃၇ ႐ြာမွ ႏြားမ်ားကုိ ခြာနာလွ်ာနာ​ ေရာဂါ ကာကြယ္​​ေဆးအခမဲ့ ထိုး​ေပးမည္​ျဖစ္​​ေသာ္​လည္​း၊ အျခားၿမိဳ႕နယ္​မ်ားႏွင့္ ေက်း႐ြာမ်ားရွိ ႏြားမ်ားအား ခြာနာလွ်ာ နာ​ေရာဂါကာ ကြယ္​​ေဆးထိုးလိုပါက ​ေဆးတန္​ဖိုး​ ေပး​ေဆာင္​ရမည္​ျဖစ္​​ေၾကာင္​း ေမြးျမဴေရးႏွင္​့ ကုသ​ေရးဦးစီး ဌာနက ဆိုသည္​။

ခြာနာလွ်ာနာ​ ေရာဂါကာကြယ္​​ေဆး အခမဲ့ထိုး​ေပးမည္​့​ေက်း႐ြာ ၈၃၇ ႐ြာမွာ ​ေတာင္​သာ၊ ဝမ္​းတြင္​း၊ ေပ်ာ္​ဘြယ္​၊ စဥ္​့ကုိင္​၊​ ေညာင္​ဦး၊ သာစည္​၊ မိတၴီလာ၊ ရမည္​းသင္​း၊​ ေက်ာက္​ဆည္​၊ မလိႈင္​၊ အမရပူရ၊ ငါန္​းဇြန္​ႏွင္​့ ႏြားထိုးႀကီး ၿမိဳ႕နယ္​မ်ားအတြင္းမွ ေက်း႐ြာမ်ားျဖစ္​​ေၾကာင္​း သိရသည္​။ 

​ၿမိဳ႕နယ္​ ၁၃ ၿမိဳ႕နယ္တြင္​ အခမဲ့ကာကြယ္​​ေဆးထိုး​ေပးျခင္​းကုိ ၂၀၂၀ ခုႏွစ္ထိ ေဆာင္ရြက္သြားမည္​ျဖစ္​​ၿပီး အဆိုပါ ကာကြယ္​​ေဆးမ်ားကုိ ကမၻာ့တိရိစၦာန္​ က်န္​းမာ​ေရးအဖြဲ႕မွ ​ေထာက္​ပ့ံ​ေပးထားျခင္းျဖစ္​ေၾကာင္​း သိရ သည္​။ 

"​ ျပည္​ပကုိ တင္​ပို႔တဲ့အခါက် ခြာနာ​လွ်ာနာ​ေရာဂါ ျဖစ္​ မျဖစ္​က အ​ေရးပါလာမယ္​။ ဒီ​ေရာဂါအ​ေၾကာင္​းကုိ လူ​ေတြ အသိရွိလာ​ေစဖို႔အတြက္​ အခုအျဖစ္​မ်ားတဲ့ ​ေက်း႐ြာ​ေတြမွာ  အခမဲ့ထိုး​ေပးတာ ျဖစ္​ပါတယ္​။ ​ေနာက္​ပိုင္​းဆိုရင္​​ေတာ့ ​ေတာင္​သူ​ေတြအ​ေနနဲ႔ အခ​ေၾကး​ေငြနဲ႔ မိမိႏြားကုိ ကာကြယ္​​ေဆး​ေတြ ထိုး​​ေပးရေတာ့မွာပါ "  ဟု ​ေဒါက္​တာ​ေမာင္​​ေမာင္​​ေျပာသည္​။ 

 

Unicode

မန္တလေး၊ ဒီဇင်ဘာ ၅


လာမည့် ဒီဇင်ဘာလ ပထမအပတ်မှ စတင်ကာ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၈၀၀ ကျော်၌ မွေးမြူထားသည့် နွားများအား ခွာနာလျှာနာရောဂါ ကာကွယ်ဆေးကို အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဒေါက်တာမောင်မောင်ထံမှ သတင်းရရှိ သည်။


" အခမဲ့ ဆေးထိုးပေးတာကိုတော့ နိုင်ငံတကာ တိရိစ္ဆာန်ကျန်းမာရေး အဖွဲ့အစည်းကနေ ထောက်ပံ့ပေးထား တာပါ၊ ဒီဇင်ဘာ ပထမပတ်ကနေ စမယ်။ ရွာ ၈၀၀ ကျော်က ရှိသမျှ နွားအကုန် ထိုးပေးမှာ။ ဒီရွာ ၈၀၀ ကျော်မှာ ရောဂါ အဖြစ်များနိုင်တဲ့အတွက် ရွာတွေကို ဦးစားပေးထိုးပေးတာပါ" ဟု ဒေါက်တာမောင်မောင်က ပြောသည်။


တိုင်းဒေသကြီးအတွင်းရှိ ရွာပေါင်း ၈၀၀ ကျော်တွင် ရှိသည့် နွားများကို ခွာနာလျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးပေးခြင်းကို မြို့နယ်ဦးစီးမှူးများမှ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ ခုမှ ကျေးရွာပေါင်း ၈၃၇ ရွာမှ နွားများကို ခွာနာလျှာနာ ရောဂါ ကာကွယ်ဆေးအခမဲ့ ထိုးပေးမည်ဖြစ်သော်လည်း၊ အခြားမြို့နယ်များနှင့် ကျေးရွာများရှိ နွားများအား ခွာနာလျှာ နာရောဂါကာ ကွယ်ဆေးထိုးလိုပါက ဆေးတန်ဖိုး ပေးဆောင်ရမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနက ဆိုသည်။


ခွာနာလျှာနာ ရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးမည့်ကျေးရွာ ၈၃၇ ရွာမှာ တောင်သာ၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ စဉ့်ကိုင်၊ ညောင်ဦး၊ သာစည်၊ မိတ္ထီလာ၊ ရမည်းသင်း၊ ကျောက်ဆည်၊ မလှိုင်၊ အမရပူရ၊ ငါန်းဇွန်နှင့် နွားထိုးကြီး မြို့နယ်များအတွင်းမှ ကျေးရွာများဖြစ်ကြောင်း သိရသည်။


မြို့နယ် ၁၃ မြို့နယ်တွင် အခမဲ့ကာကွယ်ဆေးထိုးပေးခြင်းကို ၂၀၂၀ ခုနှစ်ထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ ကာကွယ်ဆေးများကို ကမ္ဘာ့တိရိစ္ဆာန် ကျန်းမာရေးအဖွဲ့မှ ထောက်ပ့ံပေးထားခြင်းဖြစ်ကြောင်း သိရ သည်။


" ပြည်ပကို တင်ပို့တဲ့အခါကျ ခွာနာလျှာနာရောဂါ ဖြစ် မဖြစ်က အရေးပါလာမယ်။ ဒီရောဂါအကြောင်းကို လူတွေ အသိရှိလာစေဖို့အတွက် အခုအဖြစ်များတဲ့ ကျေးရွာတွေမှာ အခမဲ့ထိုးပေးတာ ဖြစ်ပါတယ်။ နောက်ပိုင်းဆိုရင်တော့ တောင်သူတွေအနေနဲ့ အခကြေးငွေနဲ့ မိမိနွားကို ကာကွယ်ဆေးတွေ ထိုးပေးရတော့မှာပါ " ဟု ဒေါက်တာမောင်မောင် ပြောသည်။

 

Leave a comment