Sunday, December 16, 2018
ယခုနှစ်တွင် မူဆယ်နယ်စပ်မှ တင်ပို့နေသည့်ဆန်အပါအ၀င် မြန်မာ့လယ်ယာထွက်ကုန်များအား တရုတ်ဘက်မှ ဖမ်းဆီးမှုများကြောင့် တင်ပို့မှု လျော့ကျနေခြင်း ဖြစ်သည်။ ဓာတ်ပုံ- ကေဇူး(AMIA)
ရန်ကုန်၊   ဒီဇင်ဘာ ၆
မှုဆယ်နယ်စပ် ဆန်ဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်မှ ဆန်ဝယ်လိုအား လျှော့နည်းနေမှုကြောင့် ပြည်တွင်း ဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်းများ ကျဆင်းနေကြောင်း ဆန်ကုန်သည်အသိုင်းအ၀ိုင်းမှ သတင်းရရှိ သည်။
ယင်းအပြင် လက်ရှိကာလသည် ဆန်အသစ် ပေါ်ချိန်ဖြစ်ပြီး၊ ပြည်ပဆန်တင်ပို့မှုမှာလည်း ယမန်နှစ်နှင့် နှိုင်း ယှဉ်ပါက ပမာဏများစွာ လျှော့ကျခဲ့ခြင်းကြောင့် ပြည်တွင်းတွင် ဆန်လက်ကျန် ပမာဏများ လာနိုင် ရာ  ပြည်တွင်းဆန် ကြမ်းဈေးနှုန်းမှာ အကျဘက်သို့သာ ဦးတည်နိုင်ကြောင်း ၎င်းတို့က သုံးသပ်ထားကြသည်။
ယင်းကဲ့သို့ မှုဆယ်ဆန်ဈေးကွက်နှင့် ကမ္ဘာ့ဆန်ဝယ်လိုအား ဆက်လက်လျှော့ကျနေမည်ဆိုပါက ပြည်တွင်း ဆန်ဈေးကွက်တွင် အခက်အခဲနှင့် ရင်ဆိုင်လာရမည် အခြေအနေတွင် ရှိနိုင်သည်ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ပြည်တွင်းဆန်ဈေးကွက်တွင်  ၂၅ မတ်ဆန် ဧည့်မထ တစ်အိတ်လျှင် ကျပ် ၂၂,၇၀၀ ထိရှိခဲ့ရာမှ ယခုဒီဇင်ဘာလ ၄ ရက်နေ့တွင် ၂၅ မတ်ဆန် ဧည့်မထ တစ်အိတ်လျှင် ၁၈,၉၀၀ မှ ၁၉,၀၀၀ ကျပ်အထိ ဈေးပြန်ကျဆင်းခဲ့ပြီး၊ ၅ မတ်ဆန် ဧည့်မထ တစ်အိတ်လျှင် အောက်တိုဘာလအတွင်းက ကျပ် ၂၅,၀၀၀ နီးပါးထိရှိခဲ့ရာမှ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ၅ မတ်ဆန် ဧည့်မထ တစ်အိတ်လျှင် ၁၉,၉၀၀ မှ ၂၀,၀၀၀ ခန်းအထိ ဈေးပြန်ကျဆင်းခဲ့သည်ကို ဆန်စပါးကုန်စည်ဒိုင်  ဘုရင့်နောင်(ရန်ကုန်) မှ ထုတ်ပြန်ထား ချက်အရ သိရသည်။
Unicode
ရန်ကုန်၊ ဒီဇင်ဘာ ၆
မှုဆယ်နယ်စပ် ဆန်စျေးကွက်နှင့် နိုင်ငံတကာစျေးကွက်မှ ဆန်ဝယ်လိုအား လျှော့နည်းနေမှုကြောင့် ပြည်တွင်း စျေးကွက်တွင် ဆန်ကြမ်းစျေးနှုန်းများ ကျဆင်းနေကြောင်း ဆန်ကုန်သည်အသိုင်းအဝိုင်းမှ သတင်းရရှိ သည်။
ယင်းအပြင် လက်ရှိကာလသည် ဆန်အသစ် ပေါ်ချိန်ဖြစ်ပြီး၊ ပြည်ပဆန်တင်ပို့မှုမှာလည်း ယမန်နှစ်နှင့် နှိုင်း ယှဉ်ပါက ပမာဏများစွာ လျှော့ကျခဲ့ခြင်းကြောင့် ပြည်တွင်းတွင် ဆန်လက်ကျန် ပမာဏများ လာနိုင် ရာ ပြည်တွင်းဆန် ကြမ်းစျေးနှုန်းမှာ အကျဘက်သို့သာ ဦးတည်နိုင်ကြောင်း ၎င်းတို့က သုံးသပ်ထားကြသည်။
ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုမှာ တန်ချိန် ၃ သန်းခွဲကျော်ထိ ရှိခဲ့သည်။ သို့သော် ယခုနှစ်တွင် ၁ဒသမရ သန်းခန့်သာ တင်ပို့နိုင်မည်ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ ခန့်မှန်းထားသည်။
“ မနှစ်က ၃ဒသမ၆ မီလီယံ ပို့နိုင်ခဲ့တယ်။ ဒီနှစ်မှာ ၁ဒသမရ သန်း လောက်ပဲ တင်ပို့နိုင်မယ်ဆိုရင် ပြည်တွင်း မှာ အများကြီးကျန်ခဲ့မဲ့ သဘောဖြစ်နေတာပေါ့။ ကမ္ဘာ့ဆန်စျေးကွက်ကလည်း ဆန်ပိုတဲ့အချိန် ဖြစ်နေတယ် ။ လာမယ့်ရေကျ နောက်စိုက်တို့၊ နွေစပါးတို့ ပေါ်လာမယ်။ မတ်လကုန်၊ ဧပြီမှာ ပေါ်လာမဲ့ဟာရယ်။ ဒီဇင်ဘာ လကုန်၊ ဇန်နဝါရီလ ဒုတိယပတ်လောက်မှာ ပေါ်လာမယ့် ရေကျနောက် စိုက်တွေအများကြီး ထပ်ဝင်လာ ဦးမယ်။ အဲဒီအခြေအနေတွေကြောင့် ဆန်ပြည်တွင်းစျေး အကျဘက်ကိုပဲ သွားနိုင်တယ်” ဟု မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ဆိုသည်။
ယင်းကဲ့သို့ မှုဆယ်ဆန်စျေးကွက်နှင့် ကမ္ဘာ့ဆန်ဝယ်လိုအား ဆက်လက်လျှော့ကျနေမည်ဆိုပါက ပြည်တွင်း ဆန်စျေးကွက်တွင် အခက်အခဲနှင့် ရင်ဆိုင်လာရမည် အခြေအနေတွင် ရှိနိုင်သည်ဟု ၎င်းကဆိုသည်။
“ ဒါကတော့ လတ်တလော အနေနဲ့ စဉ်းစားတာပေါ့။ နောက်မကြာခင်မှာ တရုတ်နယ်စပ်က ပြန်ပွင့်မယ်၊ က မ္ဘာ့ဆန်စျေးကွက်ကလည်း ၀ယ်လိုအား ပြန်ကောင်းလာမယ်။ ငွေစျေး ပြန်တက်လာရင်တော့ တစ်မျိုးပေါ့” ဟု ဦးလူမော်မြင့်မောင်က ဆက်လက်ပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ပြည်တွင်းဆန်စျေးကွက်တွင် ၂၅ မတ်ဆန် ဧည့်မထ တစ်အိတ်လျှင် ကျပ် ၂၂,၇၀၀ ထိရှိခဲ့ရာမှ ယခုဒီဇင်ဘာလ ၄ ရက်နေ့တွင် ၂၅ မတ်ဆန် ဧည့်မထ တစ်အိတ်လျှင် ၁၈,၉၀၀ မှ ၁၉,၀၀၀ ကျပ်အထိ စျေးပြန်ကျဆင်းခဲ့ပြီး၊ ၅ မတ်ဆန် ဧည့်မထ တစ်အိတ်လျှင် အောက်တိုဘာလအတွင်းက ကျပ် ၂၅,၀၀၀ နီးပါးထိရှိခဲ့ရာမှ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ၅ မတ်ဆန် ဧည့်မထ တစ်အိတ်လျှင် ၁၉,၉၀၀ မှ ၂၀,၀၀၀ ခန်းအထိ စျေးပြန်ကျဆင်းခဲ့သည်ကို ဆန်စပါးကုန်စည်ဒိုင် ဘုရင့်နောင်(ရန်ကုန်) မှ ထုတ်ပြန်ထား ချက်အရ သိရသည်။
“ ဆန်အသစ်စပေါ်တော့ ပြည်တွင်းစျေးက နည်းနည်းလေး ပြန်ကျသွားတယ်။ တရုတ်ကလည်း နဂိုကတည်း က သိပ်သွားလို့မရဘူး။ ပင်လယ်ရေးကြောင်းသွားမယ့် စျေးကွက်ကလဲ တစ်ချို့တွေ အဝယ်ခဏလေး ပြန် ရပ်တော့ စျေးနည်းနည်း ပြန်အေးသွားတယ်။ ငွေစျေးလည်း ကျနေတော့ FOB စျေးလည်း နည်းနည်း ကျသွား တယ်။ တရုတ်ကတော့ စျေးလျှော့မဝယ်ပေမဲ့ အဝယ်လျှော့သွားတယ်” ဟု မြန်မာနိုင်ငံဆန် ကုန်သည်ကြီး များ အသင်း အတွင်းရေးမှူး ဦးအောင်မြင့်က ဆိုသည်။
ယခင်က တရုတ်နိုင်ငံ မှုဆယ်နယ်စပ်ကုန်သွယ်ရေးမှ တစ်ရက်လျှင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၅,၀၀၀ မှ ၆,၀၀၀ ကြားထိ တင်ပို့နေရသော်လည်း၊ လက်ရှိတွင် တန်ချိန် ၁,၀၀၀ မှ ၁,၅၀၀ ခန့်သာ သွားနေကြောင်း ယင်းအသင်းမှ သိရသည်။
လက်ရှိ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီလမှ အောက်တိုဘာလ အထိ နယ်စပ်ကုန်သွယ် ရေးလမ်း ကြောင်းနှင့် ပင်လယ်ရေကြောင်း နှစ်မျိုးစလုံးမှ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု ပမာဏမှာ ၁ဒသမ၂၇သန်း( (၁၃ သိန်းနီးပါး) ခန့်သာရှိကြောင်း သိရသည်။
Leave a comment