Sunday, December 15, 2019

မႏၱေလးတိုင္း ေဒသႀကီးရွိ စိုက္ပ်ိဳးေရးဦးစီးဌာန၏ ဓာတ္ခြျခန္းတစ္ခုအား ေတြ႕ရစဥ္။ ဓာတ္ပံု-မွိဳင္းေ၀(AMIA)

ဒီဇင္ဘာ  ၈

ေတာင္သူလယ္သမားမ်ားအေနျဖင့္ ေဈးကြက္အတြင္း သံသယရွိသည့္ သြင္းအားစုမ်ားကို အရည္အ ေသြး ျပည့္မီမႈရွိ/မရွိ စစ္ေဆးလိုပါက သက္ဆိုင္ရာ စိုက္ပ်ိဳးေရးဦးစီးဌာန၊ စစ္ေဆးေရးအဖြဲ႕မ်ားႏွင့္ အတူ သတ္ မွတ္ထားသည့္ပုံစံ၊ နည္းလမ္းအတိုင္း  ပစၥည္းနမူနာရယူကာ ဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးႏိုင္ေၾကာင္း စိုက္ပ်ိဳး ေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန  ဒုတိယဝန္ႀကီး ဦးလွေက်ာ္က ဆိုသည္။

ဒီဇင္ဘာလ ၇ ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ ဘုတလင္ မဲဆႏၵနယ္မွ ဦးျမင့္ ဟန္ထြန္းက ေဈးကြက္အတြင္းရွိ ေတာင္သူလယ္သမားမ်ား၏ သြင္းအားစုမ်ားျဖစ္ေသာ ပိုးသတ္ေဆး၊ မႈိ သတ္ေဆး၊ ေပါင္းသတ္ေဆး၊ မ်ိဳးေစ့ႏွင့္ ေျမဆီအမ်ိဳးမ်ိဳးတို႔၏ အရည္အေသြးကို မည္သို႔ စစ္ေဆးခြင့္ျပဳေန သည္ကို သိလိုျခင္းႏွင့္ ေဈးကြက္အတြင္းရွိ သံသယရွိေသာ သြင္းအားစုမ်ားကို စစ္ေဆးေပးေစလိုပါက မည္သို႔တာဝန္ယူေဆာင္႐ြက္ေပးသည္ကို သိလိုျခင္းတို႔ႏွင့္ စပ္လ်ဥ္း၍ ေမးျမန္းမႈအေပၚ ယင္းသို႔ျပန္လည္ ေျဖ ၾကားခဲ့ျခင္းျဖစ္သည္။

စစ္ေဆးရရွိသည့္ အေျဖသည္ မူလစံခ်ိန္စံၫႊန္းႏွင္‌့ ကိုက္ညီမႈမရွိလွ်င္ သက္ဆိုင္ရာ ေကာ္မတီသို႔  တင္ျပကာ အေရးယူမႈမ်ားကိုလည္း ေဆာင္႐ြက္ေပးလ်က္ရွိၿပီး၊ ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီး /ျပည္နယ္ႏွင့္ ခ႐ိုင္ အဆင့္တြင္ သက္ဆိုင္ရာေဒသတာဝန္ခံမ်ား၊ ၿမိဳ႕နယ္မ်ားတြင္ ၿမိဳ႕နယ္ ဦးစီးမွဴးတို႔ပါဝင္သည့္ သက္ဆိုင္ရာတိုင္း ေဒသႀကီး/ျပည္နယ္၊ ခ႐ိုင္ဦးစီးမွဴးမ်ားက တာဝန္ေပးအပ္ထားသည့္ ဝန္ထမ္းႏွစ္ဦးကို အဖြ႕႔ဝင္အျဖစ္ ထည့္ သြင္းၿပီး စစ္ေဆးျခင္းလုပ္ငန္းကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဒု၀န္ႀကီးကဆိုသည္။

အဆိုပါစစ္ေဆးေရး အဖြဲ႕မ်ားကို  တိုင္းေဒသႀကီး/ျပည္နယ္အဆင့္တြင္ ၁၇ ဖြဲ႕၊ ခ႐ိုင္အဆင့္ တြင္ ၆၇ ဖြဲ႕၊ ၿမိဳ႕ နယ္အဆင့္တြင္ ၂၉၁ ဖြဲ႕ စုစုေပါင္း အဖြဲ႕ ၃၇၅ ခန္႔ ဖြဲ႕စည္းထားေၾကာင္း သိရသည္။

ယင္းအဖြဲ႕မ်ားသည္ မ်ိဳးေစ့ဥပေဒ၊ ေျမၾသဇာဥပေဒ၊ ပိုးသတ္ေဆးဥပေဒႏွင့္အညီ သက္ဆိုင္ရာ ေဒသ၊ နယ္ ေျမအတြင္း စစ္ေဆးၿပီး သံသယျဖစ္ဖြယ္ ေတြ႕ရွိမည္ဆိုပါက သက္ဆိုင္ရာ မ်ိဳးေစ့ဆိုင္ရာ အမ်ိဳးသားေကာ္မတီ၊ ေျမၾသဇာေကာ္မတီ၊ ပိုးသတ္ေဆး  မွတ္ပုံတင္အဖြဲ႕ကို အျမန္ဆုံးတင္ျပၿပီး အဆိုပါေကာ္မတီမ်ား၏ ၫႊန္ၾကား ခ်က္မ်ားအတိုင္း အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ မ်ိဳးေစ့၊ ေျမၾသဇာ၊ ပိုးသတ္ေဆး အေရာင္းဆိုင္ပိုင္ ရွင္မ်ားကိုလည္း စနစ္တက် အႏၲရာယ္ကင္းစြာ ေဆာင္႐ြက္ႏိုင္ရန္ နည္းပညာေပးျခင္း၊ သင္တန္းေပးျခင္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိၿပီး၊ ဥပေဒႏွင့္အညီ လုပ္ကိုင္ေဆာင္႐ြက္သြားႏိုင္ေရး ပညာေပးနည္းလမ္း၊ စီမံခန္႔ခြဲေရး နည္းလမ္းမ်ားႏွင့္ ထိန္းေက်ာင္းအေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဒုတိယဝန္ႀကီး ဦးလွေက်ာ္ က ဆိုသည္။

ပိုးသတ္ေဆးမွတ္ပုံတင္ ရရွိၿပီးသည့္ေနာက္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ တင္သြင္းခြင့္ ေထာက္ခံခ်က္ႏွင့္ ျပည္ပမွ တင္သြင္းလာသည့္ ပိုးသတ္ေဆးမ်ားကို မွတ္ပုံတင္ေလၽွာက္ထားစဥ္က တင္ျပသည့္ ပါဝင္မႈရာခိုင္ႏႈန္း၊ စံခ်ိန္စံ ၫႊန္းမ်ားႏွင့္ ကိုက္ညီမႈရွိ/မရွိ စိစစ္ၿပီး အရည္အေသြး ထိန္းခ်ဳပ္ရန္ ျပည္ပမွတင္သြင္းလာသည့္ အခ်ိန္တြင္ နမူ နာရယူစစ္ေဆးၿပီး ကိုက္ညီမွသာ ဆိပ္ကမ္းမွ ထုတ္ယူတင္သြင္းခြင္‌့ျပဳကာ ေဈးကြက္တြင္ ေရာင္းခ်ႏိုင္မည္ျဖစ္ ေၾကာင္း ၎က ထပ္ေလာင္းေျပာၾကားခဲ့သည္။

 

Unicode

ဒီဇင်ဘာ ၈


တောင်သူလယ်သမားများအနေဖြင့် ဈေးကွက်အတွင်း သံသယရှိသည့် သွင်းအားစုများကို အရည်အ သွေး ပြည့်မီမှုရှိ/မရှိ စစ်ဆေးလိုပါက သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ စစ်ဆေးရေးအဖွဲ့များနှင့် အတူ သတ် မှတ်ထားသည့်ပုံစံ၊ နည်းလမ်းအတိုင်း ပစ္စည်းနမူနာရယူကာ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးနိုင်ကြောင်း စိုက်ပျိုး ရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဆိုသည်။


ဒီဇင်ဘာလ ရ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘုတလင် မဲဆန္ဒနယ်မှ ဦးမြင့် ဟန်ထွန်းက ဈေးကွက်အတွင်းရှိ တောင်သူလယ်သမားများ၏ သွင်းအားစုများဖြစ်သော ပိုးသတ်ဆေး၊ မှို သတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့နှင့် မြေဆီအမျိုးမျိုးတို့၏ အရည်အသွေးကို မည်သို့ စစ်ဆေးခွင့်ပြုနေ သည်ကို သိလိုခြင်းနှင့် ဈေးကွက်အတွင်းရှိ သံသယရှိသော သွင်းအားစုများကို စစ်ဆေးပေးစေလိုပါက မည်သို့တာဝန်ယူဆောင်ရွက်ပေးသည်ကို သိလိုခြင်းတို့နှင့် စပ်လျဉ်း၍ မေးမြန်းမှုအပေါ် ယင်းသို့ပြန်လည် ဖြေ ကြားခဲ့ခြင်းဖြစ်သည်။


စစ်ဆေးရရှိသည့် အဖြေသည် မူလစံချိန်စံညွှန်းနှင်‌့ ကိုက်ညီမှုမရှိလျှင် သက်ဆိုင်ရာ ကော်မတီသို့ တင်ပြကာ အရေးယူမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး /ပြည်နယ်နှင့် ခရိုင် အဆင့်တွင် သက်ဆိုင်ရာဒေသတာဝန်ခံများ၊ မြို့နယ်များတွင် မြို့နယ် ဦးစီးမှူးတို့ပါဝင်သည့် သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်၊ ခရိုင်ဦးစီးမှူးများက တာဝန်ပေးအပ်ထားသည့် ဝန်ထမ်းနှစ်ဦးကို အဖွ့့ဝင်အဖြစ် ထည့် သွင်းပြီး စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးကဆိုသည်။


အဆိုပါစစ်ဆေးရေး အဖွဲ့များကို တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် ၁၇ ဖွဲ့၊ ခရိုင်အဆင့် တွင် ၆၇ ဖွဲ့၊ မြို့ နယ်အဆင့်တွင် ၂၉၁ ဖွဲ့ စုစုပေါင်း အဖွဲ့ ၃၇၅ ခန့် ဖွဲ့စည်းထားကြောင်း သိရသည်။


ယင်းအဖွဲ့များသည် မျိုးစေ့ဥပဒေ၊ မြေသြဇာဥပဒေ၊ ပိုးသတ်ဆေးဥပဒေနှင့်အညီ သက်ဆိုင်ရာ ဒေသ၊ နယ် မြေအတွင်း စစ်ဆေးပြီး သံသယဖြစ်ဖွယ် တွေ့ရှိမည်ဆိုပါက သက်ဆိုင်ရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ၊ မြေသြဇာကော်မတီ၊ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ကို အမြန်ဆုံးတင်ပြပြီး အဆိုပါကော်မတီများ၏ ညွှန်ကြား ချက်များအတိုင်း အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေး အရောင်းဆိုင်ပိုင် ရှင်များကိုလည်း စနစ်တကျ အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ရန် နည်းပညာပေးခြင်း၊ သင်တန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားနိုင်ရေး ပညာပေးနည်းလမ်း၊ စီမံခန့်ခွဲရေး နည်းလမ်းများနှင့် ထိန်းကျောင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ဆိုသည်။


ပိုးသတ်ဆေးမှတ်ပုံတင် ရရှိပြီးသည့်နောက် စိုက်ပျိုးရေးဦးစီးဌာနမှ တင်သွင်းခွင့် ထောက်ခံချက်နှင့် ပြည်ပမှ တင်သွင်းလာသည့် ပိုးသတ်ဆေးများကို မှတ်ပုံတင်လျှောက်ထားစဉ်က တင်ပြသည့် ပါဝင်မှုရာခိုင်နှုန်း၊ စံချိန်စံ ညွှန်းများနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီး အရည်အသွေး ထိန်းချုပ်ရန် ပြည်ပမှတင်သွင်းလာသည့် အချိန်တွင် နမူ နာရယူစစ်ဆေးပြီး ကိုက်ညီမှသာ ဆိပ်ကမ်းမှ ထုတ်ယူတင်သွင်းခွင်‌့ပြုကာ ဈေးကွက်တွင် ရောင်းချနိုင်မည်ဖြစ် ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Leave a comment