Thursday, January 17, 2019

MFVP အသင္း ဥကၠ႒ ဦးစိုးသန္းမင္းဒင္။ ဓာတ္ပံု- စိုးခ်စ္ခ်စ္ပိုင္(AMIA)

စုိးခ်စ္ခ်စ္ပိုင္(AMIA)

ရန္ကုန္၊   ဒီဇင္ဘာ   ၁၁

ျမန္မာႏုိင္ငံမွာ စိုက္ပ်ိဳးေရးႏုိင္ငံတစ္ခုျဖစ္သည္။ စိုက္ပ်ိဳးေရးပို႔ကုန္မ်ားမွာလည္း ျမန္မာႏုိင္ငံ၏ အဓိက ပို႔ကုန္ မ်ားထဲမွ တစ္ခုျဖစ္သည္။ အစိုးရကလည္း စိုက္ပ်ိဳးေရးပို႔ကုန္မ်ား ပိုမိုတင္ပို႔ႏုိင္ေရးအတြက္ စိုက္ပ်ိဳးေရး ပို႔ ကုန္မ်ားကို အမ်ိဳးသားပို႔ကုန္ မဟာဗ်ဴဟာတြင္ ထည့္သြင္းေဆာင္ရြက္ေနသည္။ စိုက္ပ်ိဳးေရးထြက္ကုန္မ်ား ပိုမို တင္ပို႔ႏုိင္ရန္ဆုိလွ်င္ သီးႏွံအရည္အေသြး ေကာင္းရန္လိုသည္။ ထိုကဲ့သုိ႔ သီးႏွံအရည္အေသြး ေကာင္းရန္ ဆုိလွ်င္ မ်ိဳးေကာင္း၊ မ်ိဳးသန္႔မ်ား ရွိရန္လိုသည္။ စိုက္ပ်ိဳးေရး အေလ့အက်င့္ေကာင္းမ်ား ရွိရန္လိုအပ္သည္။

ထိုကဲ့သုိ႔ စိုက္ပ်ိဳးေရး ထြက္ကုန္မ်ား ပိုမိုတင္ပို႔ႏုိင္ေရး ေဆာင္ရြက္ျခင္းမွာလည္း လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္း ေက်ာ္ေသာ ေတာင္သူမ်ား ၀င္ေငြတိုးလ်က္ အက်ိဳးရွိေစရန္ ျဖစ္သည္။ ေတာင္သူမ်ား ၀င္ေငြတိုး အက်ိဳးရွိရန္ ဆိုလွ်င္ ေတာင္သူမ်ားအေနျဖင့္ မိမိတို႔စိုက္ပ်ိဳးမည့္ သီးႏွံေစ်းကြက္၏ အလားအလာကို သိရန္လိုသည္။ က်န္း မာေရးႏွင့္ ညီညြတ္ေသာ၊ အထြက္ႏႈန္းတိုးေစေသာ စိုက္ပ်ိဳးေရး နည္းစနစ္မ်ား သိရွိရန္လိုသည္။

အဆိုပါ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ျမန္မာႏုိင္ငံ သစ္သီး၀လံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ ေရာင္းခ် သူမ်ားအသင္း ဥကၠ႒ ဦးစိုးသန္းမင္းဒင္ အား AMIA ရဲ႕ သတင္းေထာက္ မစိုးခ်စ္ခ်စ္ပိုင္မွ သြား ေရာက္ေတြ႕ဆံု ေမးျမန္းထားသည္မ်ားကို ေဖာ္ျပေပးလုိက္ပါသည္။

ေမး။          ။ ဒီႏွစ္မွာ ႏွစ္ရွည္သီးႏွံ မဟုတ္တဲ့ ဘယ္လိုသီးႏွံမ်ိဳးေတြကို ေတာင္သူေတြအေနနဲ႔ ေရြးခ်ယ္စိုက္ပ်ိဳး သင့္ပါသလဲ။

ေျဖ။          ။ ခုေလာေလာဆယ္ ေတာင္ေပၚေဒသ၊ သြားေရးလာေရး ခက္တဲ့ေဒသေတြဆိုရင္ macadamia  စိုက္တာ ပိုေကာင္းမယ္။ သူက သီးထပ္နည္းတယ္။ ေစ်းကြက္လိုအပ္ခ်က္ ရွိတယ္။ တစ္တန္ကို သိန္း ၇၀ ေလာက္ ေပါက္ေစ်းရွိတယ္။ ေတာင္ေပၚေဒသမွာ စိုက္မယ္ဆိုရင္ macadamia စိုက္ဖို႔ သတင္းေပးခ်င္ ပါတယ္။ ေနာက္ ေထာပတ္သီး စိုက္ပါ။ ေအာက္ျပည္မွာက်ေတာ့ ငွက္ေပ်ာ၊ သူက အလားအလာ အမ်ားႀကီးရွိတယ္။ စိုက္ပ်ိဳးသင့္တယ္။ ဒါအၾကမ္းဖ်ဥ္း ၿခံဳေျပာတာ။ ေဒသအလိုက္ဆိုရင္ေတာ့ တစ္ခုခ်င္း ထပ္ေျပာရမွာေပါ့။ macadamia က တရုတ္ကို သြားတယ္။ တရုတ္ျပည္က အိမ္နီးခ်င္းႏိုင္ငံ ျဖစ္တယ္။ ၿပီးေတာ့ ခုဆိုရင္ လက္ မွတ္ေတြ၊ ဘာေတြ သိပ္ၿပီးေတာ့ မသတ္မွတ္ေသးဘူး။ ေနာက္ပိုင္း AQSIQ တို႔ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္လာ ရင္ေတာ့ သူတို႔က သတ္မွတ္မွာေပါ့။ ငွက္ေပ်ာကေတာ့ ကိုရီးယားနဲ႔ တရုတ္ကို သြားပါတယ္။

ေမး။         ။ ေတာင္သူေတြကို ဒါမ်ိဳးသတင္းအခ်က္ကို ေပးႏိုင္မဲ့ေနရာတစ္ခု (ဒါမွမဟုတ္)စနစ္တစ္ခု တည္ ေထာင္ေပးဖို႔ ရွိပါသလား။

ေျဖ။         ။ အသင္းအေနနဲ႔ကေတာ့ ေတာင္သူကို ပညာေပးအစီအစဥ္ေတြ အၿမဲတမ္း လုပ္ေပးေနပါတယ္။ စိုက္စီးပြားသင္တန္းေက်ာင္းေတြ ဖြင့္ေပးမယ္။ ၿပီးေတာ့ အသင္းကေနၿပီးေတာ့ ေစ်းကြက္ေတြရဖို႔ ခ်ိတ္ဆက္ ေပးမယ္။ ဒါမ်ိဳးေတြ လုပ္ေနတယ္။ ေတာင္သူကလည္း အရမ္းစိတ္၀င္စားတယ္။ ဒါေၾကာင့္လည္း ကၽြန္ေတာ္တို႔ အသင္းႀကီးက အခုဆို အသင္း၀င္ ေလးေသာင္းခြဲေက်ာ္ ရွိလာၿပီ ျဖစ္ပါတယ္။

ေမး။            ။ လက္ရွိ သစ္သီး၀လံ ေစ်းကြက္အေျခအေနနဲ႔ အလားအလာကိုလည္း ေျဖၾကားေပးပါဦး ရွင့္။

ေျဖ။          ။ သစ္သီး၀လံ ေစ်းကြက္ကေတာ့ အားလံုးက စားသံုးမႈပံုစံ ေျပာင္းလာေတာ့၊  အရင္တုန္းက ဆန္ တို႔၊ စပါးတို႔ေလာက္ပဲ အဓိကထား စားတာ။ ခုက်ေတာ့ သစ္သီး၀လံေတြကို စားသံုးမႈမ်ားလာတယ္။ အထူး သျဖင့္ တရုတ္က ပိုစားသံုးလာတယ္။ ပံုစံေျပာင္းလာတဲ့အတြက္ သစ္သီး၀လံ၊ ဟင္းသီးဟင္းရြက္က ေစ်းကြက္ အႀကီးႀကီး ရွိလာတယ္။ တိုးၿပီးလာဖို႔ပဲ ရွိတယ္။ ေနာက္တစ္ခုက အပူပိုင္းသီးႏွံက ေအာက္ပိုင္းေတြပဲ အမ်ားဆံုး စိုက္လို႔ရတယ္။ အပူပိုင္း သီးႏွံေကာ၊ သမပိုင္း သီးႏွံေတြေကာ  ျမန္မာျပည္မွာ စိုက္လို႔ရတယ္။ သူတို႔တိုင္းျပည္ က အေအးပိုင္းဘက္ ပိုမ်ားတဲ့အတြက္ေၾကာင့္  အပူပိုင္းသီးႏွံေတြကို သူတို႔ဆီမွာ မထြက္ဘူး။ မထြက္ေတာ့ ကၽြန္ေတာ္တို႔ တိုင္းျပည္၊ ေနာက္ ယိုးဒယား၊ ဗီယက္နာမ္လို ႏိုင္ငံမ်ိဳးေတြက သူတို႔က ယူရတာေပါ့။ အဲေတာ့ တ ရုတ္ျပည္က လူဦးေရက တစ္ေန႔တစ္ျခား မ်ားလာတယ္။ နည္းနည္းလဲ ပိုခ်မ္းသာလာေတာ့ သူတို႔လိုအပ္ခ်က္ က ရွိလာတယ္။ အဲေတာ့  ေစ်းကြက္ႀကီးကေတာ့ ရွိလာမွာပဲ။ အဲေတာ့ ကိုယ္ဘက္က အမယ္စံုကို အရည္အ ေသြးေကာင္းတဲ့ သစ္သီးေတြထြက္ဖို႔ လိုတာေပါ့။

ေမး။             ။ စိုက္ပ်ိဳးေရး ထြက္ကုန္ေတြ၊ သီးႏွံေတြမွာ အဓိက အရည္အေသြးပိုင္းက ျပႆာနာ ျဖစ္ေနတယ္။ အရည္အေသြးပိုင္းအတြက္ အသင္းအေနနဲ႔ ဘာေတြလုပ္ေဆာင္ေပးေနပါသလဲ။

ေျဖ။            ။  အခု Sustainable Agricuture  Development And Food  Quailty Initiative(SAFI) ပေရာ ဂ်က္လုပ္ထားတယ္။ ေတာင္သူေတြအားလံုး  စိုက္ပ်ိဳးေရး အေလ့အက်င့္ေကာင္း(GAP) အေလ့အက်င့္ ေတြရ ေအာင္။ ဖရဲသီးတို႔၊ ဘာတို႔ကို GAP နည္းနဲ႔စိုက္မယ္။ ၿပီးရင္ မႈဆယ္ကုန္စည္ဒိုင္မွာ GAP ေကာင္တာ တစ္ခု ထားေပးမယ္။ အဲေလာက္ထိ အေလ့အက်င့္ လုပ္လာမယ္။ GAP စိုက္တယ္။ သူ႔မွာ အခြင့္အေရး မရွိဘူး။ ဒီအ တိုင္း တန္းတူေရာင္းေနရရင္ ေတာင္သူက ဘယ္စိုက္ပ်ိဳးမလဲ။ GAP စိုက္မယ္ဆိုရင္  သတ္မွတ္ခ်က္ေတြအ တိုင္း သူကလုပ္ရတာ။ ရိုးရိုးစိုက္တာထက္ သူက ပိုၿပီးအာမခံခ်က္ ပိုေပးရတယ္။ ကထိကထလဲ မ်ားတယ္ ေလ။ အဲလိုလုပ္ရတဲ့အတြက္ သူကေစ်းေကာင္းရဖို႔ လိုတယ္။ သူတို႔ကိုဒါေၾကာင့္ အခြင့္အေရးေပးဖို႔ လိုတာေပါ့။ အဲအတြက္ေၾကာင့္ ကုန္စည္ဒိုင္ေတြကို ေျပာထားတယ္။ GAP အေရာင္းစင္ေတြ လုပ္ေပးဖို႔။ လမ္းမွာလဲ GAP နဲ႔ သယ္လာတဲ့ ကားဆိုရင္ ေထာက္ခံခ်က္ရွိရင္ ဦးစားေပးလႊတ္ေပးဖို႔ ေဆြးေႏြးထားပါတယ္။ ၿပီးေတာ့ တစ္ျခား သင္တန္းေတြလည္း ေပးဖို႔ရွိပါတယ္။ ဆြတ္ခူးတဲ့အခ်ိန္မွာ ဥပမာ ရင့္မွည့္တဲ့ဟာမ်ိဳး ျဖစ္ဖို႔လိုတယ္။ အစက္အ ေျပာက္ေတြ၊ ေရာဂါပိုးေတြ မရွိဖို႔အတြက္တို႔၊ ၿပီးေတာ့ ခူးၿပီးမွလုပ္တဲ့အပုိင္း ဒါေတြနဲ႔ပက္သက္ၿပီး သင္တန္း ေပးမယ္။ အခုလဲ ေပးေနတယ္။ ဒါေပမဲ့ ပိုၿပီးအေသးစိတ္ ပါလာမယ္။ စနစ္ ပိုက်သြားမွာေပါ့။

ေမး။          ။ ျမန္မာႏိုင္ငံရဲ႕ သစ္သီး၀လံ အဓိက ျပည္ပေစ်းကြက္ေတြက ဘယ္ႏိုင္ငံေတြ ျဖစ္မလဲ။

ေျဖ။           ။ အဓိကကေတာ့ တရုတ္ကိုသြားတယ္။ ျပည္ပပို႕တဲ့ပမာဏရဲ႕ ၉၉ ရာခိုင္ႏႈန္းက တရုတ္ကိုသြာ း တာပဲ။ ယိုးဒယား၊ စင္ကာပူ၊ ေဟာင္ေကာင္လို ႏိုင္ငံေတြကို အထိုက္အေလ်ာက္ သြားပါတယ္။ ေစ်းကြက္ခ်ဲ႕ ထြင္တာကေတာ့ အထူးသျဖင့္ စီးပြားကူးသန္း၀န္ႀကီးဌာနနဲ႔ ပူးေပါင္းၿပီး  ကုန္စည္ျပပြဲေတြျဖစ္တဲ့ ဥပမာ ကူမင္း ကုန္စည္ျပပြဲေတြမွာ သြားျပတယ္။ အခုဆိုလဲ လက္ဖက္နဲ႔ ပက္သက္ၿပီးေတာ့ အေမရိကန္ကို သြားျပဖို႔ လက္ ဖက္အသင္းက စီစဥ္ေနတယ္။ ပထမဆံုးအႀကိမ္ သြားျပမွာပါ။ အသင္းကို ဖိတ္လာတာပါ။ အဆင့္တန္းမွီၿပီး သြားႏိုင္တာက လက္ဖက္က ကုန္ေျခာက္လိုသေဘာမ်ိဳး ျဖစ္သြားတယ္။ သီးႏွံကို အေမရိကား သြားျပဖို႔ဆိုတာ က အမ်ားႀကီးလုပ္ဖို႔ လိုတယ္။

ေမး။             ။  ျပည္ပ ၀ယ္လိုအားရွိေပမဲ့  ျမန္မာႏိုင္ငံအေနန႔  တင္ပို႔ႏိုင္ျခင္း မရွိတာမ်ိဳးေကာ ရွိလား။ ဘယ္ သီးႏွံေတြမ်ား ျဖစ္မလဲရွင့္။

ေျဖ။            ။ ရွိပါတယ္။ အမ်ားႀကီးပါပဲ။ စိန္တလံုး ရွိမယ္။ ေထာပတ္သီး၊ စေတာဘယ္ရီ၊ အပူပိုင္းသီးႏွံဆိုရင္ ႏိုင္ငံျခားက လိုခ်င္တာခ်ည္းပဲ။ ဂ်ာမနီ၊ အီးယူက လိုခ်င္တာပဲ။ တစ္လကို အနည္းဆံုး၊ ႏွစ္ဖြဲ႕၊ သံုးဖြဲ႕ လာေမး တယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ဘက္က အဆင့္သင့္ မျဖစ္တာေတြ မ်ားတယ္။  ဒါေတြပို႔ဖို႔အတြက္ဆိုရင္ သူတို႔လို အပ္ခ်က္နဲ႔ ညီတဲ့ဟာကို လုပ္ေပးမွရမွာ။ ဒါေပမဲ့ သတ္မွတ္ခ်က္ ရွိတယ္။ ဥပမာ စိန္တလံုးသီး ဂ်ပန္ကအရမ္း လိုခ်င္တယ္။ ေရေႏြးေငြ႕နဲ႔ အပူေပးၿပီးမွ ပိုးမႊားသတ္ထားတဲ့ စနစ္နဲ႔လုပ္မွ သူတို႔ဆီပို႔ႏိုင္မယ္။ အဲဒီစနစ္ မရွိေသး တဲ့အတြက္ေၾကာင့္ ဒီေန႔ဂ်ပန္ကို လံုး၀ပို႔လို႔မရဘူး။ အဲဒီစက္က ျမန္မာျပည္မွာ အခုမွစမ္းသပ္တုန္း ရွိေသး တယ္။ အဲတာကလဲ ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္ဆီ (JICA) က ေပးထားလို႔၊ အ ဓိက ပိုးမႊားေတြကို စမ္းတာ။

ေမး။             ။ ျပည္ပေစ်းကြက္ ၀ယ္လိုအားကို ျပည့္မွီေအာင္ ပို႔ႏိုင္ဖို႔ဆိုရင္ အခ်ိန္ဘယ္ေလာက္ ယူရမလဲ။

ေျဖ။           ။ သီးနွံ တစ္ခုေပၚမွာ အမ်ားႀကီး မႈတည္တာေပါ့။ ဥပမာ ဖရဲတို႔၊ သခြားတို႔ဆိုရင္ အဆင္သင့္ျဖစ္ ေနၿပီ။ ၿပီးေတာ့ macadamia ၊ ေထာပတ္သီး ဆိုရင္ေတာ့ အခ်ိန္ သံုးႏွစ္ေလာက္ယူရင္ ယူရမယ္။

ေမး။            ။ ေစ်းကြက္၀င္ သီးႏွံေတြ စိုက္ပ်ိဳးထုတ္လုပ္ဖို႔ အရည္အေသြးမီတဲ့ မ်ိဳးေကာင္းမ်ိဳးသန္႔ေတြ လို အပ္ခ်က္ရွိေနတယ္ဆိုၿပီး ေတာင္သူေတြ ညည္းျငဴေနၾကတာေတြ ရွိတယ္။ မ်ိဳးေကာင္းမ်ိဳးသန္႔ ရရွိေရး ဘာလုပ္ သင့္လဲ။

ေျဖ။          ။ မ်ိဳးေစ့ လိုအပ္ခ်က္ရွိေနေတာ့ အသင္းအေနနဲ႔လည္း ႏိုင္ငံျခားကုမၸဏီေတြနဲ႔ ေပါင္းစည္းေဆာင္ ရြက္ဖို႔ ႀကိဳးပမ္းေနတယ္။ မ်ိဳးေစ့လိုအပ္ခ်က္မ်ားတဲ့ သီးႏွံေတြက ဖရဲ၊ သခြားနဲ႔ ဟင္းသီးဟင္းရြက္ေတြ၊ အခု ေလာေလာဆယ္ေတာ့ ဟင္းသီးဟင္းရြက္ မ်ိဳးေစ့ဆိုရင္ တရုတ္နဲ႔၊ ယိုးဒယားက တင္သြင္းရတယ္။ အဓိက ဖရဲ႕ မ်ိဳးေစ့ လိုအပ္ခ်က္က အရမ္းမ်ားတယ္။ တစ္ႏွစ္ကို တန္ခ်ိန္ ၁၅ တန္ေလာက္ လိုတယ္။ ျပည္တြင္းမွာ အနည္း အက်ဥ္းပဲ ထုတ္တယ္။ အမ်ားစုက တရုတ္ႏိုင္ငံက တင္သြင္းေနရတယ္။ ေစ်းကလဲ အရမ္းမ်ားတယ္။

၀ယ္ခ်င္တိုင္းလဲ ၀ယ္လို႔မရဘူး။ လက္သိပ္ထိုး ၀ယ္ေနရတဲ့ အဆင့္မ်ိဳးေတြ ရွိတယ္။ ဖရဲစိုက္ပ်ိဳးမႈ မ်ားရင္ ေစ်း က တက္သြားျပန္ေရာ၊ ခုလမ္းေၾကာင္းက တရုတ္နယ္စပ္မွာရွိတဲ့ သစ္သီး၀လံေရာင္းတဲ့ ပြဲရံုေတြကတစ္ဆင့္ ယူ ေနၾကတာ။ အမ်ားစုက တရားမ၀င္တင္သြင္းတာ ဒါကိုတရား၀င္ ျဖစ္ဖို႔အတြက္ကို အစိုးရကဆက္ၿပီး လုပ္ရမွာ။ လုပ္တဲ့အခါမွာလည္း ကၽြန္ေတာ္တို႔အသင္းက ပူးေပါင္းမွာပါ။ ေနာက္ပိုင္း GAP သြားဖို႔ဆိုရင္ တရား၀င္ျဖစ္ဖို႔ လိုတယ္ေလ။  တရား၀င္မဟုတ္ရင္ လက္မွတ္ထုတ္ေပးလို႔ မရဘူး။ ၿပီးေတာ့ တရားမ၀င္တဲ့အတြက္ေၾကာင့္ ဒီ မ်ိဳးေစ့အေပၚမွာ အာမခံခ်က္ လံုး၀မရွိဘူး။ မ်ိဳး မၿငိမ္တာေတြျဖစ္ရင္ ေတာင္သူက ေရာင္းရ၀ယ္ရ အခက္အခဲ ျဖစ္တယ္။ အဲေတာ့ ေျဖရွင္းခ်က္ ေတာင္းလို႔မရဘူး။ ဒါေတြကို ဌာနဆိုင္ရာေတြက တိတိက်က် ေဆာင္ရြက္ ေပးဖို႔ရယ္။ ေနာက္တစ္ခုက တရုတ္ေစ်းကြက္ကို သြားတဲ့အတြက္ တရုတ္ႀကိဳက္တဲ့ မ်ိဳးေစ့ကိုပဲ စိုက္ရတာ။ မ်ိဳးေစ့ မရေတာ့ဘူးဆိုတာနဲ႔ အခက္ေတြ႕ေရာ၊ တရုတ္ေပၚမွာ အားလံုးမူတည္ေနတယ္။ ဒါေၾကာင့္ တရုတ္ေစ်း ကြက္ကလဲ ႀကိဳက္ရမယ္။ ျပည္တြင္းမွာလဲ ထုတ္လုပ္ႏိုင္တဲ့ အာမခံႏိုင္တဲ့ မ်ိဳးေစ့ထုတ္လုပ္တဲ့ လုပ္ငန္းေတြ လုပ္ေပးဖို႔သင့္တဲ့အေၾကာင္း အစိုးရကို အသင္းအဖြဲ႕ေတြက တင္ျပထားၾကပါတယ္။

ဟုတ္ကဲ့ အခုလို အခ်ိန္ေပး ေျဖၾကားေပးတဲ့အတြက္ AMIA က ေက်းဇူးအထူး တင္ပါတယ္ ရွင့္။

 

Unicode

စိုးချစ်ချစ်ပိုင်(AMIA)


ရန်ကုန်၊ ဒီဇင်ဘာ ၁၁

 

မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်သည်။ စိုက်ပျိုးရေးပို့ကုန်များမှာလည်း မြန်မာနိုင်ငံ၏ အဓိက ပို့ကုန် များထဲမှ တစ်ခုဖြစ်သည်။ အစိုးရကလည်း စိုက်ပျိုးရေးပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေး ပို့ ကုန်များကို အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ထည့်သွင်းဆောင်ရွက်နေသည်။ စိုက်ပျိုးရေးထွက်ကုန်များ ပိုမို တင်ပို့နိုင်ရန်ဆိုလျှင် သီးနှံအရည်အသွေး ကောင်းရန်လိုသည်။ ထိုကဲ့သို့ သီးနှံအရည်အသွေး ကောင်းရန် ဆိုလျှင် မျိုးကောင်း၊ မျိုးသန့်များ ရှိရန်လိုသည်။ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ ရှိရန်လိုအပ်သည်။


ထိုကဲ့သို့ စိုက်ပျိုးရေး ထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်ခြင်းမှာလည်း လူဦးရေ၏ ရ၀ ရာခိုင်နှုန်း ကျော်သော တောင်သူများ ၀င်ငွေတိုးလျက် အကျိုးရှိစေရန် ဖြစ်သည်။ တောင်သူများ ၀င်ငွေတိုး အကျိုးရှိရန် ဆိုလျှင် တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးမည့် သီးနှံစျေးကွက်၏ အလားအလာကို သိရန်လိုသည်။ ကျန်း မာရေးနှင့် ညီညွတ်သော၊ အထွက်နှုန်းတိုးစေသော စိုက်ပျိုးရေး နည်းစနစ်များ သိရှိရန်လိုသည်။


အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချ သူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင် အား AMIA ရဲ့ သတင်းထောက် မစိုးချစ်ချစ်ပိုင်မှ သွား ရောက်တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်။


မေး။ ။ ဒီနှစ်မှာ နှစ်ရှည်သီးနှံ မဟုတ်တဲ့ ဘယ်လိုသီးနှံမျိုးတွေကို တောင်သူတွေအနေနဲ့ ရွေးချယ်စိုက်ပျိုး သင့်ပါသလဲ။

ဖြေ။ ။ ခုလောလောဆယ် တောင်ပေါ်ဒေသ၊ သွားရေးလာရေး ခက်တဲ့ဒေသတွေဆိုရင် macadamia စိုက်တာ ပိုကောင်းမယ်။ သူက သီးထပ်နည်းတယ်။ စျေးကွက်လိုအပ်ချက် ရှိတယ်။ တစ်တန်ကို သိန်း ရ၀ လောက် ပေါက်စျေးရှိတယ်။ တောင်ပေါ်ဒေသမှာ စိုက်မယ်ဆိုရင် macadamia စိုက်ဖို့ သတင်းပေးချင် ပါတယ်။ နောက် ထောပတ်သီး စိုက်ပါ။ အောက်ပြည်မှာကျတော့ ငှက်ပျော၊ သူက အလားအလာ အများကြီးရှိတယ်။ စိုက်ပျိုးသင့်တယ်။ ဒါအကြမ်းဖျဉ်း ခြုံပြောတာ။ ဒေသအလိုက်ဆိုရင်တော့ တစ်ခုချင်း ထပ်ပြောရမှာပေါ့။ macadamia က တရုတ်ကို သွားတယ်။ တရုတ်ပြည်က အိမ်နီးချင်းနိုင်ငံ ဖြစ်တယ်။ ပြီးတော့ ခုဆိုရင် လက် မှတ်တွေ၊ ဘာတွေ သိပ်ပြီးတော့ မသတ်မှတ်သေးဘူး။ နောက်ပိုင်း AQSIQ တို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာ ရင်တော့ သူတို့က သတ်မှတ်မှာပေါ့။ ငှက်ပျောကတော့ ကိုရီးယားနဲ့ တရုတ်ကို သွားပါတယ်။


မေး။ ။ တောင်သူတွေကို ဒါမျိုးသတင်းအချက်ကို ပေးနိုင်မဲ့နေရာတစ်ခု (ဒါမှမဟုတ်)စနစ်တစ်ခု တည် ထောင်ပေးဖို့ ရှိပါသလား။
ဖြေ။ ။ အသင်းအနေနဲ့ကတော့ တောင်သူကို ပညာပေးအစီအစဉ်တွေ အမြဲတမ်း လုပ်ပေးနေပါတယ်။ စိုက်စီးပွားသင်တန်းကျောင်းတွေ ဖွင့်ပေးမယ်။ ပြီးတော့ အသင်းကနေပြီးတော့ စျေးကွက်တွေရဖို့ ချိတ်ဆက် ပေးမယ်။ ဒါမျိုးတွေ လုပ်နေတယ်။ တောင်သူကလည်း အရမ်းစိတ်ဝင်စားတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အသင်းကြီးက အခုဆို အသင်းဝင် လေးသောင်းခွဲကျော် ရှိလာပြီ ဖြစ်ပါတယ်။


မေး။ ။ လက်ရှိ သစ်သီးဝလံ စျေးကွက်အခြေအနေနဲ့ အလားအလာကိုလည်း ဖြေကြားပေးပါဦး ရှင့်။

ဖြေ။ ။ သစ်သီးဝလံ စျေးကွက်ကတော့ အားလုံးက စားသုံးမှုပုံစံ ပြောင်းလာတော့၊ အရင်တုန်းက ဆန် တို့၊ စပါးတို့လောက်ပဲ အဓိကထား စားတာ။ ခုကျတော့ သစ်သီးဝလံတွေကို စားသုံးမှုများလာတယ်။ အထူး သဖြင့် တရုတ်က ပိုစားသုံးလာတယ်။ ပုံစံပြောင်းလာတဲ့အတွက် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်က စျေးကွက် အကြီးကြီး ရှိလာတယ်။ တိုးပြီးလာဖို့ပဲ ရှိတယ်။ နောက်တစ်ခုက အပူပိုင်းသီးနှံက အောက်ပိုင်းတွေပဲ အများဆုံး စိုက်လို့ရတယ်။ အပူပိုင်း သီးနှံကော၊ သမပိုင်း သီးနှံတွေကော မြန်မာပြည်မှာ စိုက်လို့ရတယ်။ သူတို့တိုင်းပြည် က အအေးပိုင်းဘက် ပိုများတဲ့အတွက်ကြောင့် အပူပိုင်းသီးနှံတွေကို သူတို့ဆီမှာ မထွက်ဘူး။ မထွက်တော့ ကျွန်တော်တို့ တိုင်းပြည်၊ နောက် ယိုးဒယား၊ ဗီယက်နာမ်လို နိုင်ငံမျိုးတွေက သူတို့က ယူရတာပေါ့။ အဲတော့ တ ရုတ်ပြည်က လူဦးရေက တစ်နေ့တစ်ခြား များလာတယ်။ နည်းနည်းလဲ ပိုချမ်းသာလာတော့ သူတို့လိုအပ်ချက် က ရှိလာတယ်။ အဲတော့ စျေးကွက်ကြီးကတော့ ရှိလာမှာပဲ။ အဲတော့ ကိုယ်ဘက်က အမယ်စုံကို အရည်အ သွေးကောင်းတဲ့ သစ်သီးတွေထွက်ဖို့ လိုတာပေါ့။

မေး။ ။ စိုက်ပျိုးရေး ထွက်ကုန်တွေ၊ သီးနှံတွေမှာ အဓိက အရည်အသွေးပိုင်းက ပြဿာနာ ဖြစ်နေတယ်။ အရည်အသွေးပိုင်းအတွက် အသင်းအနေနဲ့ ဘာတွေလုပ်ဆောင်ပေးနေပါသလဲ။

ဖြေ။ ။ အခု Sustainable Agricuture Development And Food Quailty Initiative(SAFI) ပရော ဂျက်လုပ်ထားတယ်။ တောင်သူတွေအားလုံး စိုက်ပျိုးရေး အလေ့အကျင့်ကောင်း(GAP) အလေ့အကျင့် တွေရ အောင်။ ဖရဲသီးတို့၊ ဘာတို့ကို GAP နည်းနဲ့စိုက်မယ်။ ပြီးရင် မှုဆယ်ကုန်စည်ဒိုင်မှာ GAP ကောင်တာ တစ်ခု ထားပေးမယ်။ အဲလောက်ထိ အလေ့အကျင့် လုပ်လာမယ်။ GAP စိုက်တယ်။ သူ့မှာ အခွင့်အရေး မရှိဘူး။ ဒီအ တိုင်း တန်းတူရောင်းနေရရင် တောင်သူက ဘယ်စိုက်ပျိုးမလဲ။ GAP စိုက်မယ်ဆိုရင် သတ်မှတ်ချက်တွေအ တိုင်း သူကလုပ်ရတာ။ ရိုးရိုးစိုက်တာထက် သူက ပိုပြီးအာမခံချက် ပိုပေးရတယ်။ ကထိကထလဲ များတယ် လေ။ အဲလိုလုပ်ရတဲ့အတွက် သူကစျေးကောင်းရဖို့ လိုတယ်။ သူတို့ကိုဒါကြောင့် အခွင့်အရေးပေးဖို့ လိုတာပေါ့။ အဲအတွက်ကြောင့် ကုန်စည်ဒိုင်တွေကို ပြောထားတယ်။ GAP အရောင်းစင်တွေ လုပ်ပေးဖို့။ လမ်းမှာလဲ GAP နဲ့ သယ်လာတဲ့ ကားဆိုရင် ထောက်ခံချက်ရှိရင် ဦးစားပေးလွှတ်ပေးဖို့ ဆွေးနွေးထားပါတယ်။ ပြီးတော့ တစ်ခြား သင်တန်းတွေလည်း ပေးဖို့ရှိပါတယ်။ ဆွတ်ခူးတဲ့အချိန်မှာ ဥပမာ ရင့်မှည့်တဲ့ဟာမျိုး ဖြစ်ဖို့လိုတယ်။ အစက်အ ပြောက်တွေ၊ ရောဂါပိုးတွေ မရှိဖို့အတွက်တို့၊ ပြီးတော့ ခူးပြီးမှလုပ်တဲ့အပိုင်း ဒါတွေနဲ့ပက်သက်ပြီး သင်တန်း ပေးမယ်။ အခုလဲ ပေးနေတယ်။ ဒါပေမဲ့ ပိုပြီးအသေးစိတ် ပါလာမယ်။ စနစ် ပိုကျသွားမှာပေါ့။


မေး။ ။ မြန်မာနိုင်ငံရဲ့ သစ်သီးဝလံ အဓိက ပြည်ပစျေးကွက်တွေက ဘယ်နိုင်ငံတွေ ဖြစ်မလဲ။
ဖြေ။ ။ အဓိကကတော့ တရုတ်ကိုသွားတယ်။ ပြည်ပပို့တဲ့ပမာဏရဲ့ ၉၉ ရာခိုင်နှုန်းက တရုတ်ကိုသွာ း တာပဲ။ ယိုးဒယား၊ စင်ကာပူ၊ ဟောင်ကောင်လို နိုင်ငံတွေကို အထိုက်အလျောက် သွားပါတယ်။ စျေးကွက်ချဲ့ ထွင်တာကတော့ အထူးသဖြင့် စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ကုန်စည်ပြပွဲတွေဖြစ်တဲ့ ဥပမာ ကူမင်း ကုန်စည်ပြပွဲတွေမှာ သွားပြတယ်။ အခုဆိုလဲ လက်ဖက်နဲ့ ပက်သက်ပြီးတော့ အမေရိကန်ကို သွားပြဖို့ လက် ဖက်အသင်းက စီစဉ်နေတယ်။ ပထမဆုံးအကြိမ် သွားပြမှာပါ။ အသင်းကို ဖိတ်လာတာပါ။ အဆင့်တန်းမှီပြီး သွားနိုင်တာက လက်ဖက်က ကုန်ခြောက်လိုသဘောမျိုး ဖြစ်သွားတယ်။ သီးနှံကို အမေရိကား သွားပြဖို့ဆိုတာ က အများကြီးလုပ်ဖို့ လိုတယ်။


မေး။ ။ ပြည်ပ ၀ယ်လိုအားရှိပေမဲ့ မြန်မာနိုင်ငံအနေန့ တင်ပို့နိုင်ခြင်း မရှိတာမျိုးကော ရှိလား။ ဘယ် သီးနှံတွေများ ဖြစ်မလဲရှင့်။
ဖြေ။ ။ ရှိပါတယ်။ အများကြီးပါပဲ။ စိန်တလုံး ရှိမယ်။ ထောပတ်သီး၊ စတောဘယ်ရီ၊ အပူပိုင်းသီးနှံဆိုရင် နိုင်ငံခြားက လိုချင်တာချည်းပဲ။ ဂျာမနီ၊ အီးယူက လိုချင်တာပဲ။ တစ်လကို အနည်းဆုံး၊ နှစ်ဖွဲ့၊ သုံးဖွဲ့ လာမေး တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အဆင့်သင့် မဖြစ်တာတွေ များတယ်။ ဒါတွေပို့ဖို့အတွက်ဆိုရင် သူတို့လို အပ်ချက်နဲ့ ညီတဲ့ဟာကို လုပ်ပေးမှရမှာ။ ဒါပေမဲ့ သတ်မှတ်ချက် ရှိတယ်။ ဥပမာ စိန်တလုံးသီး ဂျပန်ကအရမ်း လိုချင်တယ်။ ရေနွေးငွေ့နဲ့ အပူပေးပြီးမှ ပိုးမွှားသတ်ထားတဲ့ စနစ်နဲ့လုပ်မှ သူတို့ဆီပို့နိုင်မယ်။ အဲဒီစနစ် မရှိသေး တဲ့အတွက်ကြောင့် ဒီနေ့ဂျပန်ကို လုံးဝပို့လို့မရဘူး။ အဲဒီစက်က မြန်မာပြည်မှာ အခုမှစမ်းသပ်တုန်း ရှိသေး တယ်။ အဲတာကလဲ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်ဆီ (JICA) က ပေးထားလို့၊ အ ဓိက ပိုးမွှားတွေကို စမ်းတာ။


မေး။ ။ ပြည်ပစျေးကွက် ၀ယ်လိုအားကို ပြည့်မှီအောင် ပို့နိုင်ဖို့ဆိုရင် အချိန်ဘယ်လောက် ယူရမလဲ။
ဖြေ။ ။ သီးနှံ တစ်ခုပေါ်မှာ အများကြီး မှုတည်တာပေါ့။ ဥပမာ ဖရဲတို့၊ သခွားတို့ဆိုရင် အဆင်သင့်ဖြစ် နေပြီ။ ပြီးတော့ macadamia ၊ ထောပတ်သီး ဆိုရင်တော့ အချိန် သုံးနှစ်လောက်ယူရင် ယူရမယ်။


မေး။ ။ စျေးကွက်ဝင် သီးနှံတွေ စိုက်ပျိုးထုတ်လုပ်ဖို့ အရည်အသွေးမီတဲ့ မျိုးကောင်းမျိုးသန့်တွေ လို အပ်ချက်ရှိနေတယ်ဆိုပြီး တောင်သူတွေ ညည်းငြူနေကြတာတွေ ရှိတယ်။ မျိုးကောင်းမျိုးသန့် ရရှိရေး ဘာလုပ် သင့်လဲ။
ဖြေ။ ။ မျိုးစေ့ လိုအပ်ချက်ရှိနေတော့ အသင်းအနေနဲ့လည်း နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပေါင်းစည်းဆောင် ရွက်ဖို့ ကြိုးပမ်းနေတယ်။ မျိုးစေ့လိုအပ်ချက်များတဲ့ သီးနှံတွေက ဖရဲ၊ သခွားနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အခု လောလောဆယ်တော့ ဟင်းသီးဟင်းရွက် မျိုးစေ့ဆိုရင် တရုတ်နဲ့၊ ယိုးဒယားက တင်သွင်းရတယ်။ အဓိက ဖရဲ့ မျိုးစေ့ လိုအပ်ချက်က အရမ်းများတယ်။ တစ်နှစ်ကို တန်ချိန် ၁၅ တန်လောက် လိုတယ်။ ပြည်တွင်းမှာ အနည်း အကျဉ်းပဲ ထုတ်တယ်။ အများစုက တရုတ်နိုင်ငံက တင်သွင်းနေရတယ်။ စျေးကလဲ အရမ်းများတယ်။


၀ယ်ချင်တိုင်းလဲ ၀ယ်လို့မရဘူး။ လက်သိပ်ထိုး ၀ယ်နေရတဲ့ အဆင့်မျိုးတွေ ရှိတယ်။ ဖရဲစိုက်ပျိုးမှု များရင် စျေး က တက်သွားပြန်ရော၊ ခုလမ်းကြောင်းက တရုတ်နယ်စပ်မှာရှိတဲ့ သစ်သီးဝလံရောင်းတဲ့ ပွဲရုံတွေကတစ်ဆင့် ယူ နေကြတာ။ အများစုက တရားမဝင်တင်သွင်းတာ ဒါကိုတရားဝင် ဖြစ်ဖို့အတွက်ကို အစိုးရကဆက်ပြီး လုပ်ရမှာ။ လုပ်တဲ့အခါမှာလည်း ကျွန်တော်တို့အသင်းက ပူးပေါင်းမှာပါ။ နောက်ပိုင်း GAP သွားဖို့ဆိုရင် တရားဝင်ဖြစ်ဖို့ လိုတယ်လေ။ တရားဝင်မဟုတ်ရင် လက်မှတ်ထုတ်ပေးလို့ မရဘူး။ ပြီးတော့ တရားမဝင်တဲ့အတွက်ကြောင့် ဒီ မျိုးစေ့အပေါ်မှာ အာမခံချက် လုံးဝမရှိဘူး။ မျိုး မငြိမ်တာတွေဖြစ်ရင် တောင်သူက ရောင်းရဝယ်ရ အခက်အခဲ ဖြစ်တယ်။ အဲတော့ ဖြေရှင်းချက် တောင်းလို့မရဘူး။ ဒါတွေကို ဌာနဆိုင်ရာတွေက တိတိကျကျ ဆောင်ရွက် ပေးဖို့ရယ်။ နောက်တစ်ခုက တရုတ်စျေးကွက်ကို သွားတဲ့အတွက် တရုတ်ကြိုက်တဲ့ မျိုးစေ့ကိုပဲ စိုက်ရတာ။ မျိုးစေ့ မရတော့ဘူးဆိုတာနဲ့ အခက်တွေ့ရော၊ တရုတ်ပေါ်မှာ အားလုံးမူတည်နေတယ်။ ဒါကြောင့် တရုတ်စျေး ကွက်ကလဲ ကြိုက်ရမယ်။ ပြည်တွင်းမှာလဲ ထုတ်လုပ်နိုင်တဲ့ အာမခံနိုင်တဲ့ မျိုးစေ့ထုတ်လုပ်တဲ့ လုပ်ငန်းတွေ လုပ်ပေးဖို့သင့်တဲ့အကြောင်း အစိုးရကို အသင်းအဖွဲ့တွေက တင်ပြထားကြပါတယ်။


ဟုတ်ကဲ့ အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် AMIA က ကျေးဇူးအထူး တင်ပါတယ် ရှင့်။

 

Leave a comment