Monday, March 25, 2019

ဓာတ္ပံု- producer.com

ကေနဒါ၊  ဒီဇင္ဘာ   ၁၄

ပဲအမ်ိဳးမ်ိဳးႏွင့္ ပတ္သက္လွ်င္ ကေနဒါႏိုင္ငံ၏ ပဲ စိုက္ပ်ိဳးထုတ္လုပ္မႈမ်ားျပားေၾကာင္း၊ ထိုကိစၥႏွင့္ ပတ္သက္၍ စိုးရိမ္ပူပန္မိေၾကာင္း ကေနဒါႏိုင္ငံရွိ Commodious Trading မွ ေဒးဗစ္နယူးမန္းက ေျပာသည္။

“ လူတိုင္းက ေရာင္းခ်င္တယ္၊ ေရာင္းစရာရွိေနတယ္ဆိုရင္ အဲဒါေတြ အကုန္ဝယ္မယ့္လူ ရွိပါေစလို႔သာ ဆုေတာင္းေပေတာ့’’ဟု သူက ေျပာသည္။

ယခုလက္ရွိ ပဲေစ်းကြက္ကို ကိုင္ထားသည္မွာ ေဆာင္းရာသီႏွင့္ ေႏြဦးရာသီးအတြင္း အိႏၵိယႏိုင္ငံ၏ အေျခအေနမ်ားျဖစ္ၿပီး အိႏၵိယမွာ ကမာၻတြင္ ပဲထုတ္လုပ္မႈ အမ်ားဆုံး၊ ပဲစားသုံးမႈ အမ်ားဆုံးႏိုင္ငံျဖစ္ရာ အိႏၵိယႏိုင္ငံ၏ အေျခအေနမ်ားက ပဲေစ်းကြက္ကို ႐ိုက္ခတ္သည္သာျဖစ္သည္။

“ ပဲေစ်းကြက္ကို အိႏၵိယျပည္တြင္း အေျခအေနေတြက အၿမဲတမ္း သက္ေရာက္မႈရွိတယ္’’ဟု နယူးမန္းက ေျပာသည္။

လက္ရွိ အိႏၵိယ၏ ပဲက႑မွာ မိုးေခါင္မႈ၊ ယခုႏွစ္တြင္ က်င္းပမည့္ အေထြေထြေ႐ြးေကာက္ပြဲ၏ အေျခအေနမ်ား၊ အိႏၵိယ ဗဟိုဘဏ္ႏွင့္ အစိုးရတို႔အၾကား ေငြေၾကးမူဝါဒအေပၚ သေဘာထားကြဲလြဲမႈမ်ားအေပၚ မူတည္ေနသည္။ ထိုမတိုင္ခင္ အိႏၵိယႏိုင္ငံတြင္ မိုးေခါင္ခဲ့ရာ ပဲမ်ားကို ျပည္ပမွ အမ်ားအျပား ဝယ္ယူတင္သြင္းခဲ့ရသည္။ ကေနဒါႏိုင္ငံမွာလည္း အိႏၵိယထံ ပဲေရာင္းခြင့္ရခဲ့ေသာ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါသည္။

“ သူတို႔အမ်ားႀကီးလိုတာ။ ကြၽန္ေတာ္တို႔မွာ ရွိသမွ် အကုန္ဝယ္သြားတယ္။ ဒါေပမယ့္ ဒါဟာလည္း တစ္ျခားေနရာမွာ ေရာင္းလို႔မရႏိုင္တဲ့ ေစ်းျမင့္တဲ့ ကုန္ေတြရွိေနတဲ့လူေတြအတြက္ေတာ့ ျပႆနာေပါ့ ’’ဟု နယူးမန္းကဆိုသည္။

ၿပီးခဲ့သည့္ႏွစ္အတြင္းက အိႏၵိယႏိုင္ငံသည္ ပဲမ်ားအေပၚ တင္သြင္းခြန္မ်ား တိုးျမႇင့္ေကာက္ခံလိုက္သည္။ ထိုကဲ့သို႔ တိုးျမႇင့္ေကာက္ခံျခင္းမွာ ဘာရတီယ ဂ်ာနာတာ ပါတီအေနျဖင့္ မဲဆႏၵရွင္အမ်ားစုျဖစ္ေသာ လယ္သမားမ်ား၏ မဲကို ရလိုသျဖင့္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ကေနဒါႏိုင္ငံ ပဲထုတ္လုပ္သူမ်ားထံတြင္ ရာသီေပၚ ပဲအမ်ားအျပားရွိေနေသာ္လည္း ၂၀၁၉ ခုႏွစ္ တြင္ စိုက္ပ်ိဳးမည့္ ပမာဏကေတာ့ က်သြားဖြယ္မရွိေၾကာင္း ၎က ခန႔္မွန္းသည္။

ပဲေစ်းကြက္အရ အိႏၵိယႏိုင္ငံအျပင္ ေတာင္အေမရိကႏွင့္ ဥေရာပတို႔မွာ ေစ်းကြက္ေကာင္းမ်ားျဖစ္ေသာ္လည္း ေျမာက္အာဖရိကႏွင့္ တူရကီတို႔မွ ကုန္သည္မ်ားကေတာ့ ေငြမေခ်ဘဲေနတတ္ေသာေၾကာင့္ မေကာင္းေသာ ေစ်းကြက္မ်ားျဖစ္သည္ဟု ဆိုသည္။

မင္းသူေအာင္(ဘာသာျပန္)

Source: The Western Producer.om

 

Unicode

ကနေဒါ၊ ဒီဇင်ဘာ ၁၄

ပဲအမျိုးမျိုးနှင့် ပတ်သက်လျှင် ကနေဒါနိုင်ငံ၏ ပဲ စိုက်ပျိုးထုတ်လုပ်မှု များပြားကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း ကနေဒါနိုင်ငံရှိ Commodious Trading မှ ဒေးဗစ်နယူးမန်းက ပြောသည်။

“ လူတိုင်းက ရောင်းချင်တယ်၊ ရောင်းစရာ ရှိနေတယ်ဆိုရင် အဲဒါတွေ အကုန်ဝယ်မယ့်လူ ရှိပါစေလို့သာ ဆု တောင်းပေတော့’’ ဟု သူက ပြောသည်။

ယခုလက်ရှိ ပဲစျေးကွက်ကို ကိုင်ထားသည်မှာ ဆောင်းရာသီနှင့် နွေဦးရာသီးအတွင်း အိန္ဒိယနိုင်ငံ၏ အခြေအ နေများဖြစ်ပြီး အိန္ဒိယမှာ ကမ္ဘာတွင် ပဲထုတ်လုပ်မှု အများဆုံး၊ ပဲစားသုံးမှု အများဆုံးနိုင်ငံဖြစ်ရာ အိန္ဒိယနိုင်ငံ၏ အခြေအနေများက ပဲစျေးကွက်ကို ရိုက်ခတ်သည်သာ ဖြစ်သည်။

“ ပဲစျေးကွက်ကို အိန္ဒိယပြည်တွင်း အခြေအနေတွေက အမြဲတမ်း သက်ရောက်မှု ရှိတယ်’’ ဟု နယူးမန်းက ပြော သည်။

လက်ရှိ အိန္ဒိယ၏ ပဲကဏ္ဍမှာ မိုးခေါင်မှု၊ ယခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၏ အခြေအနေများ၊ အိန္ဒိယ ဗဟိုဘဏ်နှင့် အစိုးရတို့အကြား ငွေကြေးမူဝါဒအပေါ် သဘောထား ကွဲလွဲမှုများအပေါ် မူတည်နေ သည်။ ထိုမတိုင်ခင် အိန္ဒိယနိုင်ငံတွင် မိုးခေါင်ခဲ့ရာ ပဲများကို ပြည်ပမှ အများအပြား ဝယ်ယူတင်သွင်းခဲ့ရသည်။ ကနေဒါနိုင်ငံမှာလည်း အိန္ဒိယထံ ပဲရောင်းခွင့်ရခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။

“ သူတို့အများကြီး လိုတာ။ ကျွန်တော်တို့မှာ ရှိသမျှ အကုန်ဝယ်သွားတယ်။ ဒါပေမယ့် ဒါဟာလည်း တစ်ခြားနေ ရာမှာ ရောင်းလို့မရနိုင်တဲ့ စျေးမြင့်တဲ့ ကုန်တွေရှိနေတဲ့ လူတွေအတွက်တော့ ပြဿနာပေါ့ ’’ ဟု နယူးမန်းက ဆိုသည်။

ပြီးခဲ့သည့် နှစ်အတွင်းက အိန္ဒိယနိုင်ငံသည် ပဲများအပေါ် တင်သွင်းခွန်များ တိုးမြှင့်ကောက်ခံလိုက်သည်။ ထိုကဲ့ သို့ တိုးမြှင့်ကောက်ခံခြင်းမှာ ဘာရတီယ ဂျာနာတာ ပါတီအနေဖြင့် မဲဆန္ဒရှင် အများစုဖြစ်သော လယ်သမား များ၏ မဲကို ရလိုသဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကနေဒါနိုင်ငံ ပဲထုတ်လုပ်သူများထံတွင် ရာသီပေါ် ပဲအများအပြား ရှိနေသော်လည်း ၂၀၁၉ ခုနှစ် တွင် စိုက်ပျိုးမည့် ပမာဏကတော့ ကျသွားဖွယ်မရှိကြောင်း ၎င်းက ခန့်မှန်းသည်။

ပဲစျေးကွက်အရ အိန္ဒိယနိုင်ငံအပြင် တောင်အမေရိကနှင့် ဥရောပတို့မှာ စျေးကွက်ကောင်းများ ဖြစ်သော်လည်း မြောက်အာဖရိကနှင့် တူရကီတို့မှ ကုန်သည်များကတော့ ငွေမချေဘဲ နေတတ်သောကြောင့် မကောင်းသော စျေးကွက်များ ဖြစ်သည်ဟု ဆိုသည်။
မင်းသူအောင်(ဘာသာပြန်)

Source: The Western Producer.om

 

 

Leave a comment