Monday, March 25, 2019

ဓာတ္ပံု- News Click

နယူးေဒလီ၊ ဒီဇင္ဘာ ၁၉

 

“ စိုက္ပ်ိဳးေရးမွာသာ တစ္ခုခု မွားယြင္းသြားရင္ ဒီႏိုင္ငံမွာ ဘာမွလုပ္လို႔ မရေတာ့ဘူး ’’

                                                                             အမ္. အက္စ္. ဆြာမီနသန္

အိႏၵိယႏိုင္ငံက လယ္သမားေတြရဲ႕ ဒုကၡသုကၡေတြက အထူးတလဲကို ေျပာေနစရာ မလိုေလာက္ေအာင္ ထင္ သာျမင္သာ ရွိေနၿပီးသားပါ။ မၾကာေသးခင္က လယ္သမားေတြ ႀကဳံခဲ့ရတာေတြက သက္ေသပါပဲ။ တယ္လန္ ဂါနာျပည္နယ္ အစိုးရက လုပ္ေနတဲ့ လယ္တစ္ဧကကို ႐ူပီး ၄,၀၀၀ ႏွစ္ႏွစ္တစ္ႀကိမ္ ေထာက္ပံ့တဲ့ Rythu Bandhu Scheme (RBS) ဆိုတဲ့ အစီအစဥ္ဟာ အေမွာင္ထုထဲက အလင္းစေလး တစ္စပါ။ ဒီအစီအစဥ္မွာ ႏိုင္ ငံေရးအကြက္ေတြ ပါတယ္ဆိုၿပီး ျငင္းခုန္ေနတာေတြကို ဖယ္လိုရင္ ဒီအစီအစဥ္ရဲ႕ အက်ိဳးကေတာ့ ေဆြးေႏြး သင့္တဲ့ အေၾကာင္းအရာ တစ္ခုပါပဲ။

လူဦးေရ ၃၆ သန္းရွိတဲ့ တယ္လန္ဂါနာျပည္နယ္မွာ လူဦးရဲ႕ တစ္ဝက္ေက်ာ္က လယ္ယာလုပ္ငန္း၊ လယ္ယာနဲ႔ ဆက္စပ္တဲ့လုပ္ငန္းကို လုပ္ကိုင္ေနၾကတာပါ။ အဲဒီလယ္သမားေတြထဲကမွာ ၈၅ ရာခိုင္ႏႈန္းေက်ာ္က ဆင္းရဲတဲ့ လယ္သမားေတြပါ။

သူတို႔အားလုံးေပါင္း ပိုဆိုင္တဲ့ လယ္ယာေျမဟာ ျပည္နယ္အတြင္းက လယ္ယာေျမရဲ႕ ၃၄ ရာခိုင္ႏႈန္း (သုံးပုံ တစ္ပုံ)ပဲ ရွိပါတယ္။ အေသးစားလယ္သမားေတြ ပိုင္ဆိုင္တာကေတာ့ ၁၃ ရာခိုင္ႏႈန္း(ဆယ္ပုံတစ္ပုံေက်ာ္) ပဲရွိ ပါတယ္။ ၿပီးေတာ့ ဒီျပည္နယ္က ခ႐ိုင္အမ်ားစုက မိုးေခါင္ၾကတယ္။ လယ္ယာေျမေတြရဲ႕ ၆၃ ရာခိုင္ႏႈန္းေက်ာ္ ဟာ မိုးေကာင္းေတာေတြပါ။ စိုက္ပ်ိဳးထုတ္လုပ္မႈ အားလုံးဟာ မိုးအေပၚ မွီခိုေနၾကရတယ္။ စိုက္ခင္း အမ်ားစုကို လက္ယက္တြင္းေတြ၊ လက္တူးေရတြင္းထဲက ေရေတြနဲ႔ ေရေပးေဝတယ္။ အဲဒီေရတြင္းေတြဟာလည္း ခမ္းတာ တို႔၊ ေရနည္းလြန္းသြာတာတို႔ ျဖစ္တတ္တယ္။

ကိုယ့္ကိုယ္ကို သတ္ေသတာေတြ၊ အေႂကြးႏြံနစ္တာေတြ၊ မလုံေလာက္တဲ့ ေငြေခ်းေပးမႈေတြေၾကာင့္ လယ္သ မား အေျမာက္အျမားဟာ ဆင္းရဲတြင္း နက္သထက္ နက္လာတယ္။ ဒါ့အျပင္ ဘ႑ာေရး ဝန္ေဆာင္မႈမရတာ၊ မိုးမမွန္တာ၊ စိုက္ပ်ိဳးစရိတ္ ပိုမ်ားလာတာ၊ အေႂကြးႏြံနစ္တာေတြဟာ ျပည္နယ္အတြင္းက လယ္လုပ္လက္စား ေတာင္သူေတြ၊ ေငြေၾကးမေျပလည္တဲ့ ေတာင္သူေတြကို ဗူးေလးရာ ဖ႐ုံဆင့္ဆိုသလို ပိုအခက္ႀကဳံေစတယ္။ ဒါဟာ အိႏၵိယ တစ္ႏိုင္ငံလုံးက လယ္သမားေတြ ႀကဳံေနရတဲ့ ဒုကၡသုကၡေတြပဲ။

စီမံကိန္း

ေငြေၾကး အရင္းအႏွီးအျဖစ္ လယ္ယာပိုင္ဆိုင္မႈျပႏိုင္တဲ့ လယ္သမားေတြကို စိုက္ပ်ိဳးရာသီအစမွာ တစ္ ဧက ႐ူပီး ၄,၀၀၀ (က်ပ္ ကိုးေသာင္းနီးပါး)ကို ႏွစ္ႏွစ္ တစ္ႀကိမ္ အစိုးရက ေထာက္ပံ့တယ္။ လယ္သမား ေျခာက္ သန္းနီးပါး ဒီစီမံကိန္းရဲ႕ အက်ိဳးကို ခံစားခြင့္ရမယ္လို႔ မွန္းထားၾကတယ္။

ဒီစီမံကိန္းကို လူေတာ္ေတာ္မ်ားမ်ား ဝမ္းေျမာက္ဝမ္းသာ ႀကိဳဆိုၾကတယ္။ တခ်ိဳ႕ကေတာ့ ႏိုင္ငံေရးေတြ ပါတယ္ ဆိုၿပီး မႀကိဳက္တာမ်ိဳးေတာ့ ရွိတယ္။ အစိုးရဟာ ၂၀၁၈-၁၉ ဘ႑ာႏွစ္မွာ ႐ူပီး ၁ဒသမ၂ ဘီလီယံ ခ်ထားေပး ထားတယ္။ လိမ္လည္ထုတ္ယူတာေတြ ရွိမွာစိုးတဲ့အတြက္ အစိုးရက လယ္သမားေတြကို ခ်က္လက္မွတ္ေတြပဲ ထုတ္ေပးပါတယ္။

ဒီစီမံကိန္းေၾကာင့္ပဲ ေတာင္အာဖရိက ႏိုင္ငံေတြမွာ လုပ္ေနတဲ့ မ်ိဳးေစ့က႑ ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းက South-South Cooperationနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ တယ္လန္ဂါနာ ျပည္နယ္အစိုးရနဲ႔ ကုလသမဂၢ စားနပ္ ရိကၡာအဖြဲ႕တို႔ မၾကာေသးခင္က ေဆြးေႏြးခဲ့ၾကေသးတယ္။ ဒါဟာ ကမာၻ႔အဆင့္မွာ ဒီစီမံကိန္းရဲ႕ အေရးပါပုံကို ျပေနတာပါ

တိုက္႐ိုက္ အရင္းအႏွီးအကူအညီ

အခုလုပ္ေနတဲ့ အဲဒီတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈ စီမံကိန္းဟာ အလွည့္အေျပာင္းမ်ားတဲ့ စိုက္ပ်ိဳးေရးေစ်းကြက္ ေၾကာင့္ လယ္သမားေတြ ဒုကၡမေရာက္ေအာင္ အကူအညီေပးတဲ့ ဝင္ေငြအစီအမံပါ။ တျခားလုပ္ေနတဲ့ တိုက္ ႐ိုက္ေထာက္ပံ့မႈ အစီအစဥ္ေတြနဲ႔ မတူတာက ဒီစီမံကိန္းက အေကာင္အထည္ေဖာ္ရ လြယ္ကူတယ္။

ကမာၻမွာေတာ့ တ႐ုတ္ကလည္း ဒီစီမံကိန္းလို အလားတူစီမံကိန္းေတြကို ဘက္စုံအကူအညီေပးေရး စီမံကိန္း ဆိုတဲ့ အမည္နဲ႔ လုပ္ေနတာရွိတယ္။

အဲဒီစီမံကိန္းက လယ္သမားေတြအတြက္ စိုက္ပ်ိဳးေရးဆိုင္ရာ အေထာက္အပံ့ကို ဧကအလိုက္ ေပးတယ္။ စိုက္ ပ်ိဳးရာမွာ ထည့္သြင္းရတဲ့ သြင္းအားစုအေျချပဳ အရံအေထာက္အပံ့ စီမံကိန္းေတြအားလုံးကို ေပါင္းလိုက္ၿပီး ဟက္တာအလိုက္ ေငြအလုံးအခဲလိုက္ ေပးတာဟာ တ႐ုတ္စိုးရက တျဖည္းျဖည္းနဲ႔ တိုက္႐ိုက္အရင္းအႏွီး အကူ အညီေပးတဲ့ စီမံကိန္းဘက္ ေျပာင္းလာေနတာကို ျပေနပါတယ္။ ပိုၿပီး အေရးႀကီးတာက အိႏၵိယမွာ အေကာင္ အထည္ေဖာ္ေနတဲ့ RBS စီမံကိန္းက အေကာင္အထည္ေဖာ္ရ လြယ္ကူတယ္။ ပြင့္လင္းျမင္သာမႈ ရွိတယ္။ ေငြရ လြယ္တယ္။ သီးႏွံအလိုက္ ခြဲျခားတာမရွိဘူး။ စိုက္ပ်ိဳးေရးေစ်းကြက္ စနစ္ကို မပ်က္ေစဘူး။ ၾကားခံေတြ သိပ္ မရွိဘူး။

RBS ရဲ႕ အက်ိဳး

ေငြေၾကးရရွိမႈ အေျခအေနအရၾကည့္ရင္ ဒီစီမံကိန္းဟာ စိုက္ပ်ိဳးထုတ္လုပ္ေရးအတြက္ လက္သမားေတြ လက္ ထဲကို ေငြသားထည့္ေပးတယ္။ ဒါဟာ ဆင္းရဲတဲ့ လယ္သမားေတြကို မိမိရဲ႕ ေငြေၾကးပိုင္ဆိုင္မႈ တိုးလာႏိုင္ ေအာင္ အကူအညီေပးတယ္။ အစားအေသာက္ထုတ္လုပ္ေရးမွာ ပါဝင္ႏိုင္ေအာင္ အကူအညီေပးတယ္။

ဒီပမာဏဟာ ဘဏ္ေတြကေပးေနတဲ့ သီးႏွံေခ်းေငြေတြနဲ႔ သိပ္မတူလွဘူး။ ဘဏ္ေတြက ေပးတဲ့ ေခ်းေငြက ျပန္ဆပ္ရမွာျဖစ္တဲ့အတြက္ လယ္သမားေတြရဲ႕ ေငြေၾကးအေျခခိုင္မႈကို ေလ်ာ့ပါးေစတယ္။ ဒီစီမံကိန္းကေတာ့ ျပန္ဆပ္စရာမလိုတဲ့အတြက္ လယ္သမားေတြကို ေငြေၾကးအေျခ ခိုင္ေစတယ္။ လယ္သမားေတြလက္ထဲ အိမ္ အေရာက္ ေငြေၾကးဝန္ေဆာင္မႈ ေပးဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ၁၉၇၆ ခုႏွစ္က ထူေထာင္ခဲ့ေဒ ေဒသဆိုင္ရာ ေက်း လက္ဘဏ္ေတြဟာလည္း အခုအခါမွာေတာ့ အက်ိဳးအျမတ္ကို ေရွးရႈၿပီးေတာ့ ၿမိဳ႕ျပကို ေ႐ႊ႕လာၾကေတာ့ လယ္ သမားေတြနဲ႔ ကင္းကြာေနတယ္။

ဝယ္လိုအားဘက္က ၾကည့္ရင္လည္း အစားအစာထုတ္လုပ္ေရးမွာ မလုံေလာက္မႈေတြ ရွိေနတယ္။ ဒါေၾကာင့္ သြင္းအားစုဘက္မွာ အဟန႔္အတားေတြက ေစ်းကို ျမင့္ေစတယ္။ ဒီေတာ့ သံသရာလည္ေနတဲ့ ဒီအဟန႔္အတား ေတြကို ခ်ိဳးေဖာက္ဖို႔အတြက္ RBS စီမံကိန္းက ထုတ္လုပ္မႈ ျမင့္မားေစေရး လယ္ယာအရင္းအႏွီး က႑ထဲကို ေငြေၾကး ထည့္သြင္းေပးတယ္။

ဒီစီမံကိန္းကို အိႏၵိယတစ္ႏိုင္ငံလုံးမွာ အေကာင္အထည္ေဖာ္ႏိုင္ရင္ အစားအစာထုတ္လုပ္ေရး တက္လာႏိုင္ပါ တယ္။ စိုက္ပ်ိဳးေရးမွာ ေငြေၾကးေထာက္ပံ့ျခင္းဟာ ေစ်းကြက္အေျချပဳ လုံၿခဳံမႈေပးႏိုင္တယ္လို႔ ကမာၻ႔ဘဏ္က ဆိုတယ္။ ၿပီးေတာ့ စိုက္ပ်ိဳးေရးေစ်းကြက္ထဲမွာ ရွိေနတဲ့ အေျပာင္းအလဲ ျမန္တာေတြကို ေလွ်ာ့ခ်ေပးပါလိမ့္မယ္။

အႏၲရာယ္မ်ား

လူေတြကို အကူအညီေပးေရးဆိုင္တဲ့ စီမံကိန္းက အေဝဖန္ေတာ့ မလြတ္ပါဘူး။ ဒီစံကိန္းဟာလည္း ေကာင္း တယ္ဆိုေပမယ့္ ေဝဖန္တာေတာ့ ခံရပါတယ္။ စီးပြားေရး ပညာရွင္ေတြကေတာ့ ဒီစီမံကိန္းဟာ လယ္သမား ေတြကို ဖြံ႕ၿဖိဳးတိုးတက္ေစမယ့္ ဝန္းက်င္ေကာင္း ဖန္တီးေပးတယ္လို႔ ယူဆၾကပါတယ္။ အစိုးရက ကာကြယ္ လြန္းေနရင္လည္း စာရိတၱဆိုင္ရာ ပ်က္ယြင္းမႈေတြ ျဖစ္လာႏိုင္ပါတယ္။

လႊတ္ေပးလိုက္ရင္ ဆိုးက်ိဳးမ်ား ႏိုင္တဲ့အတြက္ ထိန္းခ်ဳပ္ထားတဲ့အေျခအေနထဲမွာ လယ္သမားေတြကို ထားရပါ တယ္။ ေနာက္ျပႆနာ တစ္ခုကေတာ့ ဘယ္လယ္သမားေတြကို စီမံကိန္းထဲ ပါေစမလဲဆိုတာပါပဲ။ ဥပမာဆိုရင္ တယ္လန္ဂါနာျပည္နယ္က လယ္သမားေတြရဲ႕ ေလးဆယ္ရာခိုင္ႏႈန္းေသာ သူရင္းငွား လယ္သမားေတြကို ဒီစီမံ ကိန္းထဲမွာ ထည့္သြင္းထားျခင္း မရွိပါဘူး။ သူရင္းငွား လယ္သမားေတြအျပင္ ခ်မ္းသာတဲ့၊ ဥစၥာပစၥည္းျပည့္စုံတဲ့ လယ္သမားေတြကိုလည္း ဒီစီမံကိန္းထဲမွာ ထြည့္သြင္းထားျခင္း မရွိပါဘူး။ ဒီေတာ့ ျပႆနာကေတာ့ လယ္သ မားေတြကို ဒီစီမံကိန္းထဲ ထည့္သြင္းျခင္း၊ ဖယ္ထုတ္ထားျခင္းပါ။ ခ်မ္းသာတဲ့ လယ္သမားေတြကို ေငြေၾကး ေထာက္ပံ့ေပးၿပီး တိုင္းျပည္ဘ႑ာေငြကို ျဖဳန္းတီးပစ္တာဟာ ဆင္းရဲမြဲေတမႈ ေလွ်ာ့ခ်ေရးစီမံကိန္းရဲ႕ ရည္႐ြယ္ ခ်က္ပါ။

ဘာဆက္လုပ္မလဲ

အႏွစ္ခ်ဳပ္ၿပီး ေျပာရရင္ စိုက္ပ်ိဳးေရး ထုတ္လုပ္မႈ ျမႇင့္တင္ျခင္း၊ လယ္သမားေတြအတြက္ ေရရွည္တည္တံ့မႈရွိတဲ့ ဝင္ေငြဖန္တီးေပးျခင္း၊ အေႂကြးႏြံတြင္း က်ဆင္းျခင္း၊ ေနာက္ဆုံးေပၚနည္းပညာေတြ သုံးျခင္း၊ ဝင္ေငြနည္း လယ္ သမားေတြကို တိုးတက္ေအာင္ လုပ္ျခင္း၊ စိုက္ပ်ိဳးေရးေစ်းကြက္ စဥ္ဆက္မျပတ္ ရရွိမႈ၊ အစားအေသာက္ ေဖာင္း ပြမႈနဲ႔ ပတ္သက္ၿပီး အေျပာင္းအလဲေတြဟာ ေရတို၊ ေရရွည္ တည္တံ့တဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈေတြပါပဲ။

မင္းသူေအာင္(ဘာသာျပန္)

Source: The Hans India

 

Unicode

နယူးဒေလီ၊ ဒီဇင်ဘာ ၁၉

 

“ စိုက်ပျိုးရေးမှာသာ တစ်ခုခု မှားယွင်းသွားရင် ဒီနိုင်ငံမှာ ဘာမှလုပ်လို့ မရတော့ဘူး ’’

                                                                           အမ်. အက်စ်. ဆွာမီနသန်

အိန္ဒိယနိုင်ငံက လယ်သမားတွေရဲ့ ဒုက္ခသုက္ခတွေက အထူးတလဲကို ပြောနေစရာ မလိုလောက်အောင် ထင် သာမြင်သာ ရှိနေပြီးသားပါ။ မကြာသေးခင်က လယ်သမားတွေ ကြုံခဲ့ရတာတွေက သက်သေပါပဲ။ တယ်လန် ဂါနာပြည်နယ် အစိုးရက လုပ်နေတဲ့ လယ်တစ်ဧကကို ရူပီး ၄,၀၀၀ နှစ်နှစ်တစ်ကြိမ် ထောက်ပံ့တဲ့ Rythu Bandhu Scheme (RBS) ဆိုတဲ့ အစီအစဉ်ဟာ အမှောင်ထုထဲက အလင်းစလေး တစ်စပါ။ ဒီအစီအစဉ်မှာ နိုင် ငံရေးအကွက်တွေ ပါတယ်ဆိုပြီး ငြင်းခုန်နေတာတွေကို ဖယ်လိုရင် ဒီအစီအစဉ်ရဲ့ အကျိုးကတော့ ဆွေးနွေး သင့်တဲ့ အကြောင်းအရာ တစ်ခုပါပဲ။

လူဦးရေ ၃၆ သန်းရှိတဲ့ တယ်လန်ဂါနာပြည်နယ်မှာ လူဦးရဲ့ တစ်ဝက်ကျော်က လယ်ယာလုပ်ငန်း၊ လယ်ယာနဲ့ ဆက်စပ်တဲ့လုပ်ငန်းကို လုပ်ကိုင်နေကြတာပါ။ အဲဒီလယ်သမားတွေထဲကမှာ ၈၅ ရာခိုင်နှုန်းကျော်က ဆင်းရဲတဲ့ လယ်သမားတွေပါ။

သူတို့အားလုံးပေါင်း ပိုဆိုင်တဲ့ လယ်ယာမြေဟာ ပြည်နယ်အတွင်းက လယ်ယာမြေရဲ့ ၃၄ ရာခိုင်နှုန်း (သုံးပုံ တစ်ပုံ)ပဲ ရှိပါတယ်။ အသေးစားလယ်သမားတွေ ပိုင်ဆိုင်တာကတော့ ၁၃ ရာခိုင်နှုန်း(ဆယ်ပုံတစ်ပုံကျော်) ပဲရှိ ပါတယ်။ ပြီးတော့ ဒီပြည်နယ်က ခရိုင်အများစုက မိုးခေါင်ကြတယ်။ လယ်ယာမြေတွေရဲ့ ၆၃ ရာခိုင်နှုန်းကျော် ဟာ မိုးကောင်းတောတွေပါ။ စိုက်ပျိုးထုတ်လုပ်မှု အားလုံးဟာ မိုးအပေါ် မှီခိုနေကြရတယ်။ စိုက်ခင်း အများစုကို လက်ယက်တွင်းတွေ၊ လက်တူးရေတွင်းထဲက ရေတွေနဲ့ ရေပေးဝေတယ်။ အဲဒီရေတွင်းတွေဟာလည်း ခမ်းတာ တို့၊ ရေနည်းလွန်းသွာတာတို့ ဖြစ်တတ်တယ်။

ကိုယ့်ကိုယ်ကို သတ်သေတာတွေ၊ အကြွေးနွံနစ်တာတွေ၊ မလုံလောက်တဲ့ ငွေချေးပေးမှုတွေကြောင့် လယ်သ မား အမြောက်အမြားဟာ ဆင်းရဲတွင်း နက်သထက် နက်လာတယ်။ ဒါ့အပြင် ဘဏ္ဍာရေး ဝန်ဆောင်မှုမရတာ၊ မိုးမမှန်တာ၊ စိုက်ပျိုးစရိတ် ပိုများလာတာ၊ အကြွေးနွံနစ်တာတွေဟာ ပြည်နယ်အတွင်းက လယ်လုပ်လက်စား တောင်သူတွေ၊ ငွေကြေးမပြေလည်တဲ့ တောင်သူတွေကို ဗူးလေးရာ ဖရုံဆင့်ဆိုသလို ပိုအခက်ကြုံစေတယ်။ ဒါဟာ အိန္ဒိယ တစ်နိုင်ငံလုံးက လယ်သမားတွေ ကြုံနေရတဲ့ ဒုက္ခသုက္ခတွေပဲ။

စီမံကိန်း

ငွေကြေး အရင်းအနှီးအဖြစ် လယ်ယာပိုင်ဆိုင်မှုပြနိုင်တဲ့ လယ်သမားတွေကို စိုက်ပျိုးရာသီအစမှာ တစ် ဧက ရူပီး ၄,၀၀၀ (ကျပ် ကိုးသောင်းနီးပါး)ကို နှစ်နှစ် တစ်ကြိမ် အစိုးရက ထောက်ပံ့တယ်။ လယ်သမား ခြောက် သန်းနီးပါး ဒီစီမံကိန်းရဲ့ အကျိုးကို ခံစားခွင့်ရမယ်လို့ မှန်းထားကြတယ်။

ဒီစီမံကိန်းကို လူတော်တော်များများ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြတယ်။ တချို့ကတော့ နိုင်ငံရေးတွေ ပါတယ် ဆိုပြီး မကြိုက်တာမျိုးတော့ ရှိတယ်။ အစိုးရဟာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ရူပီး ၁ဒသမ၂ ဘီလီယံ ချထားပေး ထားတယ်။ လိမ်လည်ထုတ်ယူတာတွေ ရှိမှာစိုးတဲ့အတွက် အစိုးရက လယ်သမားတွေကို ချက်လက်မှတ်တွေပဲ ထုတ်ပေးပါတယ်။

ဒီစီမံကိန်းကြောင့်ပဲ တောင်အာဖရိက နိုင်ငံတွေမှာ လုပ်နေတဲ့ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းက South-South Cooperationနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တယ်လန်ဂါနာ ပြည်နယ်အစိုးရနဲ့ ကုလသမဂ္ဂ စားနပ် ရိက္ခာအဖွဲ့တို့ မကြာသေးခင်က ဆွေးနွေးခဲ့ကြသေးတယ်။ ဒါဟာ ကမ္ဘာ့အဆင့်မှာ ဒီစီမံကိန်းရဲ့ အရေးပါပုံကို ပြနေတာပါ

တိုက်ရိုက် အရင်းအနှီးအကူအညီ

အခုလုပ်နေတဲ့ အဲဒီတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဟာ အလှည့်အပြောင်းများတဲ့ စိုက်ပျိုးရေးစျေးကွက် ကြောင့် လယ်သမားတွေ ဒုက္ခမရောက်အောင် အကူအညီပေးတဲ့ ဝင်ငွေအစီအမံပါ။ တခြားလုပ်နေတဲ့ တိုက် ရိုက်ထောက်ပံ့မှု အစီအစဉ်တွေနဲ့ မတူတာက ဒီစီမံကိန်းက အကောင်အထည်ဖော်ရ လွယ်ကူတယ်။

ကမ္ဘာမှာတော့ တရုတ်ကလည်း ဒီစီမံကိန်းလို အလားတူစီမံကိန်းတွေကို ဘက်စုံအကူအညီပေးရေး စီမံကိန်း ဆိုတဲ့ အမည်နဲ့ လုပ်နေတာရှိတယ်။

အဲဒီစီမံကိန်းက လယ်သမားတွေအတွက် စိုက်ပျိုးရေးဆိုင်ရာ အထောက်အပံ့ကို ဧကအလိုက် ပေးတယ်။ စိုက် ပျိုးရာမှာ ထည့်သွင်းရတဲ့ သွင်းအားစုအခြေပြု အရံအထောက်အပံ့ စီမံကိန်းတွေအားလုံးကို ပေါင်းလိုက်ပြီး ဟက်တာအလိုက် ငွေအလုံးအခဲလိုက် ပေးတာဟာ တရုတ်စိုးရက တဖြည်းဖြည်းနဲ့ တိုက်ရိုက်အရင်းအနှီး အကူ အညီပေးတဲ့ စီမံကိန်းဘက် ပြောင်းလာနေတာကို ပြနေပါတယ်။ ပိုပြီး အရေးကြီးတာက အိန္ဒိယမှာ အကောင် အထည်ဖော်နေတဲ့ RBS စီမံကိန်းက အကောင်အထည်ဖော်ရ လွယ်ကူတယ်။ ပွင့်လင်းမြင်သာမှု ရှိတယ်။ ငွေရ လွယ်တယ်။ သီးနှံအလိုက် ခွဲခြားတာမရှိဘူး။ စိုက်ပျိုးရေးစျေးကွက် စနစ်ကို မပျက်စေဘူး။ ကြားခံတွေ သိပ် မရှိဘူး။

RBS ရဲ့ အကျိုး

ငွေကြေးရရှိမှု အခြေအနေအရကြည့်ရင် ဒီစီမံကိန်းဟာ စိုက်ပျိုးထုတ်လုပ်ရေးအတွက် လက်သမားတွေ လက် ထဲကို ငွေသားထည့်ပေးတယ်။ ဒါဟာ ဆင်းရဲတဲ့ လယ်သမားတွေကို မိမိရဲ့ ငွေကြေးပိုင်ဆိုင်မှု တိုးလာနိုင် အောင် အကူအညီပေးတယ်။ အစားအသောက်ထုတ်လုပ်ရေးမှာ ပါဝင်နိုင်အောင် အကူအညီပေးတယ်။

ဒီပမာဏဟာ ဘဏ်တွေကပေးနေတဲ့ သီးနှံချေးငွေတွေနဲ့ သိပ်မတူလှဘူး။ ဘဏ်တွေက ပေးတဲ့ ချေးငွေက ပြန်ဆပ်ရမှာဖြစ်တဲ့အတွက် လယ်သမားတွေရဲ့ ငွေကြေးအခြေခိုင်မှုကို လျော့ပါးစေတယ်။ ဒီစီမံကိန်းကတော့ ပြန်ဆပ်စရာမလိုတဲ့အတွက် လယ်သမားတွေကို ငွေကြေးအခြေ ခိုင်စေတယ်။ လယ်သမားတွေလက်ထဲ အိမ် အရောက် ငွေကြေးဝန်ဆောင်မှု ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၇၆ ခုနှစ်က ထူထောင်ခဲ့ဒေ ဒေသဆိုင်ရာ ကျေး လက်ဘဏ်တွေဟာလည်း အခုအခါမှာတော့ အကျိုးအမြတ်ကို ရှေးရှုပြီးတော့ မြို့ပြကို ရွှေ့လာကြတော့ လယ် သမားတွေနဲ့ ကင်းကွာနေတယ်။

ဝယ်လိုအားဘက်က ကြည့်ရင်လည်း အစားအစာထုတ်လုပ်ရေးမှာ မလုံလောက်မှုတွေ ရှိနေတယ်။ ဒါကြောင့် သွင်းအားစုဘက်မှာ အဟန့်အတားတွေက စျေးကို မြင့်စေတယ်။ ဒီတော့ သံသရာလည်နေတဲ့ ဒီအဟန့်အတား တွေကို ချိုးဖောက်ဖို့အတွက် RBS စီမံကိန်းက ထုတ်လုပ်မှု မြင့်မားစေရေး လယ်ယာအရင်းအနှီး ကဏ္ဍထဲကို ငွေကြေး ထည့်သွင်းပေးတယ်။

ဒီစီမံကိန်းကို အိန္ဒိယတစ်နိုင်ငံလုံးမှာ အကောင်အထည်ဖော်နိုင်ရင် အစားအစာထုတ်လုပ်ရေး တက်လာနိုင်ပါ တယ်။ စိုက်ပျိုးရေးမှာ ငွေကြေးထောက်ပံ့ခြင်းဟာ စျေးကွက်အခြေပြု လုံခြုံမှုပေးနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုတယ်။ ပြီးတော့ စိုက်ပျိုးရေးစျေးကွက်ထဲမှာ ရှိနေတဲ့ အပြောင်းအလဲ မြန်တာတွေကို လျှော့ချပေးပါလိမ့်မယ်။

အန္တရာယ်များ

လူတွေကို အကူအညီပေးရေးဆိုင်တဲ့ စီမံကိန်းက အဝေဖန်တော့ မလွတ်ပါဘူး။ ဒီစံကိန်းဟာလည်း ကောင်း တယ်ဆိုပေမယ့် ဝေဖန်တာတော့ ခံရပါတယ်။ စီးပွားရေး ပညာရှင်တွေကတော့ ဒီစီမံကိန်းဟာ လယ်သမား တွေကို ဖွံ့ဖြိုးတိုးတက်စေမယ့် ဝန်းကျင်ကောင်း ဖန်တီးပေးတယ်လို့ ယူဆကြပါတယ်။ အစိုးရက ကာကွယ် လွန်းနေရင်လည်း စာရိတ္တဆိုင်ရာ ပျက်ယွင်းမှုတွေ ဖြစ်လာနိုင်ပါတယ်။

လွှတ်ပေးလိုက်ရင် ဆိုးကျိုးများ နိုင်တဲ့အတွက် ထိန်းချုပ်ထားတဲ့အခြေအနေထဲမှာ လယ်သမားတွေကို ထားရပါ တယ်။ နောက်ပြဿနာ တစ်ခုကတော့ ဘယ်လယ်သမားတွေကို စီမံကိန်းထဲ ပါစေမလဲဆိုတာပါပဲ။ ဥပမာဆိုရင် တယ်လန်ဂါနာပြည်နယ်က လယ်သမားတွေရဲ့ လေးဆယ်ရာခိုင်နှုန်းသော သူရင်းငှား လယ်သမားတွေကို ဒီစီမံ ကိန်းထဲမှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ သူရင်းငှား လယ်သမားတွေအပြင် ချမ်းသာတဲ့၊ ဥစ္စာပစ္စည်းပြည့်စုံတဲ့ လယ်သမားတွေကိုလည်း ဒီစီမံကိန်းထဲမှာ ထွည့်သွင်းထားခြင်း မရှိပါဘူး။ ဒီတော့ ပြဿနာကတော့ လယ်သ မားတွေကို ဒီစီမံကိန်းထဲ ထည့်သွင်းခြင်း၊ ဖယ်ထုတ်ထားခြင်းပါ။ ချမ်းသာတဲ့ လယ်သမားတွေကို ငွေကြေး ထောက်ပံ့ပေးပြီး တိုင်းပြည်ဘဏ္ဍာငွေကို ဖြုန်းတီးပစ်တာဟာ ဆင်းရဲမွဲတေမှု လျှော့ချရေးစီမံကိန်းရဲ့ ရည်ရွယ် ချက်ပါ။

a

အနှစ်ချုပ်ပြီး ပြောရရင် စိုက်ပျိုးရေး ထုတ်လုပ်မှု မြှင့်တင်ခြင်း၊ လယ်သမားတွေအတွက် ရေရှည်တည်တံ့မှုရှိတဲ့ ဝင်ငွေဖန်တီးပေးခြင်း၊ အကြွေးနွံတွင်း ကျဆင်းခြင်း၊ နောက်ဆုံးပေါ်နည်းပညာတွေ သုံးခြင်း၊ ဝင်ငွေနည်း လယ် သမားတွေကို တိုးတက်အောင် လုပ်ခြင်း၊ စိုက်ပျိုးရေးစျေးကွက် စဉ်ဆက်မပြတ် ရရှိမှု၊ အစားအသောက် ဖောင်း ပွမှုနဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေဟာ ရေတို၊ ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေပါပဲ။

မင်းသူအောင်(ဘာသာပြန်)

Source: The Hans India

 

 

 

 

 

 

 

Leave a comment