Wednesday, June 19, 2019

တရုတ္ႏိုင္ငံမွ ျမန္မာ့ေထာပတ္သီးကို ၀ယ္ယူလိုေသာ္လည္း တရား၀င္ တင္သြင္းခြင့္ မရရွိျခင္းေၾကာင့္ အခက္ေတြ႕ေနသည္။ ဓာတ္ပံု- စိုးခ်စ္ခ်စ္ပိုင္(AMIA)

ရန္ကုန္၊  ဇန္န၀ါရီ    ၃

 

ေစ်းကြက္အတြင္း၌ ေထာပတ္သီးမွာ ဝယ္လိုအား အလားအလာေကာင္းမ်ား ရွိေနသည္။ သို႔ေသာ္လည္း ျမန္မာ ႏိုင္ငံ၏ အဓိက ေထာပတ္သီး ဝယ္လက္ျဖစ္လာမည့္ တ႐ုတ္ဘက္မွ ေထာပတ္သီးကို တရားဝင္ တင္ပို႔ခြင့္ မ ျပဳေသးေပ။ ထိုအတြက္လည္း တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္ေရးကိစၥ ေဆြးေႏြးစဥ္က ထည့္သြင္းေဆြးေႏြးခဲ့ၿပီး ေထာပတ္သီး အပါအဝင္ သီးႏွံ ၅ မ်ိဳးကို တင္သြင္းခြင့္ျပဳရန္ ေတာင္းဆိုထားသည္။

 

ေထာပတ္သီးႏွင့္ ပတ္သက္၍ ေနာက္အခက္အခဲတစ္ခုမွ ထြက္ရွိေသာ ေထာပတ္သီးအမ်ိဳးအစားမွာ ဝယ္လို အားနည္းၿပီး ဝယ္လိုအားမ်ားေသာ ေထာပတ္သီးမ်ိဳးကို ျပည္တြင္းတြင္ အထြက္နည္းေနျခင္းျဖစ္သည္။

 

ယင္းကိစၥမ်ားႏွင့္ ပတ္သက္၍ ‎ ျမန္မာႏိုင္ငံ ေထာပတ္သီး စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္း၏ ဥ ကၠ႒ ေဒၚစႏၵာမ်ိဳးအား AMIA ၏ သတင္းေထာက္ မစိုးခ်စ္ခ်စ္ပိုင္မွ သြားေရာက္ေတြ႕ဆုံေမးျမန္းထားသည္မ်ား ကို ေဖာ္ျပေပးလိုက္ပါသည္။

ေမး။         ။ လက္ရွိ ေထာပတ္သီးကို ျပည္ပက ၀ယ္လိုအားရွိတာေတာင္ အထြက္ႏႈန္းနဲ႔ အရည္အေသြး ေၾကာင့္  ေရာင္းခ်ႏိုင္တဲ့ အေနအထား မရွိေသးဘူးလို႔ သိထားပါတယ္။ ဘယ္လိုအခက္အခဲေတြေၾကာင့္ ပါလဲ ရွင္ ။

 
ေျဖ။          ။ နံပါတ္ (၁) က အသီး မရွိေသးတာ။ စင္တူတဲ့ မ်ိဳးေတြ လံုလံုေလာက္ေလာက္ မထြက္ႏိုင္ ေသးဘူး။ အေရအတြက္အားျဖင့္ေပါ့၊ ၿပီးေတာ့သူတို႔က လက္ႀကီးေတြဆိုေတာ့ ျပတ္ေတာင္း၊ ျပတ္ေတာင္း ပို႔လို႔ လဲမရဘူး။ ဆက္တိုက္ပို႔ႏိုင္ဖို႔က်လဲ ကိုယ့္ဘက္က အဆင္သင့္ မျဖစ္ေသးဘူး။ အရည္အေသြးက က်ေတာ့လဲ အေျခခံအေဆာက္အဦးေတြ လိုေသးတာေပါ့၊ စနစ္တက် ထုတ္ပိုးဖို႔ေတြ၊ မႈိေရာဂါ ကင္းရွင္းဖို႔ေတြတို႔၊ ေနာက္သူ တို႔ေျပာတဲ့ စံခ်ိန္စံညႊန္းဆိုရင္ အမွည့္ညီေအာင္တို႔ ဥပမာ မ်ိဳးအလိုက္ ဒီဘက္က အမ်ားႀကီးလုပ္ရမွာေတြ ရွိ တယ္။  ေနာက္တစ္ခုက တရုတ္ကိုတရား ၀င္ပို႔လို႔မရတာ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၂၊ ၁၆ က မဂၤလာမူဆယ္မွာ က်င္းပတဲ့ တရုတ္- ျမန္မာ ခ်စ္ၾကည္ေရး ကုန္စည္ျပပြဲမွာေတာ့ တရုတ္ကုန္သည္ေတြ လာဝယ္တာ တစ္ခ်ိဳ႕ ကုန္တိုက္နဲ႔ Online လက္လီအုပ္စုက တစ္ႏွစ္လံုး တန္ ၅၀,၀၀၀ ထိယူမယ္ တစ္တန္ၾကမ္းခင္း USD 1200 FOB နဲ႔ ေစ်းဖြင့္တယ္။ Tolerance ႏႈန္းကလည္း ညွိႏိႈင္းေဆြးေႏြးလို႔ ရပါတယ္ေပါ့။ အသီး မျမင္ခင္ေတာ့ ကမ္း လွမ္းမႈေတြက ခပ္ၾကမ္းၾကမ္းပါဘဲ။ စာခ်ဳပ္က အၾကမ္းအားျဖင့္ ေဒၚလာ သန္း ၆၀ ဖိုးပါ။ အဲ့ဒီမွာ လူ႔ျပည္အပ္နဲ႔ နတ္ျပည္အပ္ ဆံုဖို႔ႀကိဳးစားသလို ခံစားခ်က္ျဖစ္ရပါတယ္။ ေရာင္းစရာအသီးေတြ မရွိဘူးလားဆိုေတာ့ ရွိပါတယ္။ ရွိတဲ့အသီးကို မဝယ္ခ်င္၊ ဝယ္ခ်င္တဲ့ အသီးက မရွိျဖစ္ေနတာပါ။

ေမး။         ။ အထြက္ႏႈန္း တိုးဖို႔၊ အရည္အေသြး ျမွင့္ဖို႔အတြက္ဆိုရင္ ဘာေတြလုပ္ေဆာင္သင့္ပါသလဲ ရွင့္။

ေျဖ။              ။    အထြက္ႏႈန္း လံုလံုေလာက္ေလာက္ မရွိပဲ ေစ်းကြက္တင္ရင္လဲ အလကားပဲေလ။ ေစ်းကြက္ က လိုက္လာရင္ ျပတ္ေတာင္းျပတ္ေတာင္းနဲ႔ ျမန္မာ့ေထာပတ္က ေရွ႕မေရာက္ဘဲနဲ႔ ျပန္ျပဳတ္က်မွာ။ အထြက္ ႏႈန္းတိုးဖို႔၊ အရည္အေသြး ျမွင့္ဖို႔အတြက္ဆိုရင္ လက္ငယ္ေတာင္သူေတြေကာ ပါ၀င္ၿပီး  GAP စိုက္ခင္းႀကီးေတြ၊ ဇုန္ႀကီးေတြ ေပၚလာရင္ ပိုေကာင္းမယ္။ အေရအတြက္၊ အရည္အေသြး၊ ရင္းႏွီးျမွပ္ႏွံမႈ႔အတြက္ေကာ ေကာင္း မယ္။ အခုသရက္ဆိုရင္  ျပန္႔က်ဲေနေတာ့ လိုက္ေကာက္ရတာ သယ္ယူပို႔ေဆာင္ေရး ကုန္က်စရိတ္ အေလအ လြင့္ျဖစ္တယ္။ ေထာပတ္က ၂၀၂၀ ေလာက္မွ ကိုင္းဆက္သီးေတြ ေစ်းကြက္တင္ႏိုင္ေလာက္ေအာင္ ထြက္ရွိ လာမယ္လို႔ ခန္႔မွန္းရပါတယ္။ ေဒသမ်ိဳးေကာင္း ၂ မ်ိဳးေရြးၿပီး မ်ိဳးထုတ္စိုက္ထားတာ စတင္သီးလာေနၿပီ၊ ၂၀၂၀ မွာ ေစ်းကြက္တင္ႏိုင္ေျခ ရွိလာပါၿပီ။ အသီး အေရအတြက္က ဒီႏွစ္ပိုမ်ားႏိုင္သလို ပါယ္သီးလည္း ပိုမ်ားပါတယ္။ အထူးတန္းဝင္ အသီး တန္ခ်ိန္ ၂,၀၀၀ မေက်ာ္ေသးပါဘူး။ အသီး အရည္အေသြးအတြက္ အေျခခံအေဆာက္ အဦး လိုအပ္ခ်က္မ်ားပါတယ္။ အေရးတႀကီး ရင္းႏွီးျမွပ္ႏွံရမွာပါ။ အထူးသျဖင့္ ျပည္ပပို႔ဖို႔ အသီးထုတ္ပိုး စက္ရုံေတြ အျမန္ထူေထာင္ဖို႔ လိုေနပါတယ္။ ဆာလာအိတ္ေစ်းကေန အျမင့္ေစ်းကြက္ကို ရုန္းကန္ရမွာပါ။ အဓိ က ေထာပတ္က မႈိေရာဂါ တစ္အားရွိေတာ့ မႈိသတ္ၿပီးေတာ့မွ စနစ္တက် အျပည္ျပည္ဆိုင္ရာ စံခ်ိန္စံညႊန္းမွီတဲ့ ျပင္ဆင္ထုတ္ပိုးမႈေတြနဲ႔၊ ေနာက္ အသီးအမွည့္ မညီတဲ့ ျပႆာနာ ရွိတယ္။ အမွည့္ညီ၊ အမွည့္ခံ သိုေလွာင္ရုံ ေတြ တည္ေဆာက္ရပါေတာ့မယ္။ ဒီဘက္ျခမ္းမွာ လုပ္မလား၊ တရုတ္ဆို တရုတ္ဘက္ျခမ္း၊ ယိုးဒယားဆိုရင္ ယိုးဒယားဘက္ျခမ္းေပါ့။ ဒါကေတာ့ ကုန္သည္အခ်င္းခ်င္း ညွိရေတာ့မွာေပါ့။

ေမး။           ။ အစိုးရပိုင္းကေကာ ဘာေတြကို ပံ့ပိုးေပးသင့္ သလဲဆိုတာ ေျပာျပေပးပါဦး။

ေျဖ။           ။ ထုတ္ပိုးစက္ရံု ရင္းႏွီးျမွပ္ႏွံမႈအတြက္ ျပည္တြင္းျဖစ္ျဖစ္၊ ျပည္ပျဖစ္ျဖစ္ နံပါတ္(၁) ကေတာ့ ေျမ ယာပါပဲ။ အေသးစားစက္ရံု တစ္ခု စလည္မယ္ဆိုရင္ေတာ့ က်ပ္သိန္း ၁၀,၀၀၀ ေလာက္စလိုၿပီ။ ေျမဖိုးခ်ည္း ကိုပဲ အရမ္းရင္းလိုက္ရင္ အျခား Working  CapitaL ေတြ မရွိေတာ့ဘူး။ အဲေတာ့ ေထာပတ္အားျဖင့္ ဖြံ႕ၿဖိဳး ေစလိုတယ္ဆိုရင္။ ျပည္တြင္း ရင္းႏွီးျမွပ္ႏွံမယ့္ သူေတြကေတာ့ ေျမေတာင္းခ်င္တာေပါ့။ ႏိုင္ငံျခားကေတာ့ အေမရိကန္၊ ထိုင္၀မ္၊ ကိုရီးယားတို႔က လာရင္းႏွီးျမွပ္ႏွံခ်င္တယ္ ေထာပတ္မွာ။ ဒါေပမယ့္ သူတို႔က ျမန္မာေစ်း ကြက္ကို မမက္ဘူး။ ျမန္မာက ေထာပတ္သီးမွ မစားတာ။ အဲေတာ့ ျဖဳန္းအား တအားတက္တဲ့ တရုတ္ေစ်း ကြက္ကို မက္တယ္။  ျမန္မာကေန တရုတ္ကို တရား၀င္ကုန္သြယ္ခြင့္ ရရင္ေတာ့ သူတို႔လာရင္းႏွီးျမွပ္ႏွံမွာေပါ့။ အခုခ်ိန္ ျမွပ္ႏွံရင္လည္း ထြက္ႏႈန္းကလဲ အဆင့္သင့္မျဖစ္၊ ျဖဳန္းအားကလည္း မရွိေသးဆိုေတာ့ သူတို႔ကေစာင့္ ၾကည့္ေနတယ္။ စိတ္၀င္စားတယ္။ ဒါေပမဲ့ တစ္ကယ္ ၀င္မလာေသးဘူးေပါ့။ တရုတ္နဲ႔ တရား၀င္ကုန္သြယ္ခြင့္ ရသြားလို႔၊ ႏိုင္ငံျခားရင္းႏွီးျမွပ္ႏွံမႈ လာမယ္ဆိုရင္ေတာ့ ျမန္သြားမွာေပါ့။ ျပည္တြင္းက လူေတြက်ေတာ့ လက္ႀကီး ခရိုနီေတြ မပါဘဲ အလယ္အလတ္စား ေတာင္သူေတြစုၿပီး လုပ္ေနၾကတယ္။ ရင္းႏွီးျမွပ္ႏွံမႈမွာလည္း သစ္သီး၀ လံဆိုေတာ့ ေခ်းေငြေတြဘာေတြက အရမ္းခက္ေနၾကတဲ့ အခါက်ေတာ့ မႏိုင္ဘူး။ ဒါေၾကာင့္ အစိုးရကေန ပူ ေပါင္းၿပီးေတာ့ ေျမေလး ခ်ေပးေစခ်င္တယ္။ ေျမကလဲ အခ်က္အခ်ာက်တဲ့ ေနရာမွာရွိမဲ့ သင့္ေတာ္မယ္။ စိုက္ ခင္းေတြ၊ စိုက္ရံုေတြနဲ႔  အေ၀းႀကီးဆိုရင္လဲ သယ္ယူပို႔ေဆာင္ေရးခေတြ ထပ္တက္မယ္ေလ။

ေမး။            ။ ေထာပတ္နဲ႔ ပက္သက္ၿပီး ျပည္တြင္းမွာ နည္းပညာ အားနည္းေနတယ္လို႔ ဆိုႏိုင္လားရွင့္။

ေျဖ။            ။ ေထာပတ္က အခုမွ စၿပီးထြန္းကားလာတာဆိုေတာ့ သရက္လိုမ်ိဳး စီးပြားျဖစ္စိုက္ပ်ိဳးတဲ့ နည္း ပညာက ျပည္တြင္းမွာ ရွိမေနေသးဘူး။ ဒါေၾကာင့္အသင္းအေနနဲ႔က အေမရိကန္က ေထာပတ္ နည္းပညာရွင္ ေတြကို  ေခၚၿပီးေတာ့ပိုး၊ မ်ိဳးနဲ႔ တန္ဖိုးျမင့္ထုတ္ကုန္ေတြအတြက္ သင္ယူရတာေပါ့။ ႏိုင္ငံျခားရင္းႏွီးျမွပ္ႏွံတိုင္း အဲပညာ ပါလာမွာေတာ့ မဟုတ္ဘူးေပါ့။ လက္ရွိ ကုန္သည္ေတြအတြက္ အရမ္းအေရးတႀကီး လိုေနတာက အ မွည့္ခံတဲ့ နည္းပညာ။ ရွာလို႔ေတာ့ ေတြ႕တယ္။ ေထာပတ္သီး အသင္းအေနနဲ႔ ေငြေၾကးမတက္ႏိုင္ေသးေတာ့ ေဆြးေႏြးပြဲ မလုပ္ႏိုင္ေသးဘူး။ အသင္းအေနနဲ႔ ဘတ္ဂ်တ္အလိုက္ စုရတယ္။ ပညာရွင္ တစ္ခါေခၚရင္ ေဒၚလာ ၆,၀၀၀ ကေန ၁၀,၀၀၀ ၾကားကုန္တယ္။ ကိုင္းကူး၊ ကိုင္းဆက္ကေတာ့ ၿပည္တြင္းမွာပဲ အရင္သင္ထားေပးတဲ့ လူေတြကေန ဆင့္ပြားျပန္ေပးႏိုင္တဲ့ အဆင့္ေရာက္ေနၿပီ။ အခုက ပိုးနဲ႔ပက္သက္တဲ့ နည္းပညာတစ္ခ်ိဳ႕ လိုမယ္။ ၿပီးေတာ့ သံေခ်းတက္၊ တက္တဲ့ေရာဂါနဲ႔ ပက္သက္ၿပီးလိုမယ္။ ျမန္မာႏိုင္ငံ သစ္သီးဝလံ ပန္းမန္ႏွင့္ ဟင္းသီး ဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္းက ပူးေပါင္းလုပ္တဲ့ အထဲကေနေတာ့ USAID  က ေနၿပီးေတာ့  Farmer to Farmer အစီအစဥ္ကေနၿပီး လိုခ်င္တဲ့ပညာရွင္ ေခၚလိုက္ရင္ သူတို႔ထဲကေန ငွား ေပးတယ္။ အဲကေန ေထာပတ္ပညာရွင္ေတြ ရတယ္။ ၂၀၁၄ ကတည္းက စရခဲ့တယ္။ ေနာက္ UKaid မွတစ္ ဆင့္ DaNa Facility ကေန ေထာပတ္၊ ၀ဥ ၊ ေကာ္ဖီ၊ ဖြံ႕ၿဖိဳးေရး ရန္ပံုေငြရထားတဲ့ အထဲကေန လိုခ်င္တဲ့ ပညာရွင္ေတြကို ရွိတဲ့ဘတ္ဂ်တ္က ေနေခၚတယ္။ ေတာင္သူေတြအတြက္ ပညာေပးေတြစုၿပီး လုပ္တယ္ဆိုရင္ ေတာ့ သင့္ေတာ္တဲ့ ဘတ္ဂ်တ္ႏိုင္တဲ့ ပညာရွင္ေတြ ေခၚတာေပါ့။ တစ္ျခားသီးႏွံေတြ အတြက္လည္း ရထားတာ မ်ိဳးေတြရွိတယ္။ မ်ိဳးေကာင္းမ်ိဳးသန္႔ ကိုင္းကူးကိုင္းဆက္ကေတာ့ ကိုယ္နည္းကိုယ္ဟန္နဲ႔ ေလ့လာတယ္။ ပိုးမႊားကိုေတာ့ တစ္ခါတစ္ေလ စိုက္ပ်ိဳးေရးက ကၽြမ္းက်င္ပညာရွင္ေတြနဲ႔ ပူးေပါင္းၿပီး ပညာေပးတာရွိတယ္။ ရိတ္ သိမ္းေျခြေလွ႕နည္းပညာကေတာ့ ထိုင္းနဲ႔ အေမရိကန္က ယူတယ္။ ကိုယ္ဘာသာ လုပ္ၾကတယ္။

ေမး။            ။ ျပည္ပေစ်းကြက္   ထိုးေဖာက္ႏိုင္မႈ အေျခအေနကေကာ တိုးတက္မႈရွိလာလား။

ေျဖ။            ။ ေစ်းကြက္ ခ်ိတ္ဆက္တာကေတာ့ စီးပြားကူးသန္းက လုပ္တယ္။ သူတို႔က ေစ်းကြက္ခ်ိတ္ ဆက္တာ တအားျမန္တယ္။ ေစ်းကြက္ျမွင့္တင္မႈ တအားလုပ္ေပးႏိုင္တယ္။ ေစ်းကြက္ခ်ိတ္ဆက္မႈ အရမ္းမ်ား ၿပီး၊ ေရာင္းစရာမရွိဘူး ျဖစ္ေနတာေပါ့။ အဲေတာ့ အရည္အေသြးမွီတဲ့ အသီး စိုက္ပ်ိဳးထုတ္လုပ္မႈကို အရမ္းအရိွန္ ျမွင့္ၿပီး၊ ေစ်းကြက္ခ်ိတ္ဆက္မႈ နည္းနည္းေလွ်ာ့ရမယ္။ ထုတ္လုပ္ေရးဘက္ လွည့္ရမယ္။ သုေတသနေတြ မ်ား မ်ားလုပ္ဖို႔လိုမယ္။ အရည္အေသြးလည္း မွီ၊ အေရအတြက္ကိုလည္း မ်ားမ်ားထုတ္ၿပီးေတာမွ ေစ်းကြက္ကို ေတာက္ေလွ်ာက္ တင္ရမွာေပါ့။

ေမး။            ။ လက္ရွိ ျမန္မာ့ေထာပတ္ကို ဘယ္ႏိုင္ငံေတြက ၀ယ္ယူေနသလဲ ေျပာျပေပးပါဦး။

ေျဖ။            ။ ထိုင္း၊ ကေမၻားဒီယား၊ ေဟာင္ေကာင္၊ တရုတ္၊ ရွရွားတို႔ကို သြားေနပါတယ္။ ထိုင္းကိုသြားတာ အရမ္းမ်ားပါတယ္။ ထိုင္းရဲ႕ အလွကုန္ေစ်းကြက္ကလည္း ဆြဲတယ္။ ေနာက္ ကုန္တိုက္ေစ်းကြက္ကည္း ဆြဲ တယ္။ လတ္တေလာ ကမ္းလွမ္းမႈ ၾကမ္းေနတာကေတာ့ တရုတ္ေပါ့။ ေဟာင္ေကာင္ကလဲ ပံုမွန္လိုခ်င္တာပဲ။ ဒါေပမယ့္ သူတို႔လိုခ်င္တာပဲ။ ဒါေပမဲ့ သူတို႔လိုခ်င္တဲ့ အသီးအရည္အေသြး တစ္မ်ိဳးထဲကို တန္ခ်ိန္ အမ်ားႀကီး မရွိလို႔ ကုန္သြယ္မႈက ျပတ္ေတာင္း၊ ျပတ္ေတာင္း ျဖစ္ေနတာ။ ေထာပတ္ကို တရားဝင္ တင္ပို႔ေရာင္းခ်ခြင့္က ေတာ့ ထိုင္းကိုပို႔ဖို႔ လြယ္ပါလိမ့္မယ္။ ထိုင္းအျပည္ျပည္ဆိုင္ရာ သစ္သီးေစ်းကြက္မွာ လာတင္ဖို႔ဖိတ္ေခၚ ခံရၿပီး သားပါ။ PRA ျမန္ႏိုင္ပါတယ္။ ေနာက္ မေလးရွား၊ စင္ကာပူနဲ႔ အင္ဒိုနီးရွားက SPS certificate ပဲ ေတာင္းပါ တယ္။ ေဟာင္ေကာင္ကိုလည္း ဆက္ပို႔လို႔ ရပါတယ္။ တရုတ္ကေတာ့ အစိုးရခ်င္း ေထာပတ္သီး ကုန္သြယ္ခြင့္ ေလ်ွာက္ထားညွိႏွိဳင္းဆဲပါ။ အရင္ကတည္းက တရုတ္ကို ေထာပတ္သီး တရား၀င္တင္ပို႔လို႔ကို မရေသးတာပါ။ အရင္က သံုးဘီးနဲ႔ကဲ့ၿပီး ဟိုဘက္ကို ေရာင္းေပးေနတာေပါ့။ အခု တရုတ္က အစားအေသာက္ ေဘးကင္းလံုၿခံဳ ေရး ပိုးမႊားကာကြယ္ ထိန္းခ်ဳပ္ေရး စည္းမ်ဥ္းေတြ အရမ္းတင္းက်ပ္လာသလို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး တင္းတင္းက်ပ္က်ပ္ လုပ္ေနလို႔ နယ္စပ္က တရုတ္အရာရွိေတြလည္း ခြင့္ျပဳစာရင္းမွာ မပါဝင္တဲ့ သစ္သီးသား ၊ ငါးမွန္သမ်ွ တစ္လံုးတစ္စမွ ျဖတ္သန္းေရာင္းဝယ္ခြင့္ မျပဳေတာ့ပါဘူး။ တရုတ္သစ္သီး ကုန္သည္ေတြကလည္း ျမန္မာဘက္က ေထာပတ္သီးနဲ႔ ငွက္ေပ်ာသီး ဝယ္ခ်င္လို႔ သူတို႔အစိုးရကို ဝယ္ယူခြင့္ ေလ်ွာက္ထားေနၾကပါ တယ္။

ေမး။          ။ ေထာပတ္သီးကို AQSIQ စာရင္းမွာပါဖို႔ ေဆာင္ရြက္ေနမႈ႕အပိုင္းကေကာ ဘယ္အေျခအေနကို ေရာက္ေနၿပီလဲရွင့္။

ေျဖ။         ။ တရုတ္က တရား၀င္သီးႏွံ ကုန္သြယ္ခြင့္ျပဳထားတဲ့ စာရင္းထဲမွာ ေထာပတ္သီးက မပါေသးဘူး။ ပါ၀င္ခြင့္ရေအာင္ အစိုးရခ်င္း ညွိႏႈိင္းေနဆဲ အဆင့္မွာပဲရွိေသးတယ္။ ဒီဘက္ကေန ေလွ်ာက္ရတယ္။ ဟိုဘက္ ကေန ပိုးမႊားနဲ႔ပတ္သက္တဲ့ ေမးခြန္းလႊာ  PRA လုပ္တယ္။ ဘယ္လိုပိုးမႊားေတြ ရွိတယ္။ ဘယ္လိုမ်ိဳး ကုသေန တယ္၊ ဘယ္လိုအေျခအေန ရွိတယ္။ ဘာမ်ိဳးေတြ စိုက္တယ္၊ မ်ိဳးနဲ႔ပတ္သက္တဲ့ ေရာဂါေတြ ဘာရွိတယ္။ အဲဒီ လိုမ်ိဳး ေမးခြန္းအခ်က္အလက္ေတြ ရွိတယ္။ ႏိုင္ငံတကာ သီးႏွံပိုးမႊား ကာကြယ္ထိန္းခ်ဳပ္ေရး အဖြဲ႕အစည္းေတြ ရဲ႕ စည္းမ်ဥ္းေတြအတိုင္း PRA F၀rm က ဘယ္ႏိုင္ငံမဆို ေလွ်ာက္ရတယ္။ ဥပမာ ျမန္မာကို ကုန္သြယ္ခ်င္ရင္ လဲ ျမန္မာကို သူတို႔ေလွ်ာက္ရတယ္။ အခုက ဒါမ်ိဳးစစ္ေဆးမႈေတြမရွိပဲ  တရားမ၀င္ သြင္းေနၾကလို႔သာပါ။ PRA အေျဖကို ဒီဘက္ကေန ဟိုဘက္ကို ျပန္ပို႔လိုက္ၿပီ၊ ပို႔လိုက္ေတာ့ တရုတ္ကေန ဒီဘက္ကို ကြင္းဆင္းစစ္ေဆး ေရးလာမယ္။ ၾကည့္ရူလို႔ အဆင္ေျပရင္၊ သူတို႔ခြင့္ျပဳမိန္႔ထဲ ထည့္လို႔ရွိရင္ တရား၀င္ေရာင္းခ်ခြင့္ရမယ္။ နယ္စပ္ ေပါက္တင္ မဟုတ္ဘူး။ တရုတ္ကုန္သြယ္ေပါက္ ၂၂ ေပါက္လံုးကေန ေရာင္း၀ယ္ခြင့္ ရလာမွာပါ။ အခု သရက္၊ ဖရဲ၊ သခြားေမႊးနဲ႔ ဆီးခ်ဥ္သီးက ေရႊလီနဲ႔ တာလံုနယ္စပ္ဂိတ္ ႏွစ္ေပါက္ကပဲ ျဖတ္ခြင့္ရွိတာ။ ဒါေပမဲ့ အဲလိုျဖစ္ စဥ္အတြက္ နယူးဇီလန္လို ႏိုင္ငံေတာင္မွ ၅ ႏွစ္ လုပ္ရတယ္။ ျမန္မာကေတာ့ အထူးအခြင့္အေရးနဲ႔ ရႏုိင္မွာပါ။ သူ႔လုပ္ငန္းစဥ္က အစိုးရအခ်င္းခ်င္း လုပ္ေနရတာဆိုေတာ့ ျမန္မာႏိုင္ငံရဲ႕ စိုက္ပ်ိဳေရး၀န္ႀကီးဌာနကေန ဟိုဘက္ စိုက္ပ်ိဳးေရး၀န္ႀကီးဌာနကို အရင္ပို႔လိုက္ၿပီ၊ ကုန္သြယ္ခြင့္က G toG အရင္ေလွ်ာက္ရတာေပါ့။ ဘယ္ခ်ိန္ ေလာက္ လာမယ္ဆိုတာေတာ့ မွန္းလို႔မရဘူး။ ပို႔လိုက္တဲ့ အေျဖနဲ႔ ဒီကေျမျပင္အေျခအေနကို သူတို႔လာၾကည့္ မယ္။ တင္ပို႔ေရာင္း၀ယ္ႏိုင္ေျခေတြလည္း ၾကည့္မယ္။

ေမး။             ။ တရုတ္ႏိုင္ငံရဲ႕ AQSIQ  စာရင္းမွာ ပါ၀င္ဖို႔ ေလွ်ာက္ထားတာက ေထာပတ္သီး အပါအ၀င္ သီးႏွံ ၈ မ်ိဳးလို႔ သိထားေတာ့ တစ္ျခားသီးႏွံေတြ စာရင္း၀င္ႏိုင္ဖို႔ အေျခအေနကေကာ ဘယ္လိုရွိပါသလဲ ရွင့္။

ေျဖ။            ။ PRA ေျဖၿပီး ျမန္မာႏိုင္ငံဘက္က တင္လိုက္တာက သီးႏွံ ၅ မ်ိဳးပါ။  ေထာပတ္သီး၊ ငွက္ေျပာ သီး၊ သံပရာ၊ ကၽြဲေကာသီး၊  နာနတ္သီးတို႔ပါ။ ဒီဇင္ဘာလကလုပ္တဲ့ နယ္စပ္ကုန္သြယ္ေရး ေဆြးေႏြးပြဲမွာေတာ့ တရုတ္ဘက္က ဦးစားေပးတစ္မ်ိဳး၊ ႏွစ္မ်ိဳးပဲ အရင္လုပ္ေစခ်င္တယ္။ ျမန္သြားေအာင္လို႔ဆိုေတာ့ ျမန္မာႏိုင္ငံ ဘက္က ေထာပတ္သီးေပါ့။ တရုတ္ကေတာ့ ငွက္ေပ်ာသီးကို လုပ္ေစခ်င္တယ္။ ျမစ္ႀကီးနားတို႔၊ ဘာတို႔မွာ တရုတ္ႏိုင္ငံသားေတြ တရားမ၀င္လာစိုက္ရင္းနဲ႔ သူတို႔ႏိုင္ငံထဲကို ယူနန္သီးဆိုၿပီး ျပန္သယ္တာ။ ျမန္မာသီးဆို ရင္ သယ္ခြင့္မရွိေတာ့။ ဒါေၾကာင့္သူတို႔က တရား၀င္ျဖစ္သြားေအာင္ ငွက္ေပ်ာကို ပါေစခ်င္တာ။ ဒါေပမယ့္ ျမန္ မာႏိုင္ငံဘက္ကေတာ့ ဦးစားေပးဆိုရင္ ေထာပတ္သီးလို႔ ေျပာထားၾကတယ္။

ဟုတ္ကဲ့ အခုလို အခ်ိန္ေပးၿပီး ျပည့္ျပည့္စံုစံု ေျဖၾကားေပးတဲ့အတြက္ AMIA က အထူးေက်းဇူးတင္ပါတယ္ ရွင့္။

 

Unicode

ရန္ကုန္၊  ဇန္န၀ါရီ    ၃

 

စျေးကွက်အတွင်း၌ ထောပတ်သီးမှာ ဝယ်လိုအား အလားအလာကောင်းများ ရှိနေသည်။ သို့သော်လည်း မြန်မာ နိုင်ငံ၏ အဓိက ထောပတ်သီး ဝယ်လက်ဖြစ်လာမည့် တရုတ်ဘက်မှ ထောပတ်သီးကို တရားဝင် တင်ပို့ခွင့် မ ပြုသေးပေ။ ထိုအတွက်လည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးကိစ္စ ဆွေးနွေးစဉ်က ထည့်သွင်းဆွေးနွေးခဲ့ပြီး ထောပတ်သီး အပါအဝင် သီးနှံ ၅ မျိုးကို တင်သွင်းခွင့်ပြုရန် တောင်းဆိုထားသည်။

ထောပတ်သီးနှင့် ပတ်သက်၍ နောက်အခက်အခဲတစ်ခုမှ ထွက်ရှိသော ထောပတ်သီးအမျိုးအစားမှာ ဝယ်လို အားနည်းပြီး ဝယ်လိုအားများသော ထောပတ်သီးမျိုးကို ပြည်တွင်းတွင် အထွက်နည်းနေခြင်းဖြစ်သည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ ‎ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ဥ က္ကဋ္ဌ ဒေါ်စန္ဒာမျိုးအား AMIA ၏ သတင်းထောက် မစိုးချစ်ချစ်ပိုင်မှ သွားရောက်တွေ့ဆုံမေးမြန်းထားသည်များ ကို ဖော်ပြပေးလိုက်ပါသည်။


မေး။ ။ လက်ရှိ ထောပတ်သီးကို ပြည်ပက ၀ယ်လိုအားရှိတာတောင် အထွက်နှုန်းနဲ့ အရည်အသွေး ကြောင့် ရောင်းချနိုင်တဲ့ အနေအထား မရှိသေးဘူးလို့ သိထားပါတယ်။ ဘယ်လိုအခက်အခဲတွေကြောင့် ပါလဲ ရှင် ။

ဖြေ။ ။ နံပါတ် (၁) က အသီး မရှိသေးတာ။ စင်တူတဲ့ မျိုးတွေ လုံလုံလောက်လောက် မထွက်နိုင် သေးဘူး။ အရေအတွက်အားဖြင့်ပေါ့၊ ပြီးတော့သူတို့က လက်ကြီးတွေဆိုတော့ ပြတ်တောင်း၊ ပြတ်တောင်း ပို့လို့ လဲမရဘူး။ ဆက်တိုက်ပို့နိုင်ဖို့ကျလဲ ကိုယ့်ဘက်က အဆင်သင့် မဖြစ်သေးဘူး။ အရည်အသွေးက ကျတော့လဲ အခြေခံအဆောက်အဦးတွေ လိုသေးတာပေါ့၊ စနစ်တကျ ထုတ်ပိုးဖို့တွေ၊ မှိုရောဂါ ကင်းရှင်းဖို့တွေတို့၊ နောက်သူ တို့ပြောတဲ့ စံချိန်စံညွှန်းဆိုရင် အမှည့်ညီအောင်တို့ ဥပမာ မျိုးအလိုက် ဒီဘက်က အများကြီးလုပ်ရမှာတွေ ရှိ တယ်။ နောက်တစ်ခုက တရုတ်ကိုတရား ၀င်ပို့လို့မရတာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂၊ ၁၆ က မင်္ဂလာမူဆယ်မှာ ကျင်းပတဲ့ တရုတ်- မြန်မာ ချစ်ကြည်ရေး ကုန်စည်ပြပွဲမှာတော့ တရုတ်ကုန်သည်တွေ လာဝယ်တာ တစ်ချို့ ကုန်တိုက်နဲ့ Online လက်လီအုပ်စုက တစ်နှစ်လုံး တန် ၅၀,၀၀၀ ထိယူမယ် တစ်တန်ကြမ်းခင်း USD 1200 FOB နဲ့ စျေးဖွင့်တယ်။ Tolerance နှုန်းကလည်း ညှိနှိုင်းဆွေးနွေးလို့ ရပါတယ်ပေါ့။ အသီး မမြင်ခင်တော့ ကမ်း လှမ်းမှုတွေက ခပ်ကြမ်းကြမ်းပါဘဲ။ စာချုပ်က အကြမ်းအားဖြင့် ဒေါ်လာ သန်း ၆၀ ဖိုးပါ။ အဲ့ဒီမှာ လူ့ပြည်အပ်နဲ့ နတ်ပြည်အပ် ဆုံဖို့ကြိုးစားသလို ခံစားချက်ဖြစ်ရပါတယ်။ ရောင်းစရာအသီးတွေ မရှိဘူးလားဆိုတော့ ရှိပါ တယ်။ ရှိတဲ့အသီးကို မဝယ်ချင်၊ ဝယ်ချင်တဲ့ အသီးက မရှိဖြစ်နေတာပါ။


မေး။ ။ အထွက်နှုန်း တိုးဖို့၊ အရည်အသွေး မြှင့်ဖို့အတွက်ဆိုရင် ဘာတွေလုပ်ဆောင်သင့်ပါသလဲ ရှင့်။


ဖြေ။ ။ အထွက်နှုန်း လုံလုံလောက်လောက် မရှိပဲ စျေးကွက်တင်ရင်လဲ အလကားပဲလေ။ စျေးကွက် က လိုက်လာရင် ပြတ်တောင်းပြတ်တောင်းနဲ့ မြန်မာ့ထောပတ်က ရှေ့မရောက်ဘဲနဲ့ ပြန်ပြုတ်ကျမှာ။ အထွက် နှုန်းတိုးဖို့၊ အရည်အသွေး မြှင့်ဖို့အတွက်ဆိုရင် လက်ငယ်တောင်သူတွေကော ပါ၀င်ပြီး GAP စိုက်ခင်းကြီးတွေ၊ ဇုန်ကြီးတွေ ပေါ်လာရင် ပိုကောင်းမယ်။ အရေအတွက်၊ အရည်အသွေး၊ ရင်းနှီးမြှပ်နှံမှု့အတွက်ကော ကောင်း မယ်။ အခုသရက်ဆိုရင် ပြန့်ကျဲနေတော့ လိုက်ကောက်ရတာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် အလေအ လွင့်ဖြစ်တယ်။ ထောပတ်က ၂၀၂၀ လောက်မှ ကိုင်းဆက်သီးတွေ စျေးကွက်တင်နိုင်လောက်အောင် ထွက်ရှိ လာမယ်လို့ ခန့်မှန်းရပါတယ်။ ဒေသမျိုးကောင်း ၂ မျိုးရွေးပြီး မျိုးထုတ်စိုက်ထားတာ စတင်သီးလာနေပြီ၊ ၂၀၂၀ မှာ စျေးကွက်တင်နိုင်ခြေ ရှိလာပါပြီ။ အသီး အရေအတွက်က ဒီနှစ်ပိုများနိုင်သလို ပါယ်သီးလည်း ပိုများပါတယ်။ အထူးတန်းဝင် အသီး တန်ချိန် ၂,၀၀၀ မကျော်သေးပါဘူး။ အသီး အရည်အသွေးအတွက် အခြေခံအဆောက် အဦး လိုအပ်ချက်များပါတယ်။ အရေးတကြီး ရင်းနှီးမြှပ်နှံရမှာပါ။ အထူးသဖြင့် ပြည်ပပို့ဖို့ အသီးထုတ်ပိုး စက်ရုံတွေ အမြန်ထူထောင်ဖို့ လိုနေပါတယ်။ ဆာလာအိတ်စျေးကနေ အမြင့်စျေးကွက်ကို ရုန်းကန်ရမှာပါ။ အဓိ က ထောပတ်က မှိုရောဂါ တစ်အားရှိတော့ မှိုသတ်ပြီးတော့မှ စနစ်တကျ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းမှီတဲ့ ပြင်ဆင်ထုတ်ပိုးမှုတွေနဲ့၊ နောက် အသီးအမှည့် မညီတဲ့ ပြဿာနာ ရှိတယ်။ အမှည့်ညီ၊ အမှည့်ခံ သိုလှောင်ရုံ တွေ တည်ဆောက်ရပါတော့မယ်။ ဒီဘက်ခြမ်းမှာ လုပ်မလား၊ တရုတ်ဆို တရုတ်ဘက်ခြမ်း၊ ယိုးဒယားဆိုရင် ယိုးဒယားဘက်ခြမ်းပေါ့။ ဒါကတော့ ကုန်သည်အချင်းချင်း ညှိရတော့မှာပေါ့။


မေး။ ။ အစိုးရပိုင်းကကော ဘာတွေကို ပံ့ပိုးပေးသင့် သလဲဆိုတာ ပြောပြပေးပါဦး။


ဖြေ။ ။ ထုတ်ပိုးစက်ရုံ ရင်းနှီးမြှပ်နှံမှုအတွက် ပြည်တွင်းဖြစ်ဖြစ်၊ ပြည်ပဖြစ်ဖြစ် နံပါတ်(၁) ကတော့ မြေ ယာပါပဲ။ အသေးစားစက်ရုံ တစ်ခု စလည်မယ်ဆိုရင်တော့ ကျပ်သိန်း ၁၀,၀၀၀ လောက်စလိုပြီ။ မြေဖိုးချည်း ကိုပဲ အရမ်းရင်းလိုက်ရင် အခြား Working CapitaL တွေ မရှိတော့ဘူး။ အဲတော့ ထောပတ်အားဖြင့် ဖွံ့ဖြိုး စေလိုတယ်ဆိုရင်။ ပြည်တွင်း ရင်းနှီးမြှပ်နှံမယ့် သူတွေကတော့ မြေတောင်းချင်တာပေါ့။ နိုင်ငံခြားကတော့ အမေရိကန်၊ ထိုင်ဝမ်၊ ကိုရီးယားတို့က လာရင်းနှီးမြှပ်နှံချင်တယ် ထောပတ်မှာ။ ဒါပေမယ့် သူတို့က မြန်မာစျေး ကွက်ကို မမက်ဘူး။ မြန်မာက ထောပတ်သီးမှ မစားတာ။ အဲတော့ ဖြုန်းအား တအားတက်တဲ့ တရုတ်စျေး ကွက်ကို မက်တယ်။ မြန်မာကနေ တရုတ်ကို တရားဝင်ကုန်သွယ်ခွင့် ရရင်တော့ သူတို့လာရင်းနှီးမြှပ်နှံမှာပေါ့။ အခုချိန် မြှပ်နှံရင်လည်း ထွက်နှုန်းကလဲ အဆင့်သင့်မဖြစ်၊ ဖြုန်းအားကလည်း မရှိသေးဆိုတော့ သူတို့ကစောင့် ကြည့်နေတယ်။ စိတ်ဝင်စားတယ်။ ဒါပေမဲ့ တစ်ကယ် ၀င်မလာသေးဘူးပေါ့။ တရုတ်နဲ့ တရားဝင်ကုန်သွယ်ခွင့် ရသွားလို့၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လာမယ်ဆိုရင်တော့ မြန်သွားမှာပေါ့။ ပြည်တွင်းက လူတွေကျတော့ လက်ကြီး ခရိုနီတွေ မပါဘဲ အလယ်အလတ်စား တောင်သူတွေစုပြီး လုပ်နေကြတယ်။ ရင်းနှီးမြှပ်နှံမှုမှာလည်း သစ်သီးဝ လံဆိုတော့ ချေးငွေတွေဘာတွေက အရမ်းခက်နေကြတဲ့ အခါကျတော့ မနိုင်ဘူး။ ဒါကြောင့် အစိုးရကနေ ပူ ပေါင်းပြီးတော့ မြေလေး ချပေးစေချင်တယ်။ မြေကလဲ အချက်အချာကျတဲ့ နေရာမှာရှိမဲ့ သင့်တော်မယ်။ စိုက် ခင်းတွေ၊ စိုက်ရုံတွေနဲ့ အဝေးကြီးဆိုရင်လဲ သယ်ယူပို့ဆောင်ရေးခတွေ ထပ်တက်မယ်လေ။


မေး။ ။ ထောပတ်နဲ့ ပက်သက်ပြီး ပြည်တွင်းမှာ နည်းပညာ အားနည်းနေတယ်လို့ ဆိုနိုင်လားရှင့်။


ဖြေ။ ။ ထောပတ်က အခုမှ စပြီးထွန်းကားလာတာဆိုတော့ သရက်လိုမျိုး စီးပွားဖြစ်စိုက်ပျိုးတဲ့ နည်း ပညာက ပြည်တွင်းမှာ ရှိမနေသေးဘူး။ ဒါကြောင့်အသင်းအနေနဲ့က အမေရိကန်က ထောပတ် နည်းပညာရှင် တွေကို ခေါ်ပြီးတော့ပိုး၊ မျိုးနဲ့ တန်ဖိုးမြင့်ထုတ်ကုန်တွေအတွက် သင်ယူရတာပေါ့။ နိုင်ငံခြားရင်းနှီးမြှပ်နှံတိုင်း အဲပညာ ပါလာမှာတော့ မဟုတ်ဘူးပေါ့။ လက်ရှိ ကုန်သည်တွေအတွက် အရမ်းအရေးတကြီး လိုနေတာက အ မှည့်ခံတဲ့ နည်းပညာ။ ရှာလို့တော့ တွေ့တယ်။ ထောပတ်သီး အသင်းအနေနဲ့ ငွေကြေးမတက်နိုင်သေးတော့ ဆွေးနွေးပွဲ မလုပ်နိုင်သေးဘူး။ အသင်းအနေနဲ့ ဘတ်ဂျတ်အလိုက် စုရတယ်။ ပညာရှင် တစ်ခါခေါ်ရင် ဒေါ်လာ ၆,၀၀၀ ကနေ ၁၀,၀၀၀ ကြားကုန်တယ်။ ကိုင်းကူး၊ ကိုင်းဆက်ကတော့ ပြည်တွင်းမှာပဲ အရင်သင်ထားပေးတဲ့ လူတွေကနေ ဆင့်ပွားပြန်ပေးနိုင်တဲ့ အဆင့်ရောက်နေပြီ။ အခုက ပိုးနဲ့ပက်သက်တဲ့ နည်းပညာတစ်ချို့ လိုမယ်။ ပြီးတော့ သံချေးတက်၊ တက်တဲ့ရောဂါနဲ့ ပက်သက်ပြီးလိုမယ်။ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက ပူးပေါင်းလုပ်တဲ့ အထဲကနေတော့ USAID က နေပြီးတော့ Farmer to Farmer အစီအစဉ်ကနေပြီး လိုချင်တဲ့ပညာရှင် ခေါ်လိုက်ရင် သူတို့ထဲကနေ ငှား ပေးတယ်။ အဲကနေ ထောပတ်ပညာရှင်တွေ ရတယ်။ ၂၀၁၄ ကတည်းက စရခဲ့တယ်။ နောက် UKaid မှတစ် ဆင့် DaNa Facility ကနေ ထောပတ်၊ ၀ဥ ၊ ကော်ဖီ၊ ဖွံ့ဖြိုးရေး ရန်ပုံငွေရထားတဲ့ အထဲကနေ လိုချင်တဲ့ ပညာရှင်တွေကို ရှိတဲ့ဘတ်ဂျတ်က နေခေါ်တယ်။ တောင်သူတွေအတွက် ပညာပေးတွေစုပြီး လုပ်တယ်ဆိုရင် တော့ သင့်တော်တဲ့ ဘတ်ဂျတ်နိုင်တဲ့ ပညာရှင်တွေ ခေါ်တာပေါ့။ တစ်ခြားသီးနှံတွေ အတွက်လည်း ရထားတာ မျိုးတွေရှိတယ်။ မျိုးကောင်းမျိုးသန့် ကိုင်းကူးကိုင်းဆက်ကတော့ ကိုယ်နည်းကိုယ်ဟန်နဲ့ လေ့လာတယ်။ ပိုးမွှားကိုတော့ တစ်ခါတစ်လေ စိုက်ပျိုးရေးက ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပညာပေးတာရှိတယ်။ ရိတ် သိမ်းခြွေလှေ့နည်းပညာကတော့ ထိုင်းနဲ့ အမေရိကန်က ယူတယ်။ ကိုယ်ဘာသာ လုပ်ကြတယ်။


မေး။ ။ ပြည်ပစျေးကွက် ထိုးဖောက်နိုင်မှု အခြေအနေကကော တိုးတက်မှုရှိလာလား။

ဖြေ။ ။ စျေးကွက် ချိတ်ဆက်တာကတော့ စီးပွားကူးသန်းက လုပ်တယ်။ သူတို့က စျေးကွက်ချိတ် ဆက်တာ တအားမြန်တယ်။ စျေးကွက်မြှင့်တင်မှု တအားလုပ်ပေးနိုင်တယ်။ စျေးကွက်ချိတ်ဆက်မှု အရမ်းများ ပြီး၊ ရောင်းစရာမရှိဘူး ဖြစ်နေတာပေါ့။ အဲတော့ အရည်အသွေးမှီတဲ့ အသီး စိုက်ပျိုးထုတ်လုပ်မှုကို အရမ်းအရှိန် မြှင့်ပြီး၊ စျေးကွက်ချိတ်ဆက်မှု နည်းနည်းလျှော့ရမယ်။ ထုတ်လုပ်ရေးဘက် လှည့်ရမယ်။ သုတေသနတွေ များ များလုပ်ဖို့လိုမယ်။ အရည်အသွေးလည်း မှီ၊ အရေအတွက်ကိုလည်း များများထုတ်ပြီးတောမှ စျေးကွက်ကို တောက်လျှောက် တင်ရမှာပေါ့။


မေး။ ။ လက်ရှိ မြန်မာ့ထောပတ်ကို ဘယ်နိုင်ငံတွေက ၀ယ်ယူနေသလဲ ပြောပြပေးပါဦး။


ဖြေ။ ။ ထိုင်း၊ ကမ္ဘေားဒီယား၊ ဟောင်ကောင်၊ တရုတ်၊ ရှရှားတို့ကို သွားနေပါတယ်။ ထိုင်းကိုသွားတာ အရမ်းများပါတယ်။ ထိုင်းရဲ့ အလှကုန်စျေးကွက်ကလည်း ဆွဲတယ်။ နောက် ကုန်တိုက်စျေးကွက်ကည်း ဆွဲ တယ်။ လတ်တလော ကမ်းလှမ်းမှု ကြမ်းနေတာကတော့ တရုတ်ပေါ့။ ဟောင်ကောင်ကလဲ ပုံမှန်လိုချင်တာပဲ။ ဒါပေမယ့် သူတို့လိုချင်တာပဲ။ ဒါပေမဲ့ သူတို့လိုချင်တဲ့ အသီးအရည်အသွေး တစ်မျိုးထဲကို တန်ချိန် အများကြီး မရှိလို့ ကုန်သွယ်မှုက ပြတ်တောင်း၊ ပြတ်တောင်း ဖြစ်နေတာ။ ထောပတ်ကို တရားဝင် တင်ပို့ရောင်းချခွင့်က တော့ ထိုင်းကိုပို့ဖို့ လွယ်ပါလိမ့်မယ်။ ထိုင်းအပြည်ပြည်ဆိုင်ရာ သစ်သီးစျေးကွက်မှာ လာတင်ဖို့ဖိတ်ခေါ် ခံရပြီး သားပါ။ PRA မြန်နိုင်ပါတယ်။ နောက် မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားက SPS certificate ပဲ တောင်းပါ တယ်။ ဟောင်ကောင်ကိုလည်း ဆက်ပို့လို့ ရပါတယ်။ တရုတ်ကတော့ အစိုးရချင်း ထောပတ်သီး ကုန်သွယ်ခွင့် လျှောက်ထားညှိနှိုင်းဆဲပါ။ အရင်ကတည်းက တရုတ်ကို ထောပတ်သီး တရားဝင်တင်ပို့လို့ကို မရသေးတာပါ။ အရင်က သုံးဘီးနဲ့ကဲ့ပြီး ဟိုဘက်ကို ရောင်းပေးနေတာပေါ့။ အခု တရုတ်က အစားအသောက် ဘေးကင်းလုံခြုံ ရေး ပိုးမွှားကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်းတွေ အရမ်းတင်းကျပ်လာသလို အဂတိလိုက်စားမှု တိုက်ဖျက်ရေး တင်းတင်းကျပ်ကျပ် လုပ်နေလို့ နယ်စပ်က တရုတ်အရာရှိတွေလည်း ခွင့်ပြုစာရင်းမှာ မပါဝင်တဲ့ သစ်သီးသား ၊ ငါးမှန်သမျှ တစ်လုံးတစ်စမှ ဖြတ်သန်းရောင်းဝယ်ခွင့် မပြုတော့ပါဘူး။ တရုတ်သစ်သီး ကုန်သည်တွေကလည်း မြန်မာဘက်က ထောပတ်သီးနဲ့ ငှက်ပျောသီး ဝယ်ချင်လို့ သူတို့အစိုးရကို ဝယ်ယူခွင့် လျှောက်ထားနေကြပါ တယ်။


မေး။ ။ ထောပတ်သီးကို AQSIQ စာရင်းမှာပါဖို့ ဆောင်ရွက်နေမှု့အပိုင်းကကော ဘယ်အခြေအနေကို ရောက်နေပြီလဲရှင့်။


ဖြေ။ ။ တရုတ်က တရားဝင်သီးနှံ ကုန်သွယ်ခွင့်ပြုထားတဲ့ စာရင်းထဲမှာ ထောပတ်သီးက မပါသေးဘူး။ ပါ၀င်ခွင့်ရအောင် အစိုးရချင်း ညှိနှိုင်းနေဆဲ အဆင့်မှာပဲရှိသေးတယ်။ ဒီဘက်ကနေ လျှောက်ရတယ်။ ဟိုဘက် ကနေ ပိုးမွှားနဲ့ပတ်သက်တဲ့ မေးခွန်းလွှာ PRA လုပ်တယ်။ ဘယ်လိုပိုးမွှားတွေ ရှိတယ်။ ဘယ်လိုမျိုး ကုသနေ တယ်၊ ဘယ်လိုအခြေအနေ ရှိတယ်။ ဘာမျိုးတွေ စိုက်တယ်၊ မျိုးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဘာရှိတယ်။ အဲဒီ လိုမျိုး မေးခွန်းအချက်အလက်တွေ ရှိတယ်။ နိုင်ငံတကာ သီးနှံပိုးမွှား ကာကွယ်ထိန်းချုပ်ရေး အဖွဲ့အစည်းတွေ ရဲ့ စည်းမျဉ်းတွေအတိုင်း PRA F၀rm က ဘယ်နိုင်ငံမဆို လျှောက်ရတယ်။ ဥပမာ မြန်မာကို ကုန်သွယ်ချင်ရင် လဲ မြန်မာကို သူတို့လျှောက်ရတယ်။ အခုက ဒါမျိုးစစ်ဆေးမှုတွေမရှိပဲ တရားမဝင် သွင်းနေကြလို့သာပါ။ PRA အဖြေကို ဒီဘက်ကနေ ဟိုဘက်ကို ပြန်ပို့လိုက်ပြီ၊ ပို့လိုက်တော့ တရုတ်ကနေ ဒီဘက်ကို ကွင်းဆင်းစစ်ဆေး ရေးလာမယ်။ ကြည့်ရူလို့ အဆင်ပြေရင်၊ သူတို့ခွင့်ပြုမိန့်ထဲ ထည့်လို့ရှိရင် တရားဝင်ရောင်းချခွင့်ရမယ်။ နယ်စပ် ပေါက်တင် မဟုတ်ဘူး။ တရုတ်ကုန်သွယ်ပေါက် ၂၂ ပေါက်လုံးကနေ ရောင်းဝယ်ခွင့် ရလာမှာပါ။ အခု သရက်၊ ဖရဲ၊ သခွားမွှေးနဲ့ ဆီးချဉ်သီးက ရွှေလီနဲ့ တာလုံနယ်စပ်ဂိတ် နှစ်ပေါက်ကပဲ ဖြတ်ခွင့်ရှိတာ။ ဒါပေမဲ့ အဲလိုဖြစ် စဉ်အတွက် နယူးဇီလန်လို နိုင်ငံတောင်မှ ၅ နှစ် လုပ်ရတယ်။ မြန်မာကတော့ အထူးအခွင့်အရေးနဲ့ ရနိုင်မှာပါ။ သူ့လုပ်ငန်းစဉ်က အစိုးရအချင်းချင်း လုပ်နေရတာဆိုတော့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုရေးဝန်ကြီးဌာနကနေ ဟိုဘက် စိုက်ပျိုးရေးဝန်ကြီးဌာနကို အရင်ပို့လိုက်ပြီ၊ ကုန်သွယ်ခွင့်က G toG အရင်လျှောက်ရတာပေါ့။ ဘယ်ချိန် လောက် လာမယ်ဆိုတာတော့ မှန်းလို့မရဘူး။ ပို့လိုက်တဲ့ အဖြေနဲ့ ဒီကမြေပြင်အခြေအနေကို သူတို့လာကြည့် မယ်။ တင်ပို့ရောင်းဝယ်နိုင်ခြေတွေလည်း ကြည့်မယ်။


မေး။ ။ တရုတ်နိုင်ငံရဲ့ AQSIQ စာရင်းမှာ ပါ၀င်ဖို့ လျှောက်ထားတာက ထောပတ်သီး အပါအဝင် သီးနှံ ၈ မျိုးလို့ သိထားတော့ တစ်ခြားသီးနှံတွေ စာရင်းဝင်နိုင်ဖို့ အခြေအနေကကော ဘယ်လိုရှိပါသလဲ ရှင့်။


ဖြေ။  ။ PRA ဖြေပြီး မြန်မာနိုင်ငံဘက်က တင်လိုက်တာက သီးနှံ ၅ မျိုးပါ။ ထောပတ်သီး၊ ငှက်ပြော သီး၊ သံပရာ၊ ကျွဲကောသီး၊ နာနတ်သီးတို့ပါ။ ဒီဇင်ဘာလကလုပ်တဲ့ နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးပွဲမှာတော့ တရုတ်ဘက်က ဦးစားပေးတစ်မျိုး၊ နှစ်မျိုးပဲ အရင်လုပ်စေချင်တယ်။ မြန်သွားအောင်လို့ဆိုတော့ မြန်မာနိုင်ငံ ဘက်က ထောပတ်သီးပေါ့။ တရုတ်ကတော့ ငှက်ပျောသီးကို လုပ်စေချင်တယ်။ မြစ်ကြီးနားတို့၊ ဘာတို့မှာ တရုတ်နိုင်ငံသားတွေ တရားမဝင်လာစိုက်ရင်းနဲ့ သူတို့နိုင်ငံထဲကို ယူနန်သီးဆိုပြီး ပြန်သယ်တာ။ မြန်မာသီးဆို ရင် သယ်ခွင့်မရှိတော့။ ဒါကြောင့်သူတို့က တရားဝင်ဖြစ်သွားအောင် ငှက်ပျောကို ပါစေချင်တာ။ ဒါပေမယ့် မြန် မာနိုင်ငံဘက်ကတော့ ဦးစားပေးဆိုရင် ထောပတ်သီးလို့ ပြောထားကြတယ်။


ဟုတ်ကဲ့ အခုလို အချိန်ပေးပြီး ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် AMIA က အထူးကျေးဇူးတင်ပါတယ် ရှင့်။

 

 

Leave a comment