Wednesday, July 17, 2019

ယခုဘ႑ာႏွစ္တြင္ ကုန္သြယ္မႈလိုေငြ က်ပ္ ၆၄၀ ဘီလီယံခန္႔ ရွိမည္ဟု ခန္႔မွန္းထားသည္။ ဓာတ္ပံု- စိုးခ်စ္ခ်စ္ပိုင္(AMIA)

ဇန္န၀ါရီ    ၁၀

         

၂ဝ၁၈-၂ဝ၁၉ ဘ႑ာေရးႏွစ္ ပထမသံုးလပတ္အတြင္း ျမန္မာႏုိင္ငံ၏ ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚ လာ ၈,၁၁၇ သန္းေက်ာ္ ရရွိထားၿပီး ယမန္ႏွစ္ ကာလတူထက္  အေမရိကန္ေဒၚလာ ၄၄၉ သန္းေက်ာ္ ပိုမိုကုန္ သြယ္မႈ ျပဳလုပ္ႏိုင္ခဲ့ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွ သိရသည္။


ပင္လယ္ေရေၾကာင္း ကုန္သြယ္မႈမွ ကုန္သြယ္မႈအမ်ားဆုံး ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး၊၂ဝ၁၈ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္မွ ဒီဇင္ဘာလ ၂၈ ရက္ အထိ ပင္လယ္ေရေၾကာင္း ကုန္သြယ္မႈမွ အေမရိကန္ေဒၚလာ ၅၉၈၂ဒသမ ၁၇၈သန္း၊ နယ္စပ္ကုန္သြယ္မႈမွ အေမရိကန္ေဒၚလာ ၂၁၃၅ဒသမ၀၈၇ သန္း၊ စုစုေပါင္းကုန္သြယ္မႈ ပမာဏ အေမရိကန္ေဒၚလာ ၈၁၁၇ဒသမ၂၆၅ သန္းခန္႔ ရရွိခဲ့ေၾကာင္း သိရသည္။

 

ယမန္ႏွစ္ ကာလတူႏွင့္ ႏႈိင္းယွဥ္ပါက ပင္လယ္ေရေၾကာင္း ကုန္သြယ္မႈတြင္ အေမရိကန္ေဒၚလာ ၄၄၃ဒသမ ၇၂၆ သန္း၊ နယ္စပ္ကုန္သြယ္ေရးမွ အေမရိကန္ေဒၚလာ ၆ သန္းေက်ာ္ ပိုမိုကုန္သြယ္မႈ ျပဳလုပ္ထားျခင္း ျဖစ္ သည္။

 

ယခုႏွစ္တြင္ ျမန္မာႏုိင္ငံ၏ အဓိကပုိ႔ကုန္မ်ားျဖစ္သည့္ လယ္ယာထြက္ကုန္၊ ေရထြက္ကုန္၊ တိရစၦာန္ထြက္ပ စၥည္း၊  စက္မႈကုန္ေခ်ာ ပစၥည္းတို႔ကို  ျပည္ပသုိ႔ ပိုမိုတင္ပုိ႔ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 

သြင္းကုန္ျပန္လည္ တင္သြင္းမႈ႕အပိုင္းတြင္ ရင္းႏွီးျမွဳပ္ႏွံမႈ ကုန္ပစၥည္း၊ လုပ္ငန္းသံုး ကုန္ၾကမ္းပစၥည္း၊ လူသံုး ကုန္ပစၥည္းမ်ား တင္သြင္းမႈမွာ ယခင္ႏွစ္ထက္ ေလွ်ာ့က်လာခဲ့ေသာ္လည္း၊  လက္ခစားစနစ္ (CMP) ပစၥသည္း တင္သြင္းမႈတန္ဖိုးမွာ ယခင္ႏွစ္ထက္ အေမရိကန္ေဒၚလာ ၁၀၆ သန္းေက်ာ္ခန္႔ ပိုမို ျမင့္တက္ခဲ့ျခင္း ျဖစ္သည္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ပထမသုံးလပတ္၏ ပို႔ကုန္တင္ပို႔ႏိုင္မႈမွာ အေမရိကန္ေဒၚလာ  ၃,၆၁၇ သန္းေက်ာ္ ရွိခဲ့ ၿပီး လယ္ယာထြက္ကုန္ပစၥည္းမွ အေမရိကန္ေဒၚလာ ၇၁၆ သန္းေက်ာ္ တိရစၦာန္ထြက္ပစၥည္းမွ အေမရိကန္ေဒၚ လာ ၁၆၆ သန္းေက်ာ္ ေရထြက္ပစၥည္းမွ အေမရိကန္ေဒၚလာ ၂၂၁ သန္းေက်ာ္၊ စက္မႈကုန္ေခ်ာပစၥည္းမွ အေမရိ ကန္ေဒၚလာ ၁,၉၇၈ သန္းေက်ာ္ သတၱဳတြင္းထြက္ပစၥည္းမွ အေမရိကန္ေဒၚလာ ၂၉၂ သန္း ေက်ာ္၊ သစ္ေတာ ထြက္ပစၥည္းမွ အေမရိကန္ေဒၚလာ ၄၆ သန္းေက်ာ္ႏွင့္ အျခားပစၥည္းအုပ္စုမ်ားတြင္ အေမရိကန္ေဒၚလာ ၁၉၄ သန္းေက်ာ္ ရရွိထားသည္။

သြင္းကုန္က႑မွ အေမရိကန္ေဒၚလာ သန္း ၄,၅၀၀ ေက်ာ္ ရရွိခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္ပစၥည္းမ်ား တင္ သြင္းမႈက႑မွ အေမရိကန္ေဒၚလာ ၁,၄၇၁ သန္းေက်ာ္၊ လုပ္ငန္းသုံးကုန္ၾကမ္းပစၥည္းမ်ား တင္သြင္းမႈမွ အေမ ရိကန္ေဒၚလာ ၁,၆၅၆ သန္းေက်ာ္ႏွင့္ လူသုံးကုန္ပစၥည္းမ်ား တင္သြင္းမႈမွ အေမရိကန္ေဒၚလာ  ၈၄၃ သန္း ေက်ာ္ ရရွိထားေၾကာင္း သိရသည္။

စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီးဌာနမွ ယခုလအတြင္းက ထုတ္ျပန္သည့္  ၂၀၁၈- ၂၀၁၉ ဘ႑ာေရးႏွစ္အတြက္ အရ၊ အသံုး ခန္႔မွန္းေျခေငြစာရင္းတြင္ ျမန္မာႏုိင္ငံ၏ ကုန္သြယ္မႈပမာဏတြင္    ျပည္ပပို႔ကုန္ တန္ဖိုး ကို က်ပ္၂၀,၈၀၈ ဘီလီယံ၊ သြင္းကုန္ တန္ဖိုးကို က်ပ္ ၂၁ဒသမ၄၈၈ ဘီလီယံႏွင့္ ကုန္သြယ္မႈလိုေငြကို က်ပ္ ၆၄၀ ဘီလီယံခန္႔ ရရွိမည္ဟု ခန္႔မွန္းထားသည္။

 

Unicode

ဇန်နဝါရီ ၁၀

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ် လာ ၈,၁၁၇ သန်းကျော် ရရှိထားပြီး ယမန်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၄၄၉ သန်းကျော် ပိုမိုကုန် သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှုအများဆုံး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၂၈ ရက် အထိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅၉၈၂ဒသမ ၁၇၈သန်း၊ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၁၃၅ဒသမဝ၈၇ သန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၈၁၁၇ဒသမ၂၆၅ သန်းခန့် ရရှိခဲ့ကြောင်း သိရသည်။

ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ ၄၄၃ဒသမ ရ၂၆ သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၆ သန်းကျော် ပိုမိုကုန်သွယ်မှု ပြုလုပ်ထားခြင်း ဖြစ် သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ တိရစ္ဆာန်ထွက်ပ စ္စည်း၊ စက်မှုကုန်ချော ပစ္စည်းတို့ကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သွင်းကုန်ပြန်လည် တင်သွင်းမှု့အပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံး ကုန်ပစ္စည်းများ တင်သွင်းမှုမှာ ယခင်နှစ်ထက် လျှော့ကျလာခဲ့သော်လည်း၊ လက်ခစားစနစ် (CMP) ပစ္စသည်း တင်သွင်းမှုတန်ဖိုးမှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၁၀၆ သန်းကျော်ခန့် ပိုမို မြင့်တက်ခဲ့ခြင်း ဖြစ်သည်။


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမသုံးလပတ်၏ ပို့ကုန်တင်ပို့နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၃,၆၁၇ သန်းကျော် ရှိခဲ့ ပြီး လယ်ယာထွက်ကုန်ပစ္စည်းမှ အမေရိကန်ဒေါ်လာ ရ၁၆ သန်းကျော် တိရစ္ဆာန်ထွက်ပစ္စည်းမှ အမေရိကန်ဒေါ် လာ ၁၆၆ သန်းကျော် ရေထွက်ပစ္စည်းမှ အမေရိကန်ဒေါ်လာ ၂၂၁ သန်းကျော်၊ စက်မှုကုန်ချောပစ္စည်းမှ အမေရိ ကန်ဒေါ်လာ ၁,၉၇၈ သန်းကျော် သတ္တုတွင်းထွက်ပစ္စည်းမှ အမေရိကန်ဒေါ်လာ ၂၉၂ သန်း ကျော်၊ သစ်တော ထွက်ပစ္စည်းမှ အမေရိကန်ဒေါ်လာ ၄၆ သန်းကျော်နှင့် အခြားပစ္စည်းအုပ်စုများတွင် အမေရိကန်ဒေါ်လာ ၁၉၄ သန်းကျော် ရရှိထားသည်။


သွင်းကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ သန်း ၄,၅၀၀ ကျော် ရရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ပစ္စည်းများ တင် သွင်းမှုကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁,၄၇၁ သန်းကျော်၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုမှ အမေ ရိကန်ဒေါ်လာ ၁,၆၅၆ သန်းကျော်နှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၈၄၃ သန်း ကျော် ရရှိထားကြောင်း သိရသည်။


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ယခုလအတွင်းက ထုတ်ပြန်သည့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အရ၊ အသုံး ခန့်မှန်းခြေငွေစာရင်းတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏတွင် ပြည်ပပို့ကုန် တန်ဖိုး ကို ကျပ်၂၀,၈၀၈ ဘီလီယံ၊ သွင်းကုန် တန်ဖိုးကို ကျပ် ၂၁ဒသမ၄၈၈ ဘီလီယံနှင့် ကုန်သွယ်မှုလိုငွေကို ကျပ် ၆၄၀ ဘီလီယံခန့် ရရှိမည်ဟု ခန့်မှန်းထားသည်။

Leave a comment