Monday, March 25, 2019

လက္ရွိ ျမန္မာတစ္ႏိုင္ငံလံုးတြင္ ပဲပုပ္စိုက္ ဧကေပါင္း ၃၆၇,၀၀၀ ခန္႔ရွိသည္။ ဓာတ္ပံု- ေကဇူး(AMIA)

ေတာင္ႀကီး၊   ဇန္န၀ါရီ   ၁၀

ပဲပုပ္ အစိုက္မ်ားသည့္ ရွမ္းျပည္နယ္အတြင္း ပဲပုပ္စိုက္ဧက မိုးႏွင့္ ေဆာင္း တိုးတက္လာ၍ အထြက္ႏႈန္း မက္ ထရစ္တန္ခ်ိန္ ၁၂၀,၀၀၀ ခန္႔အထိ ထြက္ရွိရန္  ေမ်ာ္မွန္းထားေၾကာင္း ျပည္နယ္အတြင္းရွိ ပဲပုပ္စိုက္ပ်ိဳး ထုတ္ လုပ္ေရာင္း၀ယ္သူမ်ားထံမွ သတင္းရရွိသည္။

“ ရွမ္းျပည္နယ္ရဲ႕ ပဲပုပ္ အထြက္ႏႈန္းဟာ တစ္ဧကို ၁၉ တင္းကေန တင္း ၂၀ အထိရွိတယ္။ တစ္ဧက ကုန္ က်စရိတ္ကို က်ပ္ ၂၃၀,၀၀၀ ေက်ာ္ရွိတယ္။ အခု ပဲပုပ္ေစ်းက တစ္ပိႆာကို က်ပ္ ၁၂၀၀ ကေန ၁၃၀၀ အထိ ရွိေနေတာ့ စိုက္ပ်ိဳးစရိတ္ ကာမိေစတဲ့အျပင္ ေငြပိုလွ်ံလာတယ္” ဟု ေတာင္ႀကီးရွိ ပဲပုပ္စိုက္ေတာင္သူ တစ္ဦး ျဖစ္သူ ဦးစိုင္းမ်ိဳးေအာင္က ေျပာသည္။

၂၀၁၇-၁၈ ဘ႑ာေရးႏွစ္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္းအတြင္း မိုးႏွင့္ ေဆာင္း ပဲပုက္စိုက္ဧက ၁၈၀,၀၀၀ ေက်ာ္ရွိေနၿပီး ေတာင္ႀကီး၊ တာင္ႀကီး၊ ကေလာ၊ ပင္ေလာင္း၊ ပင္းတယ၊ ရြာငံ၊ ေညာင္ေရႊ၊ ဖယ္ခုံ၊ ဆီ ဆိုင္၊ ဟိုပုံး၊ ရပ္ေစာက္ႏွင့္ ေနာင္တရားၿမိဳ႕နယ္တို႔ျဖစ္ၿပီး လြိဳင္လင္ခ႐ိုင္အတြင္းရွိ လြိဳင္လင္၊ လဲခ်ား၊ နမ့္ဆန္၊ ကြန္ဟိန္း၊ ေက်းသီး၊ မိုင္းကိုင္၊ မိုင္း႐ွဴးႏွင့္  လင္းေခးခ႐ိုင္အတြင္း မိုးနဲ၊ မိုင္းပန္ၿမိဳ႕နယ္မ်ားတြင္ စိုက္ပ်ိဳးၾက ေၾကာင္း သိရသည္။

ပဲပုတ္ကို ရွမ္းျပည္ေျမာက္ပိုင္းတြင္ လားရႈိးခရုိင္၊ ေက်ာက္မဲခရိုင္၊ အမ်ားဆံုးစိုက္ပ်ိဳးၿပီး မိုးမိတ္ခရုိင္ႏွင့္ မူဆယ္ ခရိုင္တို႔တြင္ မိုးပဲပုပ္ စိုက္ဧက ၃၃,၀၀၀ ေက်ာ္၊ ေဆာင္းစိုက္ဧက ၁၄,၅၀၀ ေက်ာ္ရွိေၾကာင္း သိရသည္။

စိုက္ပ်ိဳးေရးသုေတသန ဦးစီးဌာနမွ ပဲမ်ိဳးစံု သုေတသနဌာနစုမွ သုေတသနပညာရွင္ ေဒါက္တာျမတ္ျမတ္ ႏြယ္ က “ ေတာင္သူေတြကို ပဲအစားထိုး သီးႏွံအေနနဲ႔ ပဲပုပ္အစားထိုး စိုက္ႏုိင္ဖို႔မ်ိဳးကို ေတာင္းဆိုလာၾကတယ္။ ဒါ ကိုလည္း တက္ႏုိင္သေလာက္ ျဖန္႔ျဖဴးေပးခဲ့တယ္။  ရွမ္းျပည္မွာလည္း ဒီပဲပုပ္ စိုက္ပါတယ္။ သူတို႔က မုိးႀကိဳစိုက္ တာ သူတို႔ဘာသာ သူတို႔စိုက္ေနတာ အဆင္ေျပေနၿပီ။ သူတို႔ဆီမွာ WinRock နဲ႔ ခ်ိတ္ၿပီးေတာ့ စိုက္ေနတာ ဒီ လိုမ်ိဳးေတြ ေတာ္ေတာ္ျပန္႔ေနပါၿပီ ” ဟု ေျပာသည္။

ရွမ္းျပည္နယ္တြင္ စိုက္ပ်ိဳးသည့္မ်ိဳးမ်ားမွာ ေဒသမ်ိဳးမ်ား၊ ေရဆင္း ၆၊ ၁၁၊ ၁၄၊ ၁၅ မ်ိဳးတို႔ျဖစ္ၿပီး  မိုးပဲပုပ္ကို ဧၿပီ လႏွင့္ ေမလတြင္ စိုက္ပ်ိဳးၿပီး ဇူလိုင္လႏွင့္ ၾသဂုတ္လတို႔တြင္ ရိတ္သိမ္းေၾကာင္း၊ ေဆာင္းပဲပုပ္ကို ႏုိ၀င္ဘာလႏွင့္ ဒီဇင္ဘာလတြင္ စိုက္ပ်ိဳးကာ ေဖေဖာ္၀ါရီလမ်ားတြင္ ရိတ္သိမ္းေၾကာင္း သိရသည္။

“ ရွမ္းျပည္နယ္က တစ္ႏုိင္ငံလံုး ပဲပုတ္ စိုက္ပ်ိဳးမႈရဲ႕ ၆၀ ရာခိုင္ႏႈန္း ရွိတယ္။ ပဲပုပ္သီးႏွံဟာ ပဲအစားထိုး စိုက္ဖို႔ အဆင္ေျပႏုိင္သလို ေစ်းကြက္ အလားလာကလည္း ေကာင္းေနၿပီးသာပါ။ ပဲပုပ္ကို တရုတ္ေစ်းကြက္က ရွိၿပီး သား။ ကြ်န္ေတာ္တို႔ဘက္ကေန ၿပီးေတာ့လည္း ေတာင္သူေတြ မ်ိဳးေစ့ရရွိေအာင္ ျဖန္႔ခ်ီေပးေနတယ္။  အခု လည္း ရွမ္းေတာင္မွာ လုပ္ေပးေနတဲ့ အပိုင္းေတြရွိတယ္” ဟ ုWinRock မွ စီမံကိန္းမန္ေနဂ်ာ ကိုသက္ထြန္း ေအာင္က ေျပာသည္။

လက္ရွိ ျပည္တြင္းေစ်းကြက္တြင္ ပဲပုပ္ကို ပိႆာခ်ိန္ သိန္းေပါင္း ၁,၇၀၀ ေက်ာ္ လိုအပ္ေနေသာ္လည္း တစ္ ႏိုင္ငံလံုး၏ ပဲပုပ္စိုက္ဧရိယာမွာ ဧကေပါင္း ၃၆၇,၀၀၀ ခန္႔ရွိေၾကာင္း သိရသည္။

ျမန္မာ့ပဲပုပ္ စိုက္ပ်ိဳးထုတ္လုပ္မႈက႑ ဖြံ႕ၿဖိဳးလာေစရန္ လက္ရွိတြင္ ျမန္မာႏိုင္ငံ ပဲပုပ္ စုိက္ပ်ဴိးထုတ္လုပ္ ေရာင္း ခ်သူမ်ားအသင္းကို ဖြဲ႕စည္းထားၿပီး ေတာင္သူမ်ားကိုလည္း မ်ိဳးေစ့မ်ား ျဖန္႔ေ၀ေပးျခင္းႏွင့္ အျခားေသာ လို အပ္ခ်က္မ်ား ကူညီလ်က္ရွိေၾကာင္း သိရသည္။

 

Unicode

တောင်ကြီး၊ ဇန်နဝါရီ ၁၀


ပဲပုပ် အစိုက်များသည့် ရှမ်းပြည်နယ်အတွင်း ပဲပုပ်စိုက်ဧက မိုးနှင့် ဆောင်း တိုးတက်လာ၍ အထွက်နှုန်း မက် ထရစ်တန်ချိန် ၁၂၀,၀၀၀ ခန့်အထိ ထွက်ရှိရန် မျော်မှန်းထားကြောင်း ပြည်နယ်အတွင်းရှိ ပဲပုပ်စိုက်ပျိုး ထုတ် လုပ်ရောင်းဝယ်သူများထံမှ သတင်းရရှိသည်။


“ ရှမ်းပြည်နယ်ရဲ့ ပဲပုပ် အထွက်နှုန်းဟာ တစ်ဧကို ၁၉ တင်းကနေ တင်း ၂၀ အထိရှိတယ်။ တစ်ဧက ကုန် ကျစရိတ်ကို ကျပ် ၂၃၀,၀၀၀ ကျော်ရှိတယ်။ အခု ပဲပုပ်စျေးက တစ်ပိဿာကို ကျပ် ၁၂၀၀ ကနေ ၁၃၀၀ အထိ ရှိနေတော့ စိုက်ပျိုးစရိတ် ကာမိစေတဲ့အပြင် ငွေပိုလျှံလာတယ်” ဟု တောင်ကြီးရှိ ပဲပုပ်စိုက်တောင်သူ တစ်ဦး ဖြစ်သူ ဦးစိုင်းမျိုးအောင်က ပြောသည်။


၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းအတွင်း မိုးနှင့် ဆောင်း ပဲပုက်စိုက်ဧက ၁၈၀,၀၀၀ ကျော်ရှိနေပြီး တောင်ကြီး၊ တာင်ကြီး၊ ကလော၊ ပင်လောင်း၊ ပင်းတယ၊ ရွာငံ၊ ညောင်ရွှေ၊ ဖယ်ခုံ၊ ဆီ ဆိုင်၊ ဟိုပုံး၊ ရပ်စောက်နှင့် နောင်တရားမြို့နယ်တို့ဖြစ်ပြီး လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်၊ လဲချား၊ နမ့်ဆန်၊ ကွန်ဟိန်း၊ ကျေးသီး၊ မိုင်းကိုင်၊ မိုင်းရှူးနှင့် လင်းခေးခရိုင်အတွင်း မိုးနဲ၊ မိုင်းပန်မြို့နယ်များတွင် စိုက်ပျိုးကြ ကြောင်း သိရသည်။
ပဲပုတ်ကို ရှမ်းပြည်မြောက်ပိုင်းတွင် လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊ အများဆုံးစိုက်ပျိုးပြီး မိုးမိတ်ခရိုင်နှင့် မူဆယ် ခရိုင်တို့တွင် မိုးပဲပုပ် စိုက်ဧက ၃၃,၀၀၀ ကျော်၊ ဆောင်းစိုက်ဧက ၁၄,၅၀၀ ကျော်ရှိကြောင်း သိရသည်။


စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ပဲမျိုးစုံ သုတေသနဌာနစုမှ သုတေသနပညာရှင် ဒေါက်တာမြတ်မြတ် နွယ် က “ တောင်သူတွေကို ပဲအစားထိုး သီးနှံအနေနဲ့ ပဲပုပ်အစားထိုး စိုက်နိုင်ဖို့မျိုးကို တောင်းဆိုလာကြတယ်။ ဒါ ကိုလည်း တက်နိုင်သလောက် ဖြန့်ဖြူးပေးခဲ့တယ်။ ရှမ်းပြည်မှာလည်း ဒီပဲပုပ် စိုက်ပါတယ်။ သူတို့က မိုးကြိုစိုက် တာ သူတို့ဘာသာ သူတို့စိုက်နေတာ အဆင်ပြေနေပြီ။ သူတို့ဆီမှာ WinRock နဲ့ ချိတ်ပြီးတော့ စိုက်နေတာ ဒီ လိုမျိုးတွေ တော်တော်ပြန့်နေပါပြီ ” ဟု ပြောသည်။


ရှမ်းပြည်နယ်တွင် စိုက်ပျိုးသည့်မျိုးများမှာ ဒေသမျိုးများ၊ ရေဆင်း ၆၊ ၁၁၊ ၁၄၊ ၁၅ မျိုးတို့ဖြစ်ပြီး မိုးပဲပုပ်ကို ဧပြီ လနှင့် မေလတွင် စိုက်ပျိုးပြီး ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ရိတ်သိမ်းကြောင်း၊ ဆောင်းပဲပုပ်ကို နို၀င်ဘာလနှင့် ဒီဇင်ဘာလတွင် စိုက်ပျိုးကာ ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းကြောင်း သိရသည်။


“ ရှမ်းပြည်နယ်က တစ်နိုင်ငံလုံး ပဲပုတ် စိုက်ပျိုးမှုရဲ့ ၆၀ ရာခိုင်နှုန်း ရှိတယ်။ ပဲပုပ်သီးနှံဟာ ပဲအစားထိုး စိုက်ဖို့ အဆင်ပြေနိုင်သလို စျေးကွက် အလားလာကလည်း ကောင်းနေပြီးသာပါ။ ပဲပုပ်ကို တရုတ်စျေးကွက်က ရှိပြီး သား။ ကျွန်တော်တို့ဘက်ကနေ ပြီးတော့လည်း တောင်သူတွေ မျိုးစေ့ရရှိအောင် ဖြန့်ချီပေးနေတယ်။ အခု လည်း ရှမ်းတောင်မှာ လုပ်ပေးနေတဲ့ အပိုင်းတွေရှိတယ်” ဟ ုWinRock မှ စီမံကိန်းမန်နေဂျာ ကိုသက်ထွန်း အောင်က ပြောသည်။
လက်ရှိ ပြည်တွင်းစျေးကွက်တွင် ပဲပုပ်ကို ပိဿာချိန် သိန်းပေါင်း ၁,၇၀၀ ကျော် လိုအပ်နေသော်လည်း တစ် နိုင်ငံလုံး၏ ပဲပုပ်စိုက်ဧရိယာမှာ ဧကပေါင်း ၃၆၇,၀၀၀ ခန့်ရှိကြောင်း သိရသည်။


မြန်မာ့ပဲပုပ် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးလာစေရန် လက်ရှိတွင် မြန်မာနိုင်ငံ ပဲပုပ် စိုက်ပျိူးထုတ်လုပ် ရောင်း ချသူများအသင်းကို ဖွဲ့စည်းထားပြီး တောင်သူများကိုလည်း မျိုးစေ့များ ဖြန့်ဝေပေးခြင်းနှင့် အခြားသော လို အပ်ချက်များ ကူညီလျက်ရှိကြောင်း သိရသည်။

Leave a comment