Monday, March 25, 2019

လယ္ယာေျမေပၚတြင္ ငါးေမြးျမဴေရး လုပ္ကိုင္ေနသည္ကို ေတြ႕ရစဥ္။ ဓာတ္ပံု- ေကဇူး(AMIA)

ဇန္န၀ါရီ    ၁၀

လယ္ယာေျမကို  ခြင့္ျပဳခ်က္မရွိဘဲ အျခားနည္းက်ဴးလြန္ အသုံးျပဳေနမႈမ်ားကို ဥပေဒ ျပဌာန္းခ်က္မ်ားႏွင့္ အညီ အေရးယူ ေဆာင္ရြက္ႏုိင္ေရးအတြက္ သက္ဆိုင္ရာ လယ္ယာေၿမစီမံခန္႔ခြဲမႈ အဖြဲ႕မ်ားကို ဝန္ႀကီးဌာနမွ ခန္႔အပ္ တာဝန္ေပး ေဆာင္ရြက္လၽွက္ရွိေၾကာင္း စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက သတင္းရရွိ သည္။

လက္ရွိတြင္ ဧရာဝတီတိုင္း ေဒသႀကီး လယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕မွ တင္ျပလာသည့္ လယ္ယာေျမ ႏုိင္ငံပိုင္ျပဳ လုပ္ေရး အက္ဥပေဒ ပုဒ္မ ၃၉ အရ ခြင့္ျပဳမိန္႔အား ပယ္ဖ်က္ေပးပါရန္ ကိစၥရပ္ႏွင့္ စပ္လ်ဥ္း၍ ေဆာင္ရြက္ လ်က္ရွိေၾကာင္း ဗဟိုလယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕၊ အတြင္းေရးမွဴး၊ လယ္ယာေၿမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္း ဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသက္ႏုိင္ဦးက ဆိုသည္။

“ လယ္ယာေျမ ဥပေဒပါအတိုင္း  တိုင္းေဒသႀကီး/ ျပည္နယ္ လယ္ယာေျမစီမံခန္႔ခြဲမႈ အဖြဲ႕ေတြကေန စိစစ္ ေထာက္ခံ တင္ၿပေပးပို႔လာတဲ့ လယ္ယာေျမ တစ္ျခားနည္း အသုံးျပဳခြင့္ ေလွ်ာက္ထားခြင့္ေတြ စိစစ္ေဆာင္ရြက္ ေပးေနသလို   ဥပေဒနဲ႔အညီ တရား၀င္ျဖစ္လာေစေရးနဲ႔ ခြင့္ျပဳခ်က္မရွိပဲ ေဆာင္ရြက္ေနတာေတြကို ဥပေဒအရ ေဆာင္ရြက္သြားဖို႔ ျဖစ္တယ္” ဟု ၎ကေျပာသည္။

ထို႔ျပင္ လယ္ယာေျမမ်ားကို  အကြက္ေဖာ္ ေရာင္းစားၾကျခင္းေၾကာင့္ စိုက္ပ်ိဳးေျမမ်ား အလ်င္အျမန္ ေလ်ာ့နည္း လာျခင္း မရွိေစရန္ ဥပေဒ၏ အာဏာသက္ေရာက္မႈ ရွိေစေရးအတြက္ ဥပေဒႏွင့္အညီ ထိထိေရာက္ေရာက္ အ ေရးယူေဆာင္ရြက္ရန္ လိုအပ္လၽွက္ရွိၿပီး ခြင့္ျပဳခ်က္မရွိဘဲ အျခားနည္း က်ဴးလြန္အသုံးျပဳ ေနမႈမ်ားကို ပုဒ္မ ၁၉ ပါ ျပဌာန္းခ်က္ႏွင့္အညီ အေရးယူေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

လယ္ေျမ အျခားနည္း အသုံးျပဳျခင္းကို ခြင့္ျပဳသည့္လုပ္ငန္း ေဆာင္ရြက္သည့္ကိစၥအတြက္ ႏိုင္ငံေတာ္၏ ကုန္ထုတ္စြမ္းအား တိုးတက္ေရး အေထာက္အကူ ျဖစ္ေစေသာ အေျခခံအေဆာက္မဦမ်ား တိုးပြားလာေစ ေရးႏွင့္ နိုင္ငံ၏ စားနပ္ရိကၡာဖူလုံေရးတို႔အတြက္ အဓိကလိုအပ္ခ်က္ျဖစ္ေသာ လယ္ယာေျမမ်ား မေလ်ာ့ပါး ေရး ဟူေသာ အခ်က္ ႏွစ္ခုတို႔ႏွင့္ ညီညြတ္မၽွတေစေရး ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဦးသက္ႏုိင္ဦးက ဆိုသည္။

လက္ရွိ လယ္ယာေျမ  အျငင္းပြားမႈအေပၚ တာဝန္ယူ ေျဖရွင္းေပးလ်က္ရွိသည့္ ခရိုင္/ ၿမိဳ႕နယ္/ ရပ္-ေက်းအ ဆင့္ လယ္ယာေျမစီမံခန္႔ခြဲမႈ အဖြဲ႕မ်ားအေနျဖင့္လည္း ဥပေဒ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ ညီညြတ္စြာ သတ္မွတ္ ရက္အတြင္း အၿပီးအျပတ္ ေဆာင္ရြက္ေပးၾကရန္ ညႊန္ၾကားထားၿပီး သို႔မွသာ သက္ဆိုင္သူမ်ားအေနျဖင့္ စိုက္ ေရးပ်ိဳးေရး လုပ္ငန္းမ်ားကို အခ်ိန္မီ ဆက္လက္လုပ္ကိုင္ ေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း ၎ကဆက္လက္ ေျပာသည္။

လက္ရွိတြင္ စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန အေနျဖင့္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ား စီမံခန္႔ခြဲေရး ဥပေဒကို ျပင္ဆင္သည့္ ဥပေဒ(၂၀၁၈) ႏွင့္အညီ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ား လုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္မ်ားကို နိုင္ငံသားမ်ားအတြက္ ဥပေဒႏွင့္အညီ တရားဝင္ ေဆာင္ရြက္နိုင္ေရးကို ႀကိဳးပမ္းေဆာင္ရြက္ လ်က္ရွိသည့္နည္းတူ ယခင္ခြင့္ျပဳၿပီး ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္း မ်ားကို လယ္ေျမအျဖစ္ သတ္မွတ္ေပးရန္ တင္ျပလာျခင္းဆိုင္ရာ ကိစၥရပ္မ်ားကိုလည္း ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

 

Unicode

ဇန်နဝါရီ ၁၀


လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းကျူးလွန် အသုံးပြုနေမှုများကို ဥပဒေ ပြဌာန်းချက်များနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များကို ဝန်ကြီးဌာနမှ ခန့်အပ် တာဝန်ပေး ဆောင်ရွက်လျှက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သတင်းရရှိ သည်။


လက်ရှိတွင် ဧရာဝတီတိုင်း ဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ တင်ပြလာသည့် လယ်ယာမြေ နိုင်ငံပိုင်ပြု လုပ်ရေး အက်ဥပဒေ ပုဒ်မ ၃၉ အရ ခွင့်ပြုမိန့်အား ပယ်ဖျက်ပေးပါရန် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆောင်ရွက် လျက်ရှိကြောင်း ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ဆိုသည်။


“ လယ်ယာမြေ ဥပဒေပါအတိုင်း တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တွေကနေ စိစစ် ထောက်ခံ တင်ပြပေးပို့လာတဲ့ လယ်ယာမြေ တစ်ခြားနည်း အသုံးပြုခွင့် လျှောက်ထားခွင့်တွေ စိစစ်ဆောင်ရွက် ပေးနေသလို ဥပဒေနဲ့အညီ တရားဝင်ဖြစ်လာစေရေးနဲ့ ခွင့်ပြုချက်မရှိပဲ ဆောင်ရွက်နေတာတွေကို ဥပဒေအရ ဆောင်ရွက်သွားဖို့ ဖြစ်တယ်” ဟု ၎င်းကပြောသည်။


ထို့ပြင် လယ်ယာမြေများကို အကွက်ဖော် ရောင်းစားကြခြင်းကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်း လာခြင်း မရှိစေရန် ဥပဒေ၏ အာဏာသက်ရောက်မှု ရှိစေရေးအတွက် ဥပဒေနှင့်အညီ ထိထိရောက်ရောက် အ ရေးယူဆောင်ရွက်ရန် လိုအပ်လျှက်ရှိပြီး ခွင့်ပြုချက်မရှိဘဲ အခြားနည်း ကျူးလွန်အသုံးပြု နေမှုများကို ပုဒ်မ ၁၉ ပါ ပြဌာန်းချက်နှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


လယ်မြေ အခြားနည်း အသုံးပြုခြင်းကို ခွင့်ပြုသည့်လုပ်ငန်း ဆောင်ရွက်သည့်ကိစ္စအတွက် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးတက်ရေး အထောက်အကူ ဖြစ်စေသော အခြေခံအဆောက်မဦများ တိုးပွားလာစေ ရေးနှင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးတို့အတွက် အဓိကလိုအပ်ချက်ဖြစ်သော လယ်ယာမြေများ မလျော့ပါး ရေး ဟူသော အချက် နှစ်ခုတို့နှင့် ညီညွတ်မျှတစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးသက်နိုင်ဦးက ဆိုသည်။


လက်ရှိ လယ်ယာမြေ အငြင်းပွားမှုအပေါ် တာဝန်ယူ ဖြေရှင်းပေးလျက်ရှိသည့် ခရိုင်/ မြို့နယ်/ ရပ်-ကျေးအ ဆင့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များအနေဖြင့်လည်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စွာ သတ်မှတ် ရက်အတွင်း အပြီးအပြတ် ဆောင်ရွက်ပေးကြရန် ညွှန်ကြားထားပြီး သို့မှသာ သက်ဆိုင်သူများအနေဖြင့် စိုက် ရေးပျိုးရေး လုပ်ငန်းများကို အချိန်မီ ဆက်လက်လုပ်ကိုင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။


လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၁၈) နှင့်အညီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များကို နိုင်ငံသားများအတွက် ဥပဒေနှင့်အညီ တရားဝင် ဆောင်ရွက်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက် လျက်ရှိသည့်နည်းတူ ယခင်ခွင့်ပြုပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များကို လယ်မြေအဖြစ် သတ်မှတ်ပေးရန် တင်ပြလာခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


  • by at January 13 2019

  • by at January 11 2019
  • Survey တခုလုပ်ဘူးပါတယ် မြစ်ဝကျွန်းပေါ် ခရိုင်မြို့နယ် ၂ ခုမှာပါ တွေ့ရှိချက်တွေကရ. သစ်တောမြေမှာ ဆားကွင်း ပုဇွန်ကန် မီးသွေးဖုတ်လုပ်ငန်း လူနေအဆောက်အဦး တွေ့ရှိခဲ့ပါတယ် လယ်မြေတွေ နဲ့ တောင်ယာတွေမှာ ငါးမွေးကန် ဘဲတဲ ကြက်ခြံ မီးသွေးဖုတ်လုပ်ငန်း ရွှေတူးဖော်လုပ်ငန်း အဆောက်ဦးများ တို့တွေ့ရပါတယ်
    by မြတ်မြတ်ဝင်း at January 10 2019

Leave a comment