Thursday, January 17, 2019

ကဏန္းေမြးျမဴေရးကန္ တစ္ခုအား ေတြ႕ရစဥ္။ ဓာတ္ပံု- ေကဇူး(AMIA)

ဇန္န၀ါရီ    ၁၀

ရန္ကုန္တိုင္း ေဒသႀကီးအတြင္း ပထမဆံုး အေကာင္အထည္ေဖာ္ ေဆာင္ရြက္မည့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား Project Bank စီမံကိန္းေပါင္း ၂၀ ၌ ငါးလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရးက႑အား ပါ၀င္လာေစရန္အတြက္ အမွတ္ ေပးစနစ္မ်ားႏွင့္အညီ ျပဳျပင္လုပ္ေဆာင္ေပးရန္ လိုအပ္ေၾကာင္း ေမြးျမဴေရးလုပ္ငန္းရွင္မ်ားမွ ေတာင္းဆိုလိုက္ သည္။

အဆိုပါ Project Bank ေအာက္တြင္ ရန္ကုန္တိုင္းေဒသႀကီးအတြက္ စီမံကိန္းေပါင္း ၇၉ ခု လ်ာထားၿပီး PWC ၏ အမွတ္ေပးစည္းမ်ဥ္းႏွင့္ အညီ စီမံကိန္းေပါင္း ၅၀ အား ဆန္ကာတင္ ေရြးခ်ယ္ကာ ေနာက္ဆံုး စီမံကိန္း အခု ၂၀ ခုကို အၿပီးသတ္ေရြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ အေနျဖင့္ ညီေနာင္အသင္းအဖြဲ႕မ်ားႏွင့္ ပူးေပါင္းကာ ႏိုင္ငံတကာ ငါးေမြးျမဴေရး အဖြဲ႕အစည္းမ်ားထံမွ ေခတ္မီနည္း ပညာမ်ားရယူ၍ ေအာက္ေျခအထိ နည္းပညာ ျပန္လည္ျဖန္႔ ေဝမႈမ်ား လုပ္ေဆာင္ရန္ ျပင္ဆင္ေနေၾကာင္း ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦး ဝင္းႀကိဳင္က ေျပာသည္။

“ ရန္ကုန္တိုင္းေဒသႀကီး အစိုးရနဲ႔ ကြ်န္ေတာ္တို႔ ငါး၊ ပုစြန္ေမြးျမဴေရး စီမံကိန္းႀကီးတစ္ခု အေကာင္အထည္ ေဖာ္ဖိုု႔ ေဆာင္ရြက္ေနတယ္။ ကြ်န္ေတာ္တို႔လည္း ဒီစီမံကိန္းကို ခြင့္ျပဳခ့ဲမယ္ဆိုရင္ အေကာင္အထည္ ေပၚႏိုင္ ေအာင္လို႔ ႀကိဳးစားၿပီး ေဆာင္ရြက္ရမယ့္အပိုင္း ရွိပါတယ္" ဟု ဦးဝင္းႀကိဳင္က ေျပာသည္။

လက္ရွိ ရန္ကုန္တိုင္းေဒသႀကီး၌ အေအးခန္းစက္႐ံုေပါင္း ၁၁၅ ႐ံုရွိၿပီး ၁၈ ႐ံုအား ဥေရာပသမဂၢအဖြဲ႕(EU)မွ အသိအမွတ္ ျပဳထားေသာ္လည္း စက္ရံုတည္ရွိရာ ေဒသမ်ားမွ ေဒသခံမ်ားမွ  တိုင္ၾကားမႈမ်ား ရွိေနသည့္အ တြက္ EU Cerificiate  မ်ား မဆံုး႐ံႈးေရးအတြက္ ေဒသခံမ်ားႏွင့္ ညွိႏိႈင္းေဆြးေႏြးမႈမ်ား ျပဳလုပ္ရမည္ျဖစ္ ေၾကာင္း  ၎ကဆက္လက္ဆိုသည္။

" ဒီလ်ာထားခ်က္ထဲမွာ အမ်ားအားျဖင့္ေတာ့ ၇၉ ခုလုံးက တည္ေဆာက္ေရးလုပ္ငန္း အမ်ားအျပား ပါတယ္။ အ ျခားလုပ္ငန္းေတြလည္း တစ္ခ်ဳိ႕တစ္ေလ ပါတယ္။ ကြ်န္ေတာ္တို႔ ငါးလုပ္ငန္း ဖြံ႕ၿဖိဳးေရးအတြက္လည္း ပါတယ္။ ဒါေပမ့ဲ ငါးလုပ္ငန္း ဖြံ႕ၿဖိဳးေရးက အဆင့္သတ္မွတ္ထားတ့ဲ အထဲမွာ ပထမဦးဆုံး လုပ္ေဆာင္မယ့္ ၂၀ ထဲမွာ ပါ ဝင္ဖို႔ လက္ရွိ အေျခအေနအရ နည္းနည္းခဲရင္းလိမ့္မယ္။ ငါးလုပ္ငန္းဦးစီးဌာနကေန ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္နဲ႔ ပူး ေပါင္းၿပီးေတာ့ ဒီလုပ္ငန္း ၂၀ ထဲမွာ ပါဝင္ဖို႔ ႀကိဳးစားေပးေစခ်င္ပါတယ္။ ဒါမွလည္း ကြ်န္ေတာ္တို႔ ကနဦး ေဖာ္ ေဆာင္မယ့္ ဒီစီမံကိန္းထဲမွာ ရန္ကုန္တိုင္း ငါးလုပ္ငန္း ေဆာင္ရြက္မႈ အေျခအေန ပါဝင္လာမွာျဖစ္ပါတယ္" ဟု ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖဲြ႕မွ စိုက္ပ်ဳိးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ႀကီး ဦးဟန္ထြန္းက ေျပာသည္။

ေမြးျမဴေရး လုပ္ငန္းရွင္မ်ားအေနျဖင့္ ငါး၊ ပုစြန္ ကန္မ်ားတြင္ မေမွ်ာ္လင့္ဘဲ ေရာဂါက်ေရာက္ႏိုင္သည့္ အႏၱရာယ္ မ်ားကိုလည္း ႀကိဳတင္ကာကြယ္မႈမ်ား ျပဳလုပ္ထားရန္ လိုအပ္ၿပီး အဆင့္မမီသည့္ အစာစက္႐ံုမ်ားကို အဆင့္ျမႇင့္ တင္ျခင္းႏွင့္ ႏိုင္ငံတကာႏွင့္ ဆက္သြယ္လုပ္ကိုင္ေနေသာ ကုမၸဏီမ်ားကိုလည္း အစိုးရပိုင္းမွ ပံ့ပိုးကူညီမႈမ်ား လုပ္ေဆာင္ေပးရန္ လိုအပ္ေၾကာင္း လုပ္ငန္းရွင္မ်ားက ဆိုသည္။

ယင္းဦးစား ေပးေဆာင္ရြက္မည့္လုပ္ငန္း Project Bank အခု ၂၀ အတြင္း ပါဝင္ႏိုင္ရန္လည္း ဒီဇင္ဘာလ ပ ထမပတ္အတြင္းက Project Bank ႏွင့္ ပတ္သက္သည့္ ညွိႏႈိင္းေဆြးေႏြးပဲြတြင္ PwC ၏ အမွတ္ေပးစည္းမ်ဥ္း စံ သတ္မွတ္ခ်က္မ်ားကို ခ်မွတ္ေပးခ့ဲၿပီးျဖစ္ကာ ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖဲြ႕ခ်ဳပ္အေနျဖင့္ ႀကိဳးစား၍ အမွတ္ ရ ေအာင္ ေဆာင္ရြက္ႏိုင္ပါက လုပ္ငန္း ၂၀ ထဲ၌ ပါဝင္လာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

 

Unicode

ဇန်နဝါရီ ၁၀


ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပထမဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ Project Bank စီမံကိန်းပေါင်း ၂၀ ၌ ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအား ပါ၀င်လာစေရန်အတွက် အမှတ် ပေးစနစ်များနှင့်အညီ ပြုပြင်လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်များမှ တောင်းဆိုလိုက်သည်။


အဆိုပါ Project Bank အောက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွက် စီမံကိန်းပေါင်း ရ၉ ခု လျာထားပြီး PWC ၏ အမှတ်ပေးစည်းမျဉ်းနှင့် အညီ စီမံကိန်းပေါင်း ၅၀ အား ဆန်ကာတင် ရွေးချယ်ကာ နောက်ဆုံး စီမံကိန်း အခု ၂၀ ခုကို အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အနေဖြင့် ညီနောင်အသင်းအဖွဲ့များနှင့် ပူးပေါင်းကာ နိုင်ငံတကာ ငါးမွေးမြူရေး အဖွဲ့အစည်းများထံမှ ခေတ်မီနည်း ပညာများရယူ၍ အောက်ခြေအထိ နည်းပညာ ပြန်လည်ဖြန့် ဝေမှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦး ဝင်းကြိုင်က ပြောသည်။


“ ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ ကျွန်တော်တို့ ငါး၊ ပုစွန်မွေးမြူရေး စီမံကိန်းကြီးတစ်ခု အကောင်အထည် ဖော်ဖိုု့ ဆောင်ရွက်နေတယ်။ ကျွန်တော်တို့လည်း ဒီစီမံကိန်းကို ခွင့်ပြုခဲ့မယ်ဆိုရင် အကောင်အထည် ပေါ်နိုင် အောင်လို့ ကြိုးစားပြီး ဆောင်ရွက်ရမယ့်အပိုင်း ရှိပါတယ်" ဟု ဦးဝင်းကြိုင်က ပြောသည်။


လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၌ အအေးခန်းစက်ရုံပေါင်း ၁၁၅ ရုံရှိပြီး ၁၈ ရုံအား ဥရောပသမဂ္ဂအဖွဲ့(EU)မှ အသိအမှတ် ပြုထားသော်လည်း စက်ရုံတည်ရှိရာ ဒေသများမှ ဒေသခံများမှ တိုင်ကြားမှုများ ရှိနေသည့်အ တွက် EU Cerificiate များ မဆုံးရှုံးရေးအတွက် ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ် ကြောင်း ၎င်းကဆက်လက်ဆိုသည်။


" ဒီလျာထားချက်ထဲမှာ အများအားဖြင့်တော့ ရ၉ ခုလုံးက တည်ဆောက်ရေးလုပ်ငန်း အများအပြား ပါတယ်။ အ ခြားလုပ်ငန်းတွေလည်း တစ်ချို့တစ်လေ ပါတယ်။ ကျွန်တော်တို့ ငါးလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်လည်း ပါတယ်။ ဒါပေမဲ့ ငါးလုပ်ငန်း ဖွံ့ဖြိုးရေးက အဆင့်သတ်မှတ်ထားတဲ့ အထဲမှာ ပထမဦးဆုံး လုပ်ဆောင်မယ့် ၂၀ ထဲမှာ ပါ ဝင်ဖို့ လက်ရှိ အခြေအနေအရ နည်းနည်းခဲရင်းလိမ့်မယ်။ ငါးလုပ်ငန်းဦးစီးဌာနကနေ ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ပူး ပေါင်းပြီးတော့ ဒီလုပ်ငန်း ၂၀ ထဲမှာ ပါဝင်ဖို့ ကြိုးစားပေးစေချင်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ ကနဦး ဖော် ဆောင်မယ့် ဒီစီမံကိန်းထဲမှာ ရန်ကုန်တိုင်း ငါးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ ပါဝင်လာမှာဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက ပြောသည်။


မွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် ငါး၊ ပုစွန် ကန်များတွင် မမျှော်လင့်ဘဲ ရောဂါကျရောက်နိုင်သည့် အန္တရာယ် များကိုလည်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် လိုအပ်ပြီး အဆင့်မမီသည့် အစာစက်ရုံများကို အဆင့်မြှင့် တင်ခြင်းနှင့် နိုင်ငံတကာနှင့် ဆက်သွယ်လုပ်ကိုင်နေသော ကုမ္ပဏီများကိုလည်း အစိုးရပိုင်းမှ ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။


ယင်းဦးစား ပေးဆောင်ရွက်မည့်လုပ်ငန်း Project Bank အခု ၂၀ အတွင်း ပါဝင်နိုင်ရန်လည်း ဒီဇင်ဘာလ ပ ထမပတ်အတွင်းက Project Bank နှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် PwC ၏ အမှတ်ပေးစည်းမျဉ်း စံ သတ်မှတ်ချက်များကို ချမှတ်ပေးခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ကြိုးစား၍ အမှတ် ရ အောင် ဆောင်ရွက်နိုင်ပါက လုပ်ငန်း ၂၀ ထဲ၌ ပါဝင်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Leave a comment