သတ္မွတ္ခ်က္မ်ားအား ေဖာက္ဖ်က္ကာ ေရာင္းခ်သည့္ လုပ္ငန္းရွင္မ်ားႏွင့္ ကုမၸဏီမ်ားကုိ စားသုံးသူေရးရာ ဥပေဒျဖင့္ တရားစြဲဆိုမည္ျဖစ္သည္။ ဓာတ္ပံု- ေကဇူး(AMIA)
ဇန္န၀ါရီ ၁၁
ရွမ္းျပည္နယ္အတြင္း ျဖန္႔ျဖဴးေရာင္းခ်ေနသည့္ စိုက္ပ်ိဳးေရးသံုး ပိုးသတ္ေဆးမ်ား၊ ဓါတ္ေျမၾသဇာမ်ား၊ ေပါင္း သတ္ေဆးမ်ားတြင္ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီမႈမရွိပါက ယခုလမွစၿပီး အေရးယူသြားမည္ျဖစ္ေၾကာင္း ရွမ္း ျပည္နယ္ စားသံုးသူေရးရာ ဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။
ယင္းကဲ့သုိ႔ အေရးယူသြားမည္အေၾကာင္းကုိ ျပည္နယ္အတြင္းရွိ စိုက္ပ်ိဳးေရး လုပ္ငန္းသံုးပစၥည္းမ်ား ေရာင္းခ် သည့္ လုပ္ငန္းရွင္မ်ား၊ ကုမၸဏီမ်ားအား ရွမ္းျပည္နယ္ စားသံုးသူေရးရာဦးစီးဌာန၊ ျပည္နယ္ဦးစီးမွဴး႐ံုးတြင္ ေခၚ ယူ အသိေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။
'' အရင္က ေျဖေလွ်ာ့မႈ ရက္ေပါင္း ၆ဝ ေပးထားခဲ့ပါတယ္။ အခု စတင္အေရးယူ သြားပါေတာ့မယ္။ ေတာင္သူ ေတြလည္း သတ္မွတ္ခ်က္၊ ခြင့္ျပဳခ်က္မရွိတဲ့ ပစၥည္းေတြ အသံုးမျပဳၾကဖို႔ လိုပါတယ္ " ဟု လက္ေထာက္ၫႊန္ ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။
သတ္မွတ္ခ်က္မ်ားအား ေဖာက္ဖ်က္ကာ ေရာင္းခ်သည့္ လုပ္ငန္းရွင္မ်ားႏွင့္ ကုမၸဏီမ်ားကုိ စားသုံးသူေရးရာ ဥပေဒျဖင့္ တရားစြဲဆိုမည္ျဖစ္သည္။
စားသံုးသူေရးရာ ဥပေဒျဖင့္ တရားစြဲဆိုခံရသည့္ လုပ္ငန္းရွင္မ်ား၊ ကုမၸဏီမ်ားအေနျဖင့္ ျပစ္မႈထင္ရွားပါက ဒဏ္ ေငြ က်ပ္သိန္း ၅ဝ (သုိ႔မဟုတ္ ) ေထာင္ဒဏ္ ၃ ႏွစ္၊ (သုိ႔မဟုတ္) ျပစ္ဒဏ္ႏွစ္ရပ္စလံုးထိ က်ခံေစႏိုင္မည္ျဖစ္သည္။
ၿပီးခဲ့သည့္ ရက္ေပါင္း ၆၀ အတြင္း ရွမ္းျပည္နယ္ စုိက္ပ်ိဳးေရးေစ်းကြက္မွ သိမ္းဆည္းထားသည့္ စိုက္ပ်ိဳးေရးသံုး ပစၥည္းမ်ားမွာ သက္တမ္းလြန္ မ်ိဳးေစ့ ၃၈ ထုပ္၊ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးမ်ိဳးစံု ၇,၅ဝ၂ ဘူးႏွင့္ ဓာတ္ေျမ ၾသဇာအိတ္ စုစုေပါင္း ၄,၉ဝဝ ေက်ာ္ရွိေၾကာင္း သိရသည္။
Unicode
ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများ၊ ဓါတ်မြေသြဇာများ၊ ပေါင်း သတ်ဆေးများတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိပါက ယခုလမှစပြီး အရေးယူသွားမည်ဖြစ်ကြောင်း ရှမ်း ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။
ယင်းကဲ့သို့ အရေးယူသွားမည်အကြောင်းကို ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းချ သည့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအား ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးတွင် ခေါ် ယူ အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။
'' အရင်က ဖြေလျှော့မှု ရက်ပေါင်း ၆ဝ ပေးထားခဲ့ပါတယ်။ အခု စတင်အရေးယူ သွားပါတော့မယ်။ တောင်သူ တွေလည်း သတ်မှတ်ချက်၊ ခွင့်ပြုချက်မရှိတဲ့ ပစ္စည်းတွေ အသုံးမပြုကြဖို့ လိုပါတယ် " ဟု လက်ထောက်ညွှန် ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။
သတ်မှတ်ချက်များအား ဖောက်ဖျက်ကာ ရောင်းချသည့် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကို စားသုံးသူရေးရာ ဥပဒေဖြင့် တရားစွဲဆိုမည်ဖြစ်သည်။
စားသုံးသူရေးရာ ဥပဒေဖြင့် တရားစွဲဆိုခံရသည့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် ပြစ်မှုထင်ရှားပါက ဒဏ် ငွေ ကျပ်သိန်း ၅ဝ (သို့မဟုတ် ) ထောင်ဒဏ် ၃ နှစ်၊ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံးထိ ကျခံစေနိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပေါင်း ၆၀ အတွင်း ရှမ်းပြည်နယ် စိုက်ပျိုးရေးစျေးကွက်မှ သိမ်းဆည်းထားသည့် စိုက်ပျိုးရေးသုံး ပစ္စည်းများမှာ သက်တမ်းလွန် မျိုးစေ့ ၃၈ ထုပ်၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးမျိုးစုံ ရ,၅ဝ၂ ဘူးနှင့် ဓာတ်မြေ သြဇာအိတ် စုစုပေါင်း ၄,၉ဝဝ ကျော်ရှိကြောင်း သိရသည်။