Monday, March 25, 2019

ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ နားလည္မႈ စာခၽြန္လႊာကို ၂၀၁၈ခုႏွစ္၊ ႏို၀င္ဘာလ ၃၀ ရက္ေန႔က ေရးထိုးခဲ့ျခင္းျဖစ္သည္။ ဓာတ္ပံု- စိုးခ်စ္ခ်စ္ပိုင္(AMIA)

ရန္ကုန္၊  ဇန္န၀ါရီ   ၁၁

 

နီေပါႏိုင္ငံႏွင့္ ခ်ဳပ္ဆိုခဲ့သည့္ ကုန္သြယ္မႈ သေဘာတူစာခ်ဳပ္အရ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမွဳပ္ႏွံမႈတုိးခ်ဲ႕ ႏိုင္ေရး အတြက္ အလားအလာရွိေသာ ပို႔ကုန္၊ သြင္းကုန္ အမယ္မ်ားအား ေဖာ္ထုတ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွ သတင္းရရွိသည္။

 

 “ ႏွစ္ဘက္ ကုန္သည္အခ်င္းခ်င္း ေဆြးေႏြးဖို႔ ရွိေနပါတယ္။ ျမန္မာႏိုင္ငံက ထြက္တဲ့ တင္ပို႔ႏိုင္တဲ့ ကုန္ပစၥည္း ေတြကိုလည္း နီေပါကုန္စည္ျပပဲြမွာ ျပသထားၿပီးေတာ့ သူတို႔ဘက္က တစ္ခ်ိဳ႕ကုန္သည္ေတြကလည္း ႀကိဳက္ႏွစ္ သက္တဲ့ အေနအထားမွာ ရွိတာေပါ့။ ႏွစ္ဘက္ကုန္သည္ေတြကေတာ့ အေသးစိတ္ဆက္ၿပီး ညွိသြားမွာပါ “ ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန လက္ေထာက္အတြင္း၀န္ ဦးခင္ေမာင္လြင္က ေျပာသည္။

 

ႏွစ္ဘက္ကုန္သည္မ်ား ေဆြးေႏြး ညွိႏႈိင္းျခင္းျဖင့္ အလားအလာရွိေသာ ပို႔ကုန္၊ သြင္းကုန္အမယ္မ်ား ေဖာ္ထုတ္ ေဆာင္ရြက္ၿပီးပါက ကုန္သြယ္မႈျပဳလုပ္ေရး ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၎ကဆက္လက္ဆို သည္။

 

လက္ရွိတြင္ ႏွစ္ႏိုင္ငံအၾကား လက္မွတ္ေရးထိုးခဲ့ၿပီးျဖစ္သည့္ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမွဳပ္ႏွံမႈ ပူးေပါင္းေဆာင္ရြက္ ေရး နားလည္မႈစာခၽြန္လႊာအား ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားေရးအတြက္ ႏွစ္ႏိုင္ငံစီးပြား ေရးလုပ္ငန္းရွင္မ်ားအၾကား ေဆြးေႏြးပြဲမ်ားကို အျမန္ဆံုးျပဳလုပ္သြားႏုိင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

 

ျမန္မာႏုိင္ငံႏွင့္ နီေပါႏိုင္ငံတို႔အၾကား ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ နားလည္မႈ စာခၽြန္လႊာကို ၿပီးခဲ့သည့္ ႏို၀င္ဘာလ ၃၀ ရက္ေန႔က ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နီေပါ ဖက္ဒရယ္ဒီမိုကရက္တစ္ သမၼတႏုိင္ငံသို႔ ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ ေရာက္ရွိေနခ်ိန္တြင္ စာခ်ဳပ္ခ်ဳပ္ ဆိုခဲ့ၾကျခင္း ျဖစ္သည္။

 

“ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈ တိုးျမွင့္ဖို႔အတြက္ေတာ့ ႏွစ္ႏိုင္ငံ MOU ထိုးထားၿပီးၿပီေပါ့။ နီေပါနဲ႔ဆိုရင္ ဒါခုမွ စၿပီး ထိုးျဖစ္တဲ့ အေနအထား ရွိတာေပါ့။ ဒါေၾကာင့္မို႔ ေနာက္အေသးစိတ္ ေဆာင္ရြက္ရမယ့္ ဟာေတြကေတာ့ ႏွစ္ ႏိုင္င ံလိုအပ္ခ်က္အရ တင္ပို႔ရမွာေတြ ရွိတယ္ ” ဟု ဦးခင္ေမာင္လြင္က ဆိုသည္။

 

ၿပီးခဲ့သည့္ ႏို၀င္ဘာလအတြင္းက ျပဳလုပ္ခဲ့သည့္ “ နီေပါ ကုန္စည္ျပပြဲ- ၂ဝ၁၈ ” တြင္လည္း ျမန္မာႏိုင္ငံမွ ျမန္မာ့ ယဥ္ေက်းမႈႏွင့္ ႐ုိးရာအသုံးအေဆာင္မ်ား ျပခန္း၊ လက္ဝတ္ရတနာမ်ား ျပခန္း၊ ေဒသတြင္း ထုတ္ကုန္မ်ားျဖစ္ သည့္ စားေသာက္ကုန္ႏွင့္ လူသုံးကုန္ပစၥည္းမ်ား ျပခန္း၊ ပဲ စသည့္သီးႏွံထြက္ကုန္ ျပခန္းမ်ား အပါအဝင္ ျပ ခန္းေပါင္း ၂ဝ ခန္႔ သြားေရာက္ဖြင့္လွစ္ ျပသခဲ့သည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံမွ နီေပါႏိုင္ငံသို႔ စိုက္ပ်ိဳးေရးႏွင့္ သစ္ေတာထြက္ပစၥည္းမ်ား၊ သစ္မာႏွင့္ သစ္ပါးလႊာတို႔ ကို အဓိကတင္ပို႔ေနၿပီး နီေပါႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ စားေသာက္ကုန္ ပစၥည္းမ်ားအား အဓိကတင္ပို႔ေနျခင္း  ျဖစ္သည္။

 

Unicode

ရန်ကုန်၊ ဇန်နဝါရီ ၁၁

နီပေါနိုင်ငံနှင့် ချုပ်ဆိုခဲ့သည့် ကုန်သွယ်မှု သဘောတူစာချုပ်အရ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ နိုင်ရေး အတွက် အလားအလာရှိသော ပို့ကုန်၊ သွင်းကုန် အမယ်များအား ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

“ နှစ်ဘက် ကုန်သည်အချင်းချင်း ဆွေးနွေးဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံက ထွက်တဲ့ တင်ပို့နိုင်တဲ့ ကုန်ပစ္စည်း တွေကိုလည်း နီပေါကုန်စည်ပြပွဲမှာ ပြသထားပြီးတော့ သူတို့ဘက်က တစ်ချို့ကုန်သည်တွေကလည်း ကြိုက်နှစ် သက်တဲ့ အနေအထားမှာ ရှိတာပေါ့။ နှစ်ဘက်ကုန်သည်တွေကတော့ အသေးစိတ်ဆက်ပြီး ညှိသွားမှာပါ “ ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

နှစ်ဘက်ကုန်သည်များ ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အလားအလာရှိသော ပို့ကုန်၊ သွင်းကုန်အမယ်များ ဖော်ထုတ် ဆောင်ရွက်ပြီးပါက ကုန်သွယ်မှုပြုလုပ်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ဆိုသည်။

လက်ရှိတွင် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက် ရေး နားလည်မှုစာချွန်လွှာအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရေးအတွက် နှစ်နိုင်ငံစီးပွား ရေးလုပ်ငန်းရှင်များအကြား ဆွေးနွေးပွဲများကို အမြန်ဆုံးပြုလုပ်သွားနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေချိန်တွင် စာချုပ်ချုပ် ဆိုခဲ့ကြခြင်း ဖြစ်သည်။

“ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ဖို့အတွက်တော့ နှစ်နိုင်ငံ MOU ထိုးထားပြီးပြီပေါ့။ နီပေါနဲ့ဆိုရင် ဒါခုမှ စပြီး ထိုးဖြစ်တဲ့ အနေအထား ရှိတာပေါ့။ ဒါကြောင့်မို့ နောက်အသေးစိတ် ဆောင်ရွက်ရမယ့် ဟာတွေကတော့ နှစ် နိုင်င ံလိုအပ်ချက်အရ တင်ပို့ရမှာတွေ ရှိတယ် ” ဟု ဦးခင်မောင်လွင်က ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် “ နီပေါ ကုန်စည်ပြပွဲ- ၂ဝ၁၈ ” တွင်လည်း မြန်မာနိုင်ငံမှ မြန်မာ့ ယဉ်ကျေးမှုနှင့် ရိုးရာအသုံးအဆောင်များ ပြခန်း၊ လက်ဝတ်ရတနာများ ပြခန်း၊ ဒေသတွင်း ထုတ်ကုန်များဖြစ် သည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြခန်း၊ ပဲ စသည့်သီးနှံထွက်ကုန် ပြခန်းများ အပါအဝင် ပြ ခန်းပေါင်း ၂ဝ ခန့် သွားရောက်ဖွင့်လှစ် ပြသခဲ့သည်။

Leave a comment