Thursday, January 17, 2019
လက်ရှိတွင် မြန်မာ့ထောပတ်သီးအား တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ပြုရန် တောင်းဆိုထားသည်။ ဓာတ်ပုံ- AMIA
ဇန်န၀ါရီ    ၁၁
လက်ရှိတွင် မြန်မာ့ထောပတ်သီးများကို တရုတ်၊ ထိုင်း၊ ဟောင်ကောင်နှင့် ရုရှားနိုင်ငံများသို့ တင်ပို့နေပြီး နှစ်စဉ် တင်ပို့မှု တိုးတက်လာခြင်းကြောင့် စားသုံးမှုနှင့် တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်သော နိုင်ငံများသို့ တင်ပို့နိုင်ရန် ဈေးကွက်သစ်များ ရှာဖွေလျှက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးသန်းမင်းဒင်က ပြောသည်။
 “ အဓိက လိုအပ်နေတာက ဈေးကွက်ပေါ့။ ဈေးကွက်ရှိမှ ပြည်တွင်းက ထွက်ရှိတာတွေကို လိုအပ်သလို ပို့နိုင် မှာ ” ဟု ဦးသန်းမင်းဒင်က ဆိုသည်။
၂၀၁၅- ၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ထောပတ်သီး တန်ချိန် ၄၂၉ဒသမ ၄၉၅ ခန့် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ သုညဒသမ၂၁၃ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တန် ၇၁၅ ဒသ မ၆၁၀ ခန့် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ သုညဒသမ၃၃၁ သန်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တန် ချိန် ၆၈၄ဒသမ၇၈၆ ခန့် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ သုညဒသမ၁၈၅ သန်းခန့် ရရှိခဲ့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်း၊ ချင်း၊ စစ်ကိုင်း၊ မန္တလေးနှင့် ပြင်ဦးလွင် ဒေသများတွင် အများဆုံး စိုက်ပြီး ယင်းဒေသများထဲမှ ရှမ်းပြည်နယ် တောင်ပိုင်းတွင် တောင်ကြီး၊ ရွာငံ၊ ပင်လောင်း၊ ဟိုပုံး စသည့်မြို့နယ် များတွင် အများဆုံး စိုက်ပျိုးကာ စိုက်ဧက ၇၀၀ ခန့်ရှိကြောင်း သိရသည်။
Unicode
ဇန်နဝါရီ ၁၁
မြန်မာ့ ထောပတ်သီးကို နိုင်ငံပေါင်း ၄ နိုင်ငံသို့ နှစ်စဉ် တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ် ရေး ၀န်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် မြန်မာ့ထောပတ်သီးများကို တရုတ်၊ ထိုင်း၊ ဟောင်ကောင်နှင့် ရုရှားနိုင်ငံများသို့ တင်ပို့နေပြီး နှစ်စဉ် တင်ပို့မှု တိုးတက်လာခြင်းကြောင့် စားသုံးမှုနှင့် တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်သော နိုင်ငံများသို့ တင်ပို့နိုင်ရန် စျေးကွက်သစ်များ ရှာဖွေလျှက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးသန်းမင်းဒင်က ပြောသည်။
“ အဓိက လိုအပ်နေတာက စျေးကွက်ပေါ့။ စျေးကွက်ရှိမှ ပြည်တွင်းက ထွက်ရှိတာတွေကို လိုအပ်သလို ပို့နိုင် မှာ ” ဟု ဦးသန်းမင်းဒင်က ဆိုသည်။
ယင်းအပြင် ထောပတ်သီးကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ကာ အစားအသောက်များ၊ လူသုံးကုန်ပ စ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ရေချိုးဆိပ်ပြာဆီ ထုတ်လုပ်မှုများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြု လာခြင်း ကြောင့် အဆိုပါကဏ္ဍ တိုးတက်လာစေရန် ထောပတ်ပွဲတော်များ ကျင်းပခြင်း၊ ငွေကြေးအရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ ထောပတ်ဇုန်များ တည်ထောင်ခြင်း စသည်တို့ကို နိုင်ငံတော်မှ ဆောင်ရွက်ပေးရန် လိုအပ် နေကြောင်း ၎င်းကဆက်လက်ပြောသည်။
“ ထောပတ်ဟာ အလားလာရှိတဲ့ စျေးကွက်ဝင် သစ်သီးဝလံ ဖြစ်တယ်။ ပို့ကုန်တိုးမြှင့်ရေးကို ဦးတည်ထား စိုက် ပျိုးဖို့ လိုအပ်တယ်။ နိုင်ငံတကာ စျေးကွက်ကို ထိုးဖောက်နိုင်ဖို့ဆိုရင် အရည်အသွေးမြင့် အလုံးညီတဲ့ အသီးမျိုး တွေ ရွေးချယ်စိုက်ပျိုးဖို့ လိုအပ်တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ညွန်ကြားရေး မှူး ဦးမျိုးသူက ပြောသည်။
၁၇ ကြိမ်ခြောက် တရုတ်-မြန်မာ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာကုန်သည်များမှ ထောပတ်သီး အား တရားဝင်တင်ပို့ခွင့်ပြုရန် တောင်းဆိုထားကြောင်း သိရသည်။
၂၀၁၅- ၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ထောပတ်သီး တန်ချိန် ၄၂၉ဒသမ ၄၉၅ ခန့် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ သုညဒသမ၂၁၃ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တန် ရ၁၅ ဒသ မ၆၁၀ ခန့် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ သုညဒသမ၃၃၁ သန်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တန် ချိန် ၆၈၄ဒသမရ၈၆ ခန့် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ သုညဒသမ၁၈၅ သန်းခန့် ရရှိခဲ့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်း၊ ချင်း၊ စစ်ကိုင်း၊ မန္တလေးနှင့် ပြင်ဦးလွင် ဒေသများတွင် အများဆုံး စိုက်ပြီး ယင်းဒေသများထဲမှ ရှမ်းပြည်နယ် တောင်ပိုင်းတွင် တောင်ကြီး၊ ရွာငံ၊ ပင်လောင်း၊ ဟိုပုံး စသည့်မြို့နယ် များတွင် အများဆုံး စိုက်ပျိုးကာ စိုက်ဧက ရ၀၀ ခန့်ရှိကြောင်း သိရသည်။
Leave a comment